Skip to main content
ၾသကၤန္ကာလအတြင္း ယာဥ္စီးခ ပိုေတာင္းသည့္အမႈ ၃၄ မႈရွိ၊ အေရးယူႏိုင္ရန္စီစဥ္ေန
Ads Block

ၾသကၤန္ကာလအတြင္း ယာဥ္စီးခ ပိုေတာင္းသည့္အမႈ ၃၄ မႈရွိ၊ အေရးယူႏိုင္ရန္စီစဥ္ေန

မဟာၾသကၤန္ပြဲေတာ္ကာလအတြင္း ယာဥ္စီးခပိုေတာင္းသည့္ ယာဥ္လိုင္းမ်ားကို တိုင္ၾကားသည့္အမႈ ၃၄ မႈရွိခဲ့ၿပီး အေရးယူႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕မွ သိရသည္။
ၾသကၤန္ကာလအတြင္း သတ္မွတ္ထားသည့္ ယာဥ္စီးခႏႈန္းထားအတိုင္းသာ ေပးေဆာင္ရမည္ဟု အာဏာပိုင္အဖြဲ႕မွ ေျပာၾကား ထားေသာ္လည္း လက္ေတြ႕တြင္ ခရီးစဥ္တစ္ပိုင္းလွ်င္ ၅၀၀ က်ပ္၊ ခရီးစဥ္အစအဆုံး ၁၀၀၀ က်ပ္ ေကာက္ခံမႈမ်ားရွိသည့္အျပင္ ယာဥ္အကူမ်ားမွ ခရီးသည္မ်ားကို မေခ်မငံဆက္ဆံမႈမ်ားရွိေၾကာင္း သိရသည္။

ၾသကၤန္ကာလအတြင္း ယာဥ္စီးခ ပိုေတာင္းသည့္အမႈ ၃၄ မႈရွိ၊ အေရးယူႏိုင္ရန္စီစဥ္ေန


“အာဏာပိုင္အဖြဲ႕ကို တိုင္ထားတာက ၃၄ မႈရွိတယ္။ သူတို႔ကို ဘယ္လိုအေရးယူ ေဆာင္႐ြက္မလဲဆိုတာကိုေတာ့ တစ္ေယာက္ တည္းေျပာလို႔မရဘူး။ အဖြဲ႕နဲ႔ေျပာမွရမယ္။ ညေနက်ရင္ေတာ့ အစည္းအေဝးေခၚထားတယ္” ဟု ရန္ကုန္တိုင္းေဒသႀကီး သယ္ ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕မွ အတြင္းေရးမႉး ေဒါက္တာေမာင္ေအာင္က ေျပာသည္။
ၾသကၤန္ကာလအတြင္း ခရီးသည္အမ်ားအဆင္ေျပေစရန္အတြက္ YBS ယာဥ္အစီးေရ ၉၀၀ ေက်ာ္ျဖင့္ ေျပးဆြဲေပးမည္ဟု ေျပာဆို ထားေသာ္လည္း အမွန္တကယ္ေျပးဆြဲေပးသည့္ ယာဥ္လိုင္းမွာ အနည္းငယ္သာရွိၿပီး ၾကားကားအမ်ားဆုံးေျပးဆြဲေၾကာင္း သိရသည္။

ၾသကၤန္ကာလအတြင္း ယာဥ္စီးခ ပိုေတာင္းသည့္အမႈ ၃၄ မႈရွိ၊ အေရးယူႏိုင္ရန္စီစဥ္ေန


“ဒီျပႆနာက ႏွစ္တိုင္းျဖစ္ေနတာ။ ဟိုနားသည္နား ၅၀၀၊ အစအဆုံးဆိုရင္ ၁၀၀၀။ ႀကိဳက္ရင္စီး မႀကိဳက္ရင္မစီးနဲ႔ လို႔ေျပာတယ္။ ၾသကၤန္တြင္းေျပးဆြဲေပးတာေတာင္ ေက်းဇူးတင္ဆိုၿပီး ေျပာတယ္။ တိုင္လို႔ရွိရင္ ေနာက္ေန႔မဆြဲေပးဘူးဆိုၿပီးေတာ့ ေျပာတယ္။ ဒါေတြကို ထိေရာက္စြာအေရးယူေပးေစခ်င္ပါတယ္” ဟု ခရီးသည္ မသန္းသန္းႏြယ္က ေျပာသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

