Skip to main content
ျမန္မာ့တပ္မေတာ္၏စစ္အင္အားမွာ အိမ္နီးခ်င္းႏုိင္ငံမ်ားကုိပင္ သိမ္းပုိက္ႏုိင္သည့္အေနအထားရွိဟု ဦးလွေဆြေျပာ
Ads Block

ျမန္မာ့တပ္မေတာ္၏စစ္အင္အားမွာ အိမ္နီးခ်င္းႏုိင္ငံမ်ားကုိပင္ သိမ္းပုိက္ႏုိင္သည့္အေနအထားရွိဟု ဦးလွေဆြေျပာ


ျမန္မာ့တပ္မေတာ္၏ စစ္အင္အားသည္ အိမ္နီးခ်င္းႏုိင္ငံမ်ားကုိပင္ သိမ္းပုိက္ႏုိင္သည့္အေနအထားရွိေၾကာင္း ဂန္႔ေဂါအမတ္ေဟာင္း ဗုိလ္မွဴးႀကီး(ၿငိမ္း)ဦးလွေဆြက ေျပာလုိက္သည္။
ဧၿပီလ ၁၈ ရက္၌ အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။

ျမန္မာ့တပ္မေတာ္၏စစ္အင္အားမွာ အိမ္နီးခ်င္းႏုိင္ငံမ်ားကုိပင္ သိမ္းပုိက္ႏုိင္သည့္အေနအထားရွိဟု ဦးလွေဆြေျပာ


“ျပည္တြင္းမွာရွိေနတဲ့ လက္နက္ကုိင္အဖြဲ႔မေျပာနဲ႔။ တပ္မေတာ္အင္အားဟာ ထုိင္းတုိ႔၊ ဘဂၤလားေဒ့ရွ္တုိ႔ကုိေတာင္ သိမ္းပုိက္ႏုိင္တဲ့အေနအထားရွိတယ္။ အဲဒီေတာ့ အခုျပည္နယ္ေတာင္းေနတဲ့ လက္နက္ကုိင္အဖြဲ႔ ‘၀’ သူကေတာ့ေတာင္းမွာပဲ။ ဒီမုိကေရစီဆုိေတာ့ ေျပာေလ။ေတာင္းေပါ့။ ဒါေပမဲ့ ေပးတာ၊ မေပးတာအစုိးရအလုပ္။ အစုိးရကေပးခ်င္မွေပးမွာေပါ့။ ေနာက္ ‘၀’ က ျပည္နယ္ေတာင္းေတာ့ ကြ်န္ေတာ္ တစ္ခုေမးခ်င္တယ္။ သူက ကြ်န္ေတာ္တုိ႔ ျပည္ေထာင္စုက တရားစီရင္ေရး၊ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး သူကလက္ခံမွာလား။ ‘၀’ဆုိတာ အရင္ ဗကပ က ဗသိန္းတင္ကုိအာဏာသိမ္းၿပီး သူတုိ႔ကတက္လာတာ။ အဲဒီေတာ့ အခုက ျပည္နယ္ေတာင္းတယ္ဆုိတာလည္းအရင္ ဗကပလုိအေတြးမ်ိဳး သူတုိ႔ဆီမွာရွိေနတာ ေသခ်ာတယ္။ အာဏာကိုလက္ကုိင္ထားခ်င္တယ္’’ ဟု ဦးလွေဆြကေျပာသည္။

ျမန္မာ့တပ္မေတာ္၏စစ္အင္အားမွာ အိမ္နီးခ်င္းႏုိင္ငံမ်ားကုိပင္ သိမ္းပုိက္ႏုိင္သည့္အေနအထားရွိဟု ဦးလွေဆြေျပာ


