Skip to main content
‘၀’ ျပည္နယ္၏တုိးတက္ေအာင္ျမင္မႈမ်ားမွာ ျပည္ေထာင္စုအစုိးရႏွင့္ႏုိင္ငံတကာမွ ကူညီအားေပးမႈမ်ားေၾကာင့္ဟု ဆုိ 
Ads Block

‘၀’ ျပည္နယ္၏တုိးတက္ေအာင္ျမင္မႈမ်ားမွာ ျပည္ေထာင္စုအစုိးရႏွင့္ႏုိင္ငံတကာမွ ကူညီအားေပးမႈမ်ားေၾကာင့္ဟု ဆုိ 

‘၀’ ျပည္နယ္၏ တုိးတက္ေအာင္ျမင္မႈမ်ားမွာ ျပည္ေထာင္စုအစုိးရႏွင့္ ႏုိင္ငံတကာမွကူညီအားေပးမႈႈမ်ားေၾကာင့္ ျဖစ္ေၾကာင္း ‘၀’ ျပည္နယ္ စစ္ဦးစီးခ်ဳပ္ ေပါက္ယူခ်န္းက ေျပာသည္။ 
ပန္းဆန္းၿမိဳ႕တြင္ ဧၿပီလ ၁၆ ရက္မွ ၁၇ ရက္ထိ ၂ ရက္တာက်င္းပခဲ့သည့္ ‘၀’ ျပည္နယ္ ၿငိမ္းခ်မ္းေရး တည္ေဆာက္မႈ ႏွစ္ ၃၀ ျပည့္အခမ္းအနားတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္း ျဖစ္သည္။ 

‘၀’ ျပည္နယ္၏တုိးတက္ေအာင္ျမင္မႈမ်ားမွာ ျပည္ေထာင္စုအစုိးရႏွင့္ႏုိင္ငံတကာမွ ကူညီအားေပးမႈမ်ားေၾကာင့္ဟု ဆုိ 


“အဖက္ဖက္မွ တုိးတက္ေျပာင္းလဲမႈမ်ားမွာ အခ်ိဳ႕ဟာ သုညကစခဲ့ၿပီး အခ်ိဳ႕ဟာ ၿငိမ္းခ်မ္းေရးယူစအေျခအေနမွ အဆေပါင္းမ်ားစြာတုိးတက္ေျပာင္းလဲခဲ့ပါတယ္။ ဒီလုိတုိးတက္ေျပာင္းလဲေအာင္ျမင္ျခင္းဟာ ျပည္ေထာင္စု အစုိးရနဲ႔ ႏုိင္ငံတကာမွ အားေပးကူညီမႈမ်ားေၾကာင့္ျဖစ္သလုိ အဓိကအခ်က္မွာ ‘၀’ ျပည္နယ္ ျပည္သူလူထုရဲ႕ ကုိယ့္အားကုိယ္ကုိးၿပီး ခက္ခဲပင္ပန္းစြာ ႀကိဳးစားအားထုတ္ခဲ့ျခင္းရဲ ႔ေအာင္ျမင္မႈရလဒ္ျဖစ္ပါတယ္’’ ဟု ေပါက္ယူခ်န္းက ေျပာသည္။

‘၀’ ျပည္နယ္၏တုိးတက္ေအာင္ျမင္မႈမ်ားမွာ ျပည္ေထာင္စုအစုိးရႏွင့္ႏုိင္ငံတကာမွ ကူညီအားေပးမႈမ်ားေၾကာင့္ဟု ဆုိ 
‘၀’ ျပည္နယ္ဟုေခၚဆုိေသာ ပန္ဆန္းၿမိဳ႕သည္ ရွမ္းျပည္နယ္အတြင္းတည္ရွိကာ လူဦးေရငါးသိန္းေက်ာ္ ေနထုိင္ၿပီး ‘၀’ တပ္ဖြဲ႔ UWSA အင္အားမွာ ႏွစ္ေသာင္းခြဲမွ သုံးေသာင္းရွိေၾကာင္း သိရသည္။
အဆုိပါ ‘၀’ ျပည္ေသြးစည္းညီညြတ္ေရးတပ္မေတာ္အႀကီးအကဲမ်ားမွလည္း ၄င္းတုိ႔သည္ ျပည္ေထာင္စုမွ ခြဲထြက္မည္မဟုတ္ေၾကာင္းေျပာၾကားထားေသာ္လည္း ယခုက်င္းပသည့္ နွစ္ ၃၀ ျပည့္အခမ္းအနားတြင္ ‘၀’ ျပည္နယ္အျဖစ္ေပးရန္ ေတာင္းဆုိမႈမ်ားရွိခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

‘ဝ’ ပြည်နယ်၏တိုးတက်အောင်မြင်မှုများမှာ ပြည်ထောင်စုအစိုးရနှင့်နိုင်ငံတကာမှ ကူညီအားပေးမှုများကြောင့်ဟု ဆို 

‘ဝ’ ပြည်နယ်၏ တိုးတက်အောင်မြင်မှုများမှာ ပြည်ထောင်စုအစိုးရနှင့် နိုင်ငံတကာမှကူညီအားပေးမှုှုများကြောင့် ဖြစ်ကြောင်း ‘ဝ’ ပြည်နယ် စစ်ဦးစီးချုပ် ပေါက်ယူချန်းက ပြောသည်။ 
ပန်းဆန်းမြို့တွင် ဧပြီလ ၁၆ ရက်မှ ၁၇ ရက်ထိ ၂ ရက်တာကျင်းပခဲ့သည့် ‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့်အခမ်းအနားတွင် ယခုကဲ့သို့ပြောခဲ့ခြင်း ဖြစ်သည်။ 
“အဖက်ဖက်မှ တိုးတက်ပြောင်းလဲမှုများမှာ အချို့ဟာ သုညကစခဲ့ပြီး အချို့ဟာ ငြိမ်းချမ်းရေးယူစအခြေအနေမှ အဆပေါင်းများစွာတိုးတက်ပြောင်းလဲခဲ့ပါတယ်။ ဒီလိုတိုးတက်ပြောင်းလဲအောင်မြင်ခြင်းဟာ ပြည်ထောင်စု အစိုးရနဲ့ နိုင်ငံတကာမှ အားပေးကူညီမှုများကြောင့်ဖြစ်သလို အဓိကအချက်မှာ ‘ဝ’ ပြည်နယ် ပြည်သူလူထုရဲ့ ကိုယ့်အားကိုယ်ကိုးပြီး ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ခဲ့ခြင်းရဲ့အောင်မြင်မှုရလဒ်ဖြစ်ပါတယ်’’ ဟု ပေါက်ယူချန်းက ပြောသည်။
‘ဝ’ ပြည်နယ်ဟုခေါ်ဆိုသော ပန်ဆန်းမြို့သည် ရှမ်းပြည်နယ်အတွင်းတည်ရှိကာ လူဦးရေငါးသိန်းကျော် နေထိုင်ပြီး ‘ဝ’ တပ်ဖွဲ့ UWSA အင်အားမှာ နှစ်သောင်းခွဲမှ သုံးသောင်းရှိကြောင်း သိရသည်။
အဆိုပါ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အကြီးအကဲများမှလည်း ၎င်းတို့သည် ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ကြောင်းပြောကြားထားသော်လည်း ယခုကျင်းပသည့် နှစ် ၃၀ ပြည့်အခမ်းအနားတွင် ‘ဝ’ ပြည်နယ်အဖြစ်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။