Skip to main content
ဖ်က္ဆီးပစ္ျခင္းခံရသည့္ ဆန္တန္ခ်ိန္ ၁၈၀၀၀ မွာ ျမန္မာႏိုင္ငံမွ တိုက္႐ိုက္ေရာင္းခ်သည့္ ဆန္မ်ားမဟုတ္ဟုဆို
Ads Block

ဖ်က္ဆီးပစ္ျခင္းခံရသည့္ ဆန္တန္ခ်ိန္ ၁၈၀၀၀ မွာ ျမန္မာႏိုင္ငံမွ တိုက္႐ိုက္ေရာင္းခ်သည့္ ဆန္မ်ားမဟုတ္ဟုဆို

အိုင္ဗရီကို႔စ္ႏိုင္ငံတြင္ လူစားသုံးရန္မသင့္ဟုဆိုကာ ဖ်က္ဆီးပစ္ျခင္းခံရသည့္ဆန္မ်ားသည္ ျမန္မာႏိုင္ငံမွ တိုက္႐ိုက္တင္ပို႔ ေရာင္းခ်သည့္ ဆန္မ်ားမဟုတ္ဘဲ စင္ကာပူကုမၸဏီတစ္ခုမွ တစ္ဆင့္ခံေရာင္းခ်ခဲ့သည့္ ဆန္မ်ားသာျဖစ္ၿပီး ဓာတုေဆးဝါးမ်ားေၾကာင့္မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။
အိုင္ဗရီကို႔စ္ ႏိုင္ငံမွ ျမန္မာ ဆန္တန္ခ်ိန္ ၁၈၀၀၀ ကို ဧၿပီလ ၁၇ ရက္တြင္ ဖ်က္ဆီးခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ လက္ရွိတြင္စုံစမ္းေနေၾကာင္း သိရသည္။
“ ျပန္ၿပီးေတာ့ စုံစမ္းမႈေတြလုပ္ရမယ္။ ျဖစ္တဲ့ျဖစ္စဥ္ကလည္း အာဖရိကႏိုင္ငံကို တိုက္႐ိုက္ေရာင္းတာမဟုတ္ဘူး။ စင္ကာပူကုမၸဏီကို တစ္ဆင့္ခံၿပီးေရာင္းတယ္။ စင္ကာပူကေနမွတစ္ဆင့္ အာဖရိကကို ေရာင္းတဲ့ေနရာမွာ အဆင္မေျပျဖစ္တယ္။ ၿပီးေတာ့ ႏိုင္ငံေလးႏိုင္ငံကို ပတ္တယ္။ အခ်ိန္က ေလးငါးလေလာက္ၾကာသြားတယ္။ ဆန္ကိုအၾကာႀကီးထားလို႔ ျဖစ္သြားတာ။ ျပည္ပဆန္တင္ပို႔မႈကိုေတာ့ ထိခိုက္သြားႏိုင္တယ္။ ၿပီးေတာ့ ဓာတုေဆးေတြနဲ႔ မဆိုင္ဘူး။ အခ်ိန္ၾကာသြားေတာ့ အစိုဓာတ္မ်ားသြားတာ။ ေရွ႕ ဆက္ဘာဆက္လုပ္မလဲ ဆိုတာကိုေတာ့ အေသးစိတ္ထုတ္ျပန္ေပးသြားပါမယ္” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာစိုးထြန္းက ေျပာသည္။
အာဖရိကေဈးကြက္သည္ ယွဥ္ၿပိဳင္မႈ အလြန္ျပင္းထန္ၿပီး ပါကစၥတန္၊ အိႏၵိယတို႔မွ ဆန္တင္သြင္းသည့္ ကုမၼဏီမ်ားႏွင့္ ျမန္မာ၊ ဗီယက္နမ္ စေသာႏိုင္ငံမ်ားမွ တင္သြင္းသူမ်ားအၾကား ျပင္းထန္စြာ ယွဥ္ၿပိဳင္ေလ့ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူရင္းသတင္းေဖာ္ျပထားသည့္ BBC သတင္းေထာက္ႏွင့္ ထပ္ဆင့္တင္ျပသည့္ African News Agency တို႔ကိုလည္း ဆက္သြယ္ထားေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွ ဆန္တင္ပို႔ေရာင္းခ်သူမ်ားသည္ FOB Yangon စနစ္ျဖင့္ ရန္ကုန္ဆိပ္ကမ္းေပၚ သေဘၤာေပၚ အေရာက္ အေရာင္း အဝယ္ျပဳလုပ္ၾကေၾကာင္း ၎ကဆိုသည္။
လက္ရွိတြင္ အဆိုပါ သတင္းႏွင့္ပတ္သက္၍ ျပည္တြင္းစားသုံးသူမ်ားအေနျဖင့္လည္း စိုးရိမ္မႈမ်ားရွိေနၿပီး ျပည္တြင္း၌ စားသုံးသည့္ဆန္ႏွင့္ ျပည္ပသို႔ တင္ပို႔ေရာင္းခ်သည့္ ဆန္မွာလုံဝမတူညီေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

