Skip to main content
သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့် YBS ယာဉ်လိုင်းများကို ထိရောက်စွာအရေးယူမယူ အစည်းအဝေးထိုင်နေဟုဆို
Ads Block
သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့် YBS ယာဉ်လိုင်းများကို ထိရောက်စွာအရေးယူမယူ အစည်းအဝေးထိုင်နေဟုဆို
သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့် YBS ယာဉ်လိုင်းများကို ထိရောက်စွာအရေးယူမယူ စိစစ်နေပြီး အစည်း အဝေးပြုလုပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးသယ် ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲ မှုအာဏာပိုင်အဖွဲ့မှ သိရသည်။
သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့် YBS ယာဉ်လိုင်းများကို ထိရောက်စွာအရေးယူမယူ အစည်းအဝေးထိုင်နေဟုဆို
၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ရက်မှ ၁၆ရက်အထိ ယာဉ်စီးခပိုမိုတောင်းခံသည့် အမှုပေါင်း (၃၄)မှုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့သို့ တိုင်ကြားထားပြီး အများဆုံး တိုင် ကြားခံရသည့်အမှုများမှာ ယာဉ်စီးခပိုတောင်းသည့်အမှုဖြစ်ကြောင်း သိရသည်။
၂၀၁၈ မဟာသင်္ကြန်ပွဲတော်ကာလတွင် ယာဉ်စီးခပိုတောင်းသည့် ယာဉ်လိုင်းများကို ခရီးသည်များမှ တိုင်ကြား ခဲ့သော် လည်း အရေးယူမှုမရှိသည့်အပြင် ကြားကားများဖြစ်နေ၍ ၄င်းတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း  ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က တုံပြန်ပြောကြားထားသည်။
Unicode Version
သြင်္ကန်ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့် YBS ယာဉ်လိုင်းများကို ထိရောက်စွာအရေးယူမယူ အစည်းအဝေးထိုင်နေဟုဆို
သြင်္ကန်ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့် YBS ယာဉ်လိုင်းများကို ထိရောက်စွာအရေးယူမယူ စိစစ်နေပြီး အစည်း အဝေးပြုလုပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးသယ် ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲ မှုအာဏာပိုင်အဖွဲ့မှ သိရသည်။
၂၀၁၉ ခုနှစ် မဟာသြင်္ကန်ကာလဖြစ်သည့် ဧပြီ ၁၃ရက်မှ ၁၆ရက်အထိ ယာဉ်စီးခပိုမိုတောင်းခံသည့် အမှုပေါင်း (၃၄)မှုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့သို့ တိုင်ကြားထားပြီး အများဆုံး တိုင် ကြားခံရသည့်အမှုများမှာ ယာဉ်စီးခပိုတောင်းသည့်အမှုဖြစ်ကြောင်း သိရသည်။
“တစ်ခုချင်းစီကို ပြန်ပြီးစီစစ်နေတုန်းပဲ။ ထိရောက်စွာအရေးယူမလား ဘယ်လိုဆောင်ရွက်မလဲဆိုတာကို မပြောနိုင် သေးဘူး။ အခုမှအစည်းအဝေးထိုင်နေတုန်းပဲရှိသေးတယ်။ အဖွဲ့နဲ့ ဆုံးဖြတ်သွားမှာပါ”ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူးဒေါက်တာမောင်အောင် ကပြောသည်။
အဆိုပါ ယာဉ်စီးခပိုတောင်းသည့် ပြဿနာသည် နှစ်တိုင်းကြုံတွေ့နေရပြီး ယခင်မထသလက်ထက်မှ လက်ရှိ အာဏာပိုင်အဖွဲ့အထိ ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိသေးကြောင်း ခရီးသွားပြည်သူများက ဆိုသည်။
“ သြင်္ကန်တုန်းက မနက်ပိုင်းက ဘယ်စီးစီး ၅၀၀ပဲ။ ညဘက်ကျရင် ၁၀၀၀တောင်းတယ်။ နှစ်တိုင်းကြုံတွေ့နေရတဲ့ ပြဿနတာပါပဲ။ ဘယ်သူပဲတက်တက်အဲဒါကို မဖြေရှင်းပေးနိုင်ဘူး။ ခု YBSခေတ်လည်းဖြေရှင်းမပေးနိုင်ဘူး။” ဟု သန်လျင်မြို့နေ ဒေါ်အေးအေးသန်း ကပြောသည်။
၂၀၁၈ မဟာသြင်္ကန်ပွဲတော်ကာလတွင် ယာဉ်စီးခပိုတောင်းသည့် ယာဉ်လိုင်းများကို ခရီးသည်များမှ တိုင်ကြား ခဲ့သော် လည်း အရေးယူမှုမရှိသည့်အပြင် ကြားကားများဖြစ်နေ၍ ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း  ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က တုံပြန်ပြောကြားထားသည်။
YRTA လက်အောက်တွင် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအားလုံး သတ်မှတ်နှုန်းထားထက် ယာဉ်စိးပိုကောက်ခံပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
.စုသက်နှင်း(အကုန်သိ သတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။