Skip to main content
အာဗရီကို႔စ္ႏိုင္ငံတြင္ ျမန္မာ့ဆန္မ်ား ဖ်က္ဆီးခံခဲ့ရသည့္အေၾကာင္းအရင္းကို စံုစမ္းေဖာ္ထုတ္မည္
Ads Block

အာဗရီကို႔စ္ႏိုင္ငံတြင္ ျမန္မာ့ဆန္မ်ား ဖ်က္ဆီးခံခဲ့ရသည့္အေၾကာင္းအရင္းကို စံုစမ္းေဖာ္ထုတ္မည္

အာဗရီကို႔စ္ႏိုင္ငံတြင္ ျမန္မာႏိုင္ငံမွတင္သြင္းသည့္ ဆန္တန္ခ်ိန္ေပါင္း ၁၈၀၀၀ ကို ဖ်က္ဆီးခဲ့သည့္ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျမန္မာ့ဆန္ျပည္ပတင္ပို႔မႈထိခိုက္မႈမရွိေစေရးအတြက္ စံုစမ္းေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ မူရင္းသတင္းကို ေဖာ္ျပထားသည့္ BBC သတင္းေထာက္ႏွင့္ ထပ္ဆင့္တင္ျပသည့္ African News Agency တို႔ကိုဆက္သြယ္ထားၿပီး အဆိုပါသေဘၤာအတြက္ ဆန္ေရာင္းေပးသည့္ ျပည္တြင္း ကုမၸဏီမ်ားကိုလည္း စံုစမ္းေနေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွ ဆန္တင္ပို႔ေရာင္းခ်သူမ်ားသည္ FOB Yangon စနစ္ျဖင့္ ရန္ကုန္ဆိပ္ကမ္းေပၚ သေဘၤာေပၚ အေရာက္ အေရာင္းအဝယ္ျပဳလုပ္ၾကေၾကာင္း၊ ဆန္ဝယ္ယူသည့္ အဝယ္သမားမ်ားသည္ အခ်ိန္မွန္စြာျဖင့္ သေဘၤာမွကုန္မခ်ႏိုင္ပါက ၾကာျမင့္စြာသိုေလွာင္မႈ (long Storage) သည္ ျဖစ္ေပၚၿပီး အရည္အေသြး ထိခိုက္ႏိုင္မည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ 
လက္ရွိျဖစ္ပြားခဲ့ေသာကိစၥတြင္လည္း ေယဘုယ်အားျဖင့္ အာဖရိကႏိုင္ငံ (၄) ႏိုင္ငံအထိ ကုန္မခ်ႏိုင္ဘဲ လွည့္ပတ္ေနရသည့္အတြက္ ၾကာျမင့္စြာသိုေလွာင္မႈ long Storage ျပႆနာပင္ ျဖစ္ႏိုင္ၿပီး ဆန္ဝယ္သည့္ အဝယ္သမားအေနျဖင့္ အဆိုပါကိစၥတြင္ အဓိကတာဝန္ရွိသည္ဟု ေယဘုယ်အားျဖင့္ ယူဆႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ထားသည္။
ယခုျဖစ္ေပၚမႈသည္ ျမန္မာ့ဆန္ ျပည္ပတင္ပို႔မႈေစ်းကြက္အတြက္ ႀကီးမားစြာ သက္ေရာက္မႈရွိ၍ အခ်က္အလက္ျပည့္စံုစြာျဖင့္ ေျဖရွင္းထုတ္ျပန္သြားရန္ ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္အေနျဖင့္ စီစဥ္ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အကုန္သိသတင္းဌာနမွ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဒုဥကၠ႒ထံသို႔ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဆက္သြယ္၍မရရွိခဲ့ပါ။ 
- စုသက္ႏွင္း(အကုန္သိသတင္းဌာန) | Ref: ဓာတ္ပံု- ghanaweb.com 

Unicode Version

အာဗရီကို့စ်နိုင်ငံတွင် မြန်မာ့ဆန်များ ဖျက်ဆီးခံခဲ့ရသည့်အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်မည်

အာဗရီကို့စ်နိုင်ငံတွင် မြန်မာနိုင်ငံမှတင်သွင်းသည့် ဆန်တန်ချိန်ပေါင်း ၁၈၀၀၀ ကို ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့ဆန်ပြည်ပတင်ပို့မှုထိခိုက်မှုမရှိစေရေးအတွက် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မူရင်းသတင်းကို ဖော်ပြထားသည့် BBC သတင်းထောက်နှင့် ထပ်ဆင့်တင်ပြသည့် African News Agency တို့ကိုဆက်သွယ်ထားပြီး အဆိုပါသင်္ဘောအတွက် ဆန်ရောင်းပေးသည့် ပြည်တွင်း ကုမ္ပဏီများကိုလည်း စုံစမ်းနေကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချသူများသည် FOB Yangon စနစ်ဖြင့် ရန်ကုန်ဆိပ်ကမ်းပေါ် သင်္ဘောပေါ် အရောက် အရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ဆန်ဝယ်ယူသည့် အဝယ်သမားများသည် အချိန်မှန်စွာဖြင့် သင်္ဘောမှကုန်မချနိုင်ပါက ကြာမြင့်စွာသိုလှောင်မှု (long Storage) သည် ဖြစ်ပေါ်ပြီး အရည်အသွေး ထိခိုက်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 
လက်ရှိဖြစ်ပွားခဲ့သောကိစ္စတွင်လည်း ယေဘုယျအားဖြင့် အာဖရိကနိုင်ငံ (၄) နိုင်ငံအထိ ကုန်မချနိုင်ဘဲ လှည့်ပတ်နေရသည့်အတွက် ကြာမြင့်စွာသိုလှောင်မှု long Storage ပြဿနာပင် ဖြစ်နိုင်ပြီး ဆန်ဝယ်သည့် အဝယ်သမားအနေဖြင့် အဆိုပါကိစ္စတွင် အဓိကတာဝန်ရှိသည်ဟု ယေဘုယျအားဖြင့် ယူဆနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
ယခုဖြစ်ပေါ်မှုသည် မြန်မာ့ဆန် ပြည်ပတင်ပို့မှုဈေးကွက်အတွက် ကြီးမားစွာ သက်ရောက်မှုရှိ၍ အချက်အလက်ပြည့်စုံစွာဖြင့် ဖြေရှင်းထုတ်ပြန်သွားရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေဖြင့် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။ 
- စုသက်နှင်း(အကုန်သိသတင်းဌာန) | Ref: ဓာတ်ပုံ- ghanaweb.com 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။