Unicode version

သြင်္ကန်ကာလအတွင်း ယာဉ်စီးခ ပိုတောင်းသည့်အမှု ၃၄ မှုရှိ၊ အရေးယူနိုင်ရန်စီစဉ်နေ

မဟာသြင်္ကန်ပွဲတော်ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့် ယာဉ်လိုင်းများကို တိုင်ကြားသည့်အမှု ၃၄ မှုရှိခဲ့ပြီး အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
သြင်္ကန်ကာလအတွင်း သတ်မှတ်ထားသည့် ယာဉ်စီးခနှုန်းထားအတိုင်းသာ ပေးဆောင်ရမည်ဟု အာဏာပိုင်အဖွဲ့မှ ပြောကြား ထားသော်လည်း လက်တွေ့တွင် ခရီးစဉ်တစ်ပိုင်းလျှင် ၅၀၀ ကျပ်၊ ခရီးစဉ်အစအဆုံး ၁၀၀၀ ကျပ် ကောက်ခံမှုများရှိသည့်အပြင် ယာဉ်အကူများမှ ခရီးသည်များကို မချေမငံဆက်ဆံမှုများရှိကြောင်း သိရသည်။

ၾသကၤန္ကာလအတြင္း ယာဥ္စီးခ ပိုေတာင္းသည့္အမႈ ၃၄ မႈရွိ၊ အေရးယူႏိုင္ရန္စီစဥ္ေန


“အာဏာပိုင်အဖွဲ့ကို တိုင်ထားတာက ၃၄ မှုရှိတယ်။ သူတို့ကို ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတာကိုတော့ တစ်ယောက် တည်းပြောလို့မရဘူး။ အဖွဲ့နဲ့ပြောမှရမယ်။ ညနေကျရင်တော့ အစည်းအဝေးခေါ်ထားတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ် ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
သြင်္ကန်ကာလအတွင်း ခရီးသည်အများအဆင်ပြေစေရန်အတွက် YBS ယာဉ်အစီးရေ ၉၀၀ ကျော်ဖြင့် ပြေးဆွဲပေးမည်ဟု ပြောဆို ထားသော်လည်း အမှန်တကယ်ပြေးဆွဲပေးသည့် ယာဉ်လိုင်းမှာ အနည်းငယ်သာရှိပြီး ကြားကားအများဆုံးပြေးဆွဲကြောင်း သိရသည်။

ၾသကၤန္ကာလအတြင္း ယာဥ္စီးခ ပိုေတာင္းသည့္အမႈ ၃၄ မႈရွိ၊ အေရးယူႏိုင္ရန္စီစဥ္ေန


“ဒီပြဿနာက နှစ်တိုင်းဖြစ်နေတာ။ ဟိုနားသည်နား ၅၀၀၊ အစအဆုံးဆိုရင် ၁၀၀၀။ ကြိုက်ရင်စီး မကြိုက်ရင်မစီးနဲ့ လို့ပြောတယ်။ သြင်္ကန်တွင်းပြေးဆွဲပေးတာတောင် ကျေးဇူးတင်ဆိုပြီး ပြောတယ်။ တိုင်လို့ရှိရင် နောက်နေ့မဆွဲပေးဘူးဆိုပြီးတော့ ပြောတယ်။ ဒါတွေကို ထိရောက်စွာအရေးယူပေးစေချင်ပါတယ်” ဟု ခရီးသည် မသန်းသန်းနွယ်က ပြောသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။