Skip to main content
ငယ္ငယ္ရြယ္ရြယ္ျဖင့္ ရည္းစားထားပါက ကိုယ္၀န္ရရွိေစသည္အထိျဖစ္ႏုိင္ဟု ခြန္းဆင့္ေနျခည္ ဆို 
Ads Block

ငယ္ငယ္ရြယ္ရြယ္ျဖင့္ ရည္းစားထားပါက ကိုယ္၀န္ရရွိေစသည္အထိျဖစ္ႏုိင္ဟု ခြန္းဆင့္ေနျခည္ ဆို 

အသက္ငယ္ငယ္ရြယ္ရြယ္ျဖင့္ ရည္းစားထားပါက မျဖစ္သင့္သည္မ်ားျဖစ္ၿပီး ကိုယ္၀န္ရရွိသည္အထိ ျဖစ္ႏုိင္ေၾကာင္း ခြန္းဆင့္ေနျခည္က ေျပာလိုက္သည္။ 
အဓမၼျပဳက်င့္ခံခဲ့ရေသာကေလးငယ္မ်ားအား ျပဳစုေစာင့္ေရွာက္ထားေသာ ခိုင္ႏွင္းေ၀၏ ေဂဟာသို႔ႏွစ္သစ္ အလွဴအတြက္လာေရာက္ခ်ိန္၌ အသက္ငယ္ရြယ္သူမ်ား ခ်စ္သူ၊ ရည္းစားထားျခင္းႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။ 
“အခုေခတ္က ငယ္ငယ္ရြယ္ရြယ္နဲ႔ ရည္းစားထားၾကတယ္။ မျဖစ္သင့္တာေတြ၊ မမွားသင့္တာေတြ မွားတယ္။ ကိုယ္၀န္ေဆာင္ရတာအထိျဖစ္ႏိုင္တယ္။ အဲဒီလိုက်ေတာ့ သူတို႔ကိုယ္တိုင္က ကေလးဆိုေတာ့ နားမလည္၊ မရင့္က်က္ေသးဘူး။ ကေလးမထိန္းႏိုင္ၾကဘူးျဖစ္ေနတာ။ အသက္ငယ္ငယ္ယူမယ္ဆိုရင္ နံပါတ္- ၁ က တရား၀င္ယူႏိုင္လား၊ မယူႏိုင္ဘူးလားေပါ့။ မယူႏိုင္ဘူးဆိုရင္လည္း ဒါကေတာ့ပညာေရးဘက္ အားနည္းေနေသးတာေပါ့။ တခ်ိဳ႕က ေနာက္ဆက္တြဲျပႆနာမသိဘူး။ တဒဂၤစိတ္ခံစားခ်က္ ဦးစားေပးလိုက္တာေပါ့။ မျဖစ္ေစခ်င္ဘူး” ဟု ခြန္းဆင့္ေနျခည္က ေျပာသည္။ 

ငယ္ငယ္ရြယ္ရြယ္ျဖင့္ ရည္းစားထားပါက ကိုယ္၀န္ရရွိေစသည္အထိျဖစ္ႏုိင္ဟု ခြန္းဆင့္ေနျခည္ ဆို 

ထို႔အျပင္ အဓမၼျပဳက်င့္ခံရသူအခ်ိဳ႕မွာ မသိနားမလည္သျဖင့္ က်ဴးလြန္ခံရျခင္းျဖစ္ၿပီး အခ်ိဳ႕မွာ အႏိုင္က်င့္ခံရျခင္း ျဖစ္ေၾကာင္းလည္း ၄င္းကဆက္ေျပာသည္။ 
ခြန္းဆင့္ေနျခည္သည္ ျမန္မာႏွစ္သစ္ကူးအစမွစတင္ကာ အလွဴအတန္းမ်ားေဆာင္ရြက္ေနသူျဖစ္ၿပီး အႏုပညာႏွင့္ ပတ္သက္၍ ပရိသတ္မ်ားအတြက္ ထူးျခားမႈမ်ားစီစဥ္ေနေၾကာင္းလည္း သိရသည္။ 

 - ခင္အိျႏၵာ(အကုန္သိသတင္းဌာန)

Unicode version

ငယ်ငယ်ရွယ်ရွယ်ဖြင့် ရည်းစားထားပါက ကိုယ်ဝန်ရရှိစေသည်အထိဖြစ်နိုင်ဟု ခွန်းဆင့်နေခြည် ဆို 

အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ရည်းစားထားပါက မဖြစ်သင့်သည်များဖြစ်ပြီး ကိုယ်ဝန်ရရှိသည်အထိ ဖြစ်နိုင်ကြောင်း ခွန်းဆင့်နေခြည်က ပြောလိုက်သည်။ 
အဓမ္မပြုကျင့်ခံခဲ့ရသောကလေးငယ်များအား ပြုစုစောင့်ရှောက်ထားသော ခိုင်နှင်းဝေ၏ ဂေဟာသို့နှစ်သစ် အလှူအတွက်လာရောက်ချိန်၌ အသက်ငယ်ရွယ်သူများ ချစ်သူ၊ ရည်းစားထားခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 
“အခုခေတ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားကြတယ်။ မဖြစ်သင့်တာတွေ၊ မမှားသင့်တာတွေ မှားတယ်။ ကိုယ်ဝန်ဆောင်ရတာအထိဖြစ်နိုင်တယ်။ အဲဒီလိုကျတော့ သူတို့ကိုယ်တိုင်က ကလေးဆိုတော့ နားမလည်၊ မရင့်ကျက်သေးဘူး။ ကလေးမထိန်းနိုင်ကြဘူးဖြစ်နေတာ။ အသက်ငယ်ငယ်ယူမယ်ဆိုရင် နံပါတ်- ၁ က တရားဝင်ယူနိုင်လား၊ မယူနိုင်ဘူးလားပေါ့။ မယူနိုင်ဘူးဆိုရင်လည်း ဒါကတော့ပညာရေးဘက် အားနည်းနေသေးတာပေါ့။ တချို့က နောက်ဆက်တွဲပြဿနာမသိဘူး။ တဒင်္ဂစိတ်ခံစားချက် ဦးစားပေးလိုက်တာပေါ့။ မဖြစ်စေချင်ဘူး” ဟု ခွန်းဆင့်နေခြည်က ပြောသည်။ 
ထို့အပြင် အဓမ္မပြုကျင့်ခံရသူအချို့မှာ မသိနားမလည်သဖြင့် ကျူးလွန်ခံရခြင်းဖြစ်ပြီး အချို့မှာ အနိုင်ကျင့်ခံရခြင်း ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။ 
ခွန်းဆင့်နေခြည်သည် မြန်မာနှစ်သစ်ကူးအစမှစတင်ကာ အလှူအတန်းများဆောင်ရွက်နေသူဖြစ်ပြီး အနုပညာနှင့် ပတ်သက်၍ ပရိသတ်များအတွက် ထူးခြားမှုများစီစဉ်နေကြောင်းလည်း သိရသည်။ 

 - ခင်အိန္ဒြာ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။