Skip to main content
အာေမးနီးယန္းလူမ်ိဳးသုဥ္းသတ္ျဖတ္မႈအား အသိအမွတ္ျပဳမည့္အတြက္ ျပင္သစ္နဲ႔ အီတလီတုိ႔ကုိ တူရကီ ျပင္းျပင္းထန္ထန္ ကန္႔ကြက္
Ads Block

အာေမးနီးယန္းလူမ်ိဳးသုဥ္းသတ္ျဖတ္မႈအား အသိအမွတ္ျပဳမည့္အတြက္ ျပင္သစ္နဲ႔ အီတလီတုိ႔ကုိ တူရကီ ျပင္းျပင္းထန္ထန္ ကန္႔ကြက္

လြန္ခဲ့တဲ့ႏွစ္တစ္ရာခန္႔တုန္းက အာေမးနီးယန္းလူမ်ိဳးမ်ား အစုလုိက္အျပဳံလုိက္ အသတ္ခံခဲ့ရျခင္းအား လူမ်ိဳးသုဥ္းသတ္ျဖတ္မႈတစ္ရပ္အျဖစ္ ျပင္သစ္နဲ႔အီတလီတုိ႔က သီျခားစီအသိအမွတ္ ျပဳေတာ့မယ့္အေပၚ တူရကီႏုိင္ငံက ဧၿပီ ၁၁ ရက္ေန႔မွာ ျပင္းျပင္းထန္ထန္ကန္႔ကြက္႐ႈံ႕ခ်ခဲ့ပါတယ္။

အာေမးနီးယန္းလူမ်ိဳးသုဥ္းသတ္ျဖတ္မႈအား အသိအမွတ္ျပဳမည့္အတြက္ ျပင္သစ္နဲ႔ အီတလီတုိ႔ကုိ တူရကီ ျပင္းျပင္းထန္ထန္ ကန္႔ကြက္


၄င္းသတ္ျဖတ္မႈအတြက္ ဧၿပီလ ၂၄ ရက္ေန႔အား ႏွစ္ပတ္္လည္အထိမ္းအမွတ္ေန႔အျဖစ္ သတ္မွတ္မည္ျဖစ္ေၾကာင္း ျပင္သစ္သမၼတ မက္ခ႐ြန္က ဧၿပီ ၁၀ ရက္ေန႔မွာ လက္မွတ္ေရးထုိး ခဲ့ပါတယ္။ ၂၀၁၇ ေ႐ြးေကာက္ပြဲကတိနဲ႔အညီ ထုိသုိ႔ေဖၚေဆာင္မည္ျဖစ္ေၾကာင္း ဆုံးျဖတ္ခ်က္ကုိ မက္ခ႐ြန္က ေဖေဖၚဝါရီလမွာကတည္းက ေၾကညာခဲ့ပါတယ္။ တူရကီႏုိင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ မက္ခ႐ြန္ဟာ ေ႐ြးေကာက္ပြဲမွာတုန္းက အာေမးနီးယန္းေတြကုိ ထုိသုိ႔မဲဆြယ္စည္း႐ုံးခဲ့ၿပီး ယခုမွာေတာ့ ၄င္းေဖၚေဆာင္မႈအတြက္ ျပင္သစ္နဲ႔တူရကီတုိ႔ၾကား ဆက္ဆံေရးