Skip to main content
ရခိုင္ျပည္နယ္တြင္ တပည့္မ်ားကိုက်ဆံုးခိုင္းၿပီး လိုင္ဇာၿမိဳ႕တြင္ ၀ိုင္ခြက္ခ်င္းတိုက္ေနသူ ထြန္းျမတ္ႏိုင္ကို အထင္ႀကီးစရာမရွိဟု ဦးလွေဆြ ေျပာ 
Ads Block

ရခိုင္ျပည္နယ္တြင္ တပည့္မ်ားကိုက်ဆံုးခိုင္းၿပီး လိုင္ဇာၿမိဳ႕တြင္ ၀ိုင္ခြက္ခ်င္းတိုက္ေနသူ ထြန္းျမတ္ႏိုင္ကို အထင္ႀကီးစရာမရွိဟု ဦးလွေဆြ ေျပာ 

AA(Arakan Army) မွ စစ္ဦးစီးခ်ဳပ္ထြန္းျမတ္ႏိုင္ကို အထင္ႀကီးစရာမရွိေၾကာင္း ဂန္႔ေဂါအမ်ိဳးသားလႊတ္ေတာ္ ကုိယ္စားလွယ္ေဟာင္း ဦးလွေဆြက ေျပာလုိက္သည္။
ဧၿပီလ ၁၈ ရက္၌ အကုန္သိသတင္းဌာန၏ ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။
“သူက ဟုိပန္ဆန္းကေနေျပာလုိက္၊ လုိင္ဇာကေနေျပာလုိက္၊ ဟုိေျပာဒီေျပာလုပ္ေနတယ္။ သူ႔ကုိ ဒီ AA က ထြန္းျမတ္ႏုိင္ကုိ ကြ်န္ေတာ္တစ္ခုပဲေျပာခ်င္တယ္။ ရခုိင္ျပည္မွာ၊ ရခုိင္နယ္ေျမမွာ သူေျပာေနတဲ့အရာေတြ လာေျပာ၊ သူကုိယ္တုိင္လာေျပာ၊ ကြ်န္ေတာ္အေလးျပဳလုိက္မယ္။ အခုကစတုိက္ကတည္းကေန အခုထိ သူ႔တပည့္ေတြ ရာခ်ီေသေနတယ္။ သူကေတာ့ လုိင္ဇာမွာ ၀ုိင္ခြက္ခ်င္းတုိက္ေနတယ္။ သူေျပာတာေတြ အထင္ႀကီးစရာမရွိဘူး။ သူကတပ္စကားနဲ႔ေျပာရရင္ Target လြဲသြားတဲ့က်ည္ဆံလုိပဲ။ ဘာမွအသုံးမ၀င္ဘူး’’ဟု ဦးလွေဆြက ေျပာသည္။

ရခိုင္ျပည္နယ္တြင္ တပည့္မ်ားကိုက်ဆံုးခိုင္းၿပီး လိုင္ဇာၿမိဳ႕တြင္ ၀ိုင္ခြက္ခ်င္းတိုက္ေနသူ ထြန္းျမတ္ႏိုင္ကို အထင္ႀကီးစရာမရွိဟု ဦးလွေဆြ ေျပာ 


၂၀၁၈ ခုႏွစ္အတြင္း ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕၌ AA လက္နက္ကုိင္အဖြဲ႔နွင့္တပ္မေတာ္တုိ႔ နွစ္ဖက္ထိေတြ႔မႈမ်ားျဖစ္ပြားခဲ့ၿပီး ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕တြင္လည္း တုိက္ပြဲမ်ားျဖစ္ပြားခဲ့သည္။
၂၀၁၉ ခုနွစ္၊ ဇန္န၀ါရီလ ၄ ရက္တြင္ AA လက္နက္ကုိင္အဖြဲ႔မွ ဘူးသီးေတာင္ရွိရဲကင္းစခန္း ၄ ခုကို သာလြန္အင္အားျဖင့္တုိက္ခုိက္ခဲ့ၿပီး ရဲတပ္ဖြဲ႔၀င္ ၉ ဦးက်ဆုံးခဲ့သည္။
အလားတူရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕တြင္လည္း ၂၀၁၉ ခုႏွစ္၊ မတ္လမွ စတင္ကာတုိက္ပြဲမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။
လက္ရွိတြင္ AA မွ စစ္ဦးစီးခ်ဳပ္ထြန္းျမတ္ႏုိင္မွ ရခုိင္ျပည္နယ္အား AAမွ တာ၀န္ယူမည္ျဖစ္ၿပီး ရခုိင္ျပည္နယ္အား ကြန္ဖက္္ဒရိတ္လုိခ်င္ေၾကာင္း ၊ ရခုိင္ျပည္နယ္အား ဆုိရွယ္ဒီမုိကေရစီစနစ္ျဖင့္အုပ္ခ်ဳပ္မည္ဟု ေျပာၾကားထားသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode Version

ရခိုင်ပြည်နယ်တွင် တပည့်များကိုကျဆုံးခိုင်းပြီး လိုင်ဇာမြို့တွင် ဝိုင်ခွက်ချင်းတိုက်နေသူ ထွန်းမြတ်နိုင်ကို အထင်ကြီးစရာမရှိဟု ဦးလှဆွေ ပြော 

AA(Arakan Army) မှ စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ကို အထင်ကြီးစရာမရှိကြောင်း ဂန့်ဂေါအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက ပြောလိုက်သည်။
ဧပြီလ ၁၈ ရက်၌ အကုန်သိသတင်းဌာန၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
“သူက ဟိုပန်ဆန်းကနေပြောလိုက်၊ လိုင်ဇာကနေပြောလိုက်၊ ဟိုပြောဒီပြောလုပ်နေတယ်။ သူ့ကို ဒီ AA က ထွန်းမြတ်နိုင်ကို ကျွန်တော်တစ်ခုပဲပြောချင်တယ်။ ရခိုင်ပြည်မှာ၊ ရခိုင်နယ်မြေမှာ သူပြောနေတဲ့အရာတွေ လာပြော၊ သူကိုယ်တိုင်လာပြော၊ ကျွန်တော်အလေးပြုလိုက်မယ်။ အခုကစတိုက်ကတည်းကနေ အခုထိ သူ့တပည့်တွေ ရာချီသေနေတယ်။ သူကတော့ လိုင်ဇာမှာ ဝိုင်ခွက်ချင်းတိုက်နေတယ်။ သူပြောတာတွေ အထင်ကြီးစရာမရှိဘူး။ သူကတပ်စကားနဲ့ပြောရရင် Target လွဲသွားတဲ့ကျည်ဆံလိုပဲ။ ဘာမှအသုံးမဝင်ဘူး’’ဟု ဦးလှဆွေက ပြောသည်။
၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၌ AA လက်နက်ကိုင်အဖွဲ့နှင့်တပ်မတော်တို့ နှစ်ဖက်ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် AA လက်နက်ကိုင်အဖွဲ့မှ ဘူးသီးတောင်ရှိရဲကင်းစခန်း ၄ ခုကို သာလွန်အင်အားဖြင့်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့သည်။
အလားတူရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်လည်း ၂၀၁၉ ခုနှစ်၊ မတ်လမှ စတင်ကာတိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
လက်ရှိတွင် AA မှ စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်မှ ရခိုင်ပြည်နယ်အား AAမှ တာဝန်ယူမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အား ကွန်ဖက်ဒရိတ်လိုချင်ကြောင်း ၊ ရခိုင်ပြည်နယ်အား ဆိုရှယ်ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်မည်ဟု ပြောကြားထားသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။