Skip to main content
Ads Block










Unicode Version

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သုတေသနဆန်းစစ်လေ့လာခြင်းလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၃၀၀၀ အထိ တိုးမြှင့်ပေးသွားနိုင်ရန်ဆောင်ရွက်မည်ဟု ဆို 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သုတေသနဆန်းစစ်လေ့လာခြင်းလုပ်ငန်းများအတွက် ကျပ် သန်းပေါင်း ၃၀၀၀ အထိ တိုးမြှင့်ပေးသွားနိုင်ရန် ဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောသည်။
ဧပြီလအတွင်း ဆေးသုတေသနဦးစီးဌာန(ရန်ကုန်)တွင်ကျင်းပခဲ့သည့် အစည်အဝေးတွင် ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။ 
“ သုတေသနပြုဆန်းစစ်သုံးသပ်တွေ့ရှိချက်များအပေါ်မူတည်၍ ပြောင်းလဲလာသောအခြေအနေများနှင့်အညီ လုပ်ငန်းစဉ်များကိုမွမ်းမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ သုတေသန ဆန်းစစ်လေ့လာခြင်းအပါအဝင် သုတေသနလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်အတွက် ကျပ်သန်း (၁၅၀၀) ခွင့်ပြုချထားပေးခဲ့ပြီးလာမည့် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင်လည်း ကျပ်သန်း (၃၀၀၀) အထိတိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောသည်။
ဆေးသုတေသနလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်သက်ဆိုင်သောကဏ္ဍရပ်များကို ဦးစာပေးဆောင်ရွက်စေကြောင်း သိရသည်။
လက်ရှိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုကို အကောင်အထည်ဖော်ဆောင်နေသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။