Skip to main content
ဖခင္က ငိုေနသည့္ ၁ ႏွစ္အ႐ြယ္သားျဖစ္သူအား ေျခေထာက္ႏွစ္ေခ်ာင္းကိုင္႐ိုက္ရာမွ သားျဖစ္သူေသဆုံး 
Ads Block

ဖခင္က ငိုေနသည့္ ၁ ႏွစ္အ႐ြယ္သားျဖစ္သူအား ေျခေထာက္ႏွစ္ေခ်ာင္းကိုင္႐ိုက္ရာမွ သားျဖစ္သူေသဆုံး 

ဖခင္ျဖစ္သူက ၁ ႏွစ္အ႐ြယ္သားျဖစ္သူငိုေနသည္ကိုစိတ္တိုၿပီး ေျခေထာက္ႏွစ္ေခ်ာင္းကိုင္၍ ကြန္ကရစ္ လမ္းေပၚသို႔ ႐ိုက္ၿပီးပစ္ခ်ထားခဲ့ရာမွ ကေလးျဖစ္သူေသဆုံးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နယ္၊ ပိတ္စြယ္နယ္ေျမ (၁) ရပ္ရွိ လမ္းေပၚ၌ ဧၿပီလ ၁၆ ရက္၊ နံနက္ ၂ နာရီ ခြဲခန႔္က ကေလးအေလာင္း (၁) ေလာင္းေတြ႕ရွိေၾကာင္း သတင္းအရ မိုးကုတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့သည္။
စစ္ေဆးခ်က္အရ ေသဆုံးသူမွာ ေမာင္ဇြဲလႈိင္ၿဖိဳး(ခ)ဂူတားအင္ဂါ၊ (၁)ႏွစ္ျဖစ္ၿပီး ဒဏ္ရာမ်ားရရွိၿပီး ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္ကိုစုံစမ္းခဲ့ရာ ဧၿပီလ ၁၅ ရက္၊ ည ၁၁ နာရီခန႔္က ပိတ္စြယ္နယ္ေျမ(၁)ရပ္ေန အားဆာ(ခ)ေပၚလု၊ (၂၈) ႏွစ္သည္ ၎၏သားျဖစ္သူ ေမာင္ဇြဲလႈိင္ၿဖိဳး(ခ)ဂူတားအင္ဂါမွာ ငိုေနသျဖင့္ စိတ္တို၍ ေျခေထာက္ႏွစ္ေခ်ာင္းမွကိုင္ကာ ေနအိမ္အဝင္ကြန္ကရစ္လမ္းေပၚသို႔ (၂) ခ်က္ကိုင္႐ိုက္ၿပီး ပစ္ခ်ထားခဲ့ရာမွ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အားဆာ(ခ)ေပၚလု၊ (၂၈) ႏွစ္ကို မိုးကုတ္ၿမိဳ႕မရဲစခန္း၌ (ပ)၆၆/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၀၂ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode version

ဖခင်က ငိုနေသည့် ၁ နှစ်အရွယ်သားဖြစ်သူအား ခြေထောက်နှစ်ချောင်းကိုင်ရိုက်ရာမှ သားဖြစ်သူသေဆုံး 

ဖခင်ဖြစ်သူက ၁ နှစ်အရွယ်သားဖြစ်သူငိုနေသည်ကိုစိတ်တိုပြီး ခြေထောက်နှစ်ချောင်းကိုင်၍ ကွန်ကရစ် လမ်းပေါ်သို့ ရိုက်ပြီးပစ်ချထားခဲ့ရာမှ ကလေးဖြစ်သူသေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပိတ်စွယ်နယ်မြေ (၁) ရပ်ရှိ လမ်းပေါ်၌ ဧပြီလ ၁၆ ရက်၊ နံနက် ၂ နာရီ ခွဲခန့်က ကလေးအလောင်း (၁) လောင်းတွေ့ရှိကြောင်း သတင်းအရ မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ သေဆုံးသူမှာ မောင်ဇွဲလှိုင်ဖြိုး(ခ)ဂူတားအင်ဂါ၊ (၁)နှစ်ဖြစ်ပြီး ဒဏ်ရာများရရှိပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်ကိုစုံစမ်းခဲ့ရာ ဧပြီလ ၁၅ ရက်၊ ည ၁၁ နာရီခန့်က ပိတ်စွယ်နယ်မြေ(၁)ရပ်နေ အားဆာ(ခ)ပေါ်လု၊ (၂၈) နှစ်သည် ၎င်း၏သားဖြစ်သူ မောင်ဇွဲလှိုင်ဖြိုး(ခ)ဂူတားအင်ဂါမှာ ငိုနေသဖြင့် စိတ်တို၍ ခြေထောက်နှစ်ချောင်းမှကိုင်ကာ နေအိမ်အဝင်ကွန်ကရစ်လမ်းပေါ်သို့ (၂) ချက်ကိုင်ရိုက်ပြီး ပစ်ချထားခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အားဆာ(ခ)ပေါ်လု၊ (၂၈) နှစ်ကို မိုးကုတ်မြို့မရဲစခန်း၌ (ပ)၆၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။