Unicode version

ဖျက်ဆီးပစ်ခြင်းခံရသည့် ဆန်တန်ချိန် ၁၈၀၀၀ မှာ မြန်မာနိုင်ငံမှ တိုက်ရိုက်ရောင်းချသည့် ဆန်များမဟုတ်ဟုဆို

အိုင်ဗရီကို့စ်နိုင်ငံတွင် လူစားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးပစ်ခြင်းခံရသည့်ဆန်များသည် မြန်မာနိုင်ငံမှ တိုက်ရိုက်တင်ပို့ ရောင်းချသည့် ဆန်များမဟုတ်ဘဲ စင်ကာပူကုမ္ပဏီတစ်ခုမှ တစ်ဆင့်ခံရောင်းချခဲ့သည့် ဆန်များသာဖြစ်ပြီး ဓာတုဆေးဝါးများကြောင့်မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
အိုင်ဗရီကို့စ် နိုင်ငံမှ မြန်မာ ဆန်တန်ချိန် ၁၈၀၀၀ ကို ဧပြီလ ၁၇ ရက်တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လက်ရှိတွင်စုံစမ်းနေကြောင်း သိရသည်။
“ ပြန်ပြီးတော့ စုံစမ်းမှုတွေလုပ်ရမယ်။ ဖြစ်တဲ့ဖြစ်စဉ်ကလည်း အာဖရိကနိုင်ငံကို တိုက်ရိုက်ရောင်းတာမဟုတ်ဘူး။ စင်ကာပူကုမ္ပဏီကို တစ်ဆင့်ခံပြီးရောင်းတယ်။ စင်ကာပူကနေမှတစ်ဆင့် အာဖရိကကို ရောင်းတဲ့နေရာမှာ အဆင်မပြေဖြစ်တယ်။ ပြီးတော့ နိုင်ငံလေးနိုင်ငံကို ပတ်တယ်။ အချိန်က လေးငါးလလောက်ကြာသွားတယ်။ ဆန်ကိုအကြာကြီးထားလို့ ဖြစ်သွားတာ။ ပြည်ပဆန်တင်ပို့မှုကိုတော့ ထိခိုက်သွားနိုင်တယ်။ ပြီးတော့ ဓာတုဆေးတွေနဲ့ မဆိုင်ဘူး။ အချိန်ကြာသွားတော့ အစိုဓာတ်များသွားတာ။ ရှေ့ ဆက်ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ပေးသွားပါမယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောသည်။
အာဖရိကဈေးကွက်သည် ယှဉ်ပြိုင်မှု အလွန်ပြင်းထန်ပြီး ပါကစ္စတန်၊ အိန္ဒိယတို့မှ ဆန်တင်သွင်းသည့် ကုမ္မဏီများနှင့် မြန်မာ၊ ဗီယက်နမ် စသောနိုင်ငံများမှ တင်သွင်းသူများအကြား ပြင်းထန်စွာ ယှဉ်ပြိုင်လေ့ရှိကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူရင်းသတင်းဖော်ပြထားသည့် BBC သတင်းထောက်နှင့် ထပ်ဆင့်တင်ပြသည့် African News Agency တို့ကိုလည်း ဆက်သွယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချသူများသည် FOB Yangon စနစ်ဖြင့် ရန်ကုန်ဆိပ်ကမ်းပေါ် သင်္ဘောပေါ် အရောက် အရောင်း အဝယ်ပြုလုပ်ကြကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် အဆိုပါ သတင်းနှင့်ပတ်သက်၍ ပြည်တွင်းစားသုံးသူများအနေဖြင့်လည်း စိုးရိမ်မှုများရှိနေပြီး ပြည်တွင်း၌ စားသုံးသည့်ဆန်နှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့် ဆန်မှာလုံဝမတူညီကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။