Skip to main content
ရဲတပ္ဖြဲ႔အား ျပန္လည္ခုခံသည့္ ဓားကိုင္ေသာင္းက်န္းသူကို ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီး 
Ads Block

ရဲတပ္ဖြဲ႔အား ျပန္လည္ခုခံသည့္ ဓားကိုင္ေသာင္းက်န္းသူကို ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီး 

က်ဳံေပ်ာ္ၿမိဳ႕နယ္၊ တာလမ္းေပၚ၌ ဓားကိုင္ေသာင္းက်န္းေနသည့္အမ်ဳိးသားကို ရဲတပ္ဖြဲ႔မွ သြားေရာက္ ထိန္းသိမ္းစဥ္ ျပန္လည္ခုခံသျဖင့္ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ ေက်ာင္းစုေက်း႐ြာ၊ တာလမ္းေပၚ၌ ဧၿပီလ ၁၇ ရက္၊ ညေန ၅ နာရီ ၅၅ မိနစ္ခန္႔က ခ်ဳိေအး၊ (၄၅)ႏွစ္၊ သေျပငူေက်း႐ြာ၊ က်ဳံေပ်ာ္ၿမိဳ႕နယ္ေနသူသည္ အ႐ိုးအသြား ၂၂ လက္မခန႔္ ဝါး႐ိုးတပ္ဓားမအား ကိုင္ေဆာင္ေသာင္းက်န္းေနသျဖင့္ အေထာင္နယ္ေျမရဲစခန္းမွ ဒုရဲအုပ္ေဇာ္ထက္ဦးစီးအဖြဲ႕တို႔မွ သြားေရာက္ထိန္းသိမ္းစဥ္ ခ်ဳိေအး၊ (၄၅)ႏွစ္မွ ဒုရဲအုပ္ေဇာ္ထက္အား ဓားျဖင့္ေျပးခုတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ဓားျဖင့္ေျပးခုတ္ခဲ့သျဖင့္ ရဲတပ္သား ေဝၿဖိဳးလြင္မွ ၁၂ ဗို႔ေသနတ္ျဖင့္ ၁ ခ်က္ သတိေပးပစ္ခတ္ခဲ့ရာ ခ်ဳိေအးတြင္ ဝဲလက္ေမာင္း လက္ျပင္ရွပ္ထိဖူးေရာင္ဒဏ္ရာမ်ား(မစိုးရိမ္ရ)ရရွိခဲ့ၿပီး ခ်ဳိေအးမွာ ထြက္ေျပးစဥ္ ရဲတပ္သား ေဝၿဖိဳးလြင္မွ ၁၂ ဗို႔ ေသနတ္ျဖင့္ မိုးေပၚသို႔ ၁ ခ်က္ ထပ္မံသတိေပးပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ဒဏ္ရာရရွိခဲ့ေသာ ခ်ဳိေအး၊ (၄၅)ႏွစ္ကို အေထာင္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး အေထာင္နယ္ေျမရဲစခန္း၌ (ပ)၁၀၂/၂၀၁၉၊ လက္နက္ဥပေဒပုဒ္မ-၁၉(င) ျဖင့္လည္းေကာင္း၊ (ပ)၁၀၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၃၅၃ (တာဝန္ေဆာင္႐ြက္ေနေသာ ျပည္သူ႔ဝန္ထမ္းအားလက္ေရာက္မႈ)ျဖင့္လည္းေကာင္း ဖမ္းဆီးအမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

Unicode Version

ရဲတပ်ဖွဲ့အား ပြန်လည်ခုခံသည့် ဓားကိုင်သောင်းကျန်းသူကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး 

ကျုံပျော်မြို့နယ်၊ တာလမ်းပေါ်၌ ဓားကိုင်သောင်းကျန်းနေသည့်အမျိုးသားကို ရဲတပ်ဖွဲ့မှ သွားရောက် ထိန်းသိမ်းစဉ် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာ၊ တာလမ်းပေါ်၌ ဧပြီလ ၁၇ ရက်၊ ညနေ ၅ နာရီ ၅၅ မိနစ်ခန့်က ချိုအေး၊ (၄၅)နှစ်၊ သပြေငူကျေးရွာ၊ ကျုံပျော်မြို့နယ်နေသူသည် အရိုးအသွား ၂၂ လက်မခန့် ဝါးရိုးတပ်ဓားမအား ကိုင်ဆောင်သောင်းကျန်းနေသဖြင့် အထောင်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇော်ထက်ဦးစီးအဖွဲ့တို့မှ သွားရောက်ထိန်းသိမ်းစဉ် ချိုအေး၊ (၄၅)နှစ်မှ ဒုရဲအုပ်ဇော်ထက်အား ဓားဖြင့်ပြေးခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ဓားဖြင့်ပြေးခုတ်ခဲ့သဖြင့် ရဲတပ်သား ဝေဖြိုးလွင်မှ ၁၂ ဗို့သေနတ်ဖြင့် ၁ ချက် သတိပေးပစ်ခတ်ခဲ့ရာ ချိုအေးတွင် ဝဲလက်မောင်း လက်ပြင်ရှပ်ထိဖူးရောင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ချိုအေးမှာ ထွက်ပြေးစဉ် ရဲတပ်သား ဝေဖြိုးလွင်မှ ၁၂ ဗို့ သေနတ်ဖြင့် မိုးပေါ်သို့ ၁ ချက် ထပ်မံသတိပေးပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သော ချိုအေး၊ (၄၅)နှစ်ကို အထောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အထောင်နယ်မြေရဲစခန်း၌ (ပ)၁၀၂/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ-၁၉(င) ဖြင့်လည်းကောင်း၊ (ပ)၁၀၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၅၃ (တာဝန်ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအားလက်ရောက်မှု)ဖြင့်လည်းကောင်း ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။