‘၀’ ျပည္နယ္ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈႏွစ္ ၃၀ ျပည့္အခမ္းအနားတြင္ ‘၀’ စစ္ဦးခ်ဳပ္ ေပါက္ယူခ်န္းမွ ပန္ဆန္းအား ‘၀’ ျပည္နယ္အျဖစ္ေပးရန္ အစုိးရထံေတာင္းဆုိခဲ့သည္။
တပ္မေတာ္သည္ ေခတ္မီတပ္မေတာ္ျဖစ္ေစရန္ အၿမဲ ျပင္ဆင္ ေလ့က်င့္ေနေၾကာင္း၊ ေရတပ္စစ္ေရယာဥ္မ်ားပင္ တည္ေဆာင္ႏုိင္ေနၿပီျဖစ္ၿပီး မၾကာမီ ေရငုပ္စစ္သေဘၤာမ်ားလည္း ပုိင္ဆုိင္ေတာ့မည္ဟု တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကလည္း ပင္လယ္ျပင္ စစ္ေရးေလ့က်င့္ျခင္း အခမ္းအနားတြင္ ေျပာၾကားထားသည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

မြန်မာ့တပ်မတော်၏စစ်အင်အားမှာ အိမ်နီးချင်းနိုင်ငံများကိုပင် သိမ်းပိုက်နိုင်သည့်အနေအထားရှိဟု ဦးလှဆွေပြော

မြန်မာ့တပ်မတော်၏ စစ်အင်အားသည် အိမ်နီးချင်းနိုင်ငံများကိုပင် သိမ်းပိုက်နိုင်သည့်အနေအထားရှိကြောင်း ဂန့်ဂေါအမတ်ဟောင်း ဗိုလ်မှူးကြီး(ငြိမ်း)ဦးလှဆွေက ပြောလိုက်သည်။
ဧပြီလ ၁၈ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
“ပြည်တွင်းမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့မပြောနဲ့။ တပ်မတော်အင်အားဟာ ထိုင်းတို့၊ ဘင်္ဂလားဒေ့ရှ်တို့ကိုတောင် သိမ်းပိုက်နိုင်တဲ့အနေအထားရှိတယ်။ အဲဒီတော့ အခုပြည်နယ်တောင်းနေတဲ့ လက်နက်ကိုင်အဖွဲ့ ‘ဝ’ သူကတော့တောင်းမှာပဲ။ ဒီမိုကရေစီဆိုတော့ ပြောလေ။တောင်းပေါ့။ ဒါပေမဲ့ ပေးတာ၊ မပေးတာအစိုးရအလုပ်။ အစိုးရကပေးချင်မှပေးမှာပေါ့။ နောက် ‘ဝ’ က ပြည်နယ်တောင်းတော့ ကျွန်တော် တစ်ခုမေးချင်တယ်။ သူက ကျွန်တော်တို့ ပြည်ထောင်စုက တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး သူကလက်ခံမှာလား။ ‘ဝ’ဆိုတာ အရင် ဗကပ က ဗသိန်းတင်ကိုအာဏာသိမ်းပြီး သူတို့ကတက်လာတာ။ အဲဒီတော့ အခုက ပြည်နယ်တောင်းတယ်ဆိုတာလည်းအရင် ဗကပလိုအတွေးမျိုး သူတို့ဆီမှာရှိနေတာ သေချာတယ်။ အာဏာကိုလက်ကိုင်ထားချင်တယ်’’ ဟု ဦးလှဆွေကပြောသည်။
‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှုနှစ် ၃၀ ပြည့်အခမ်းအနားတွင် ‘ဝ’ စစ်ဦးချုပ် ပေါက်ယူချန်းမှ ပန်ဆန်းအား ‘ဝ’ ပြည်နယ်အဖြစ်ပေးရန် အစိုးရထံတောင်းဆိုခဲ့သည်။
တပ်မတော်သည် ခေတ်မီတပ်မတော်ဖြစ်စေရန် အမြဲ ပြင်ဆင် လေ့ကျင့်နေကြောင်း၊ ရေတပ်စစ်ရေယာဉ်များပင် တည်ဆောင်နိုင်နေပြီဖြစ်ပြီး မကြာမီ ရေငုပ်စစ်သင်္ဘောများလည်း ပိုင်ဆိုင်တော့မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပင်လယ်ပြင် စစ်ရေးလေ့ကျင့်ခြင်း အခမ်းအနားတွင် ပြောကြားထားသည်။ 
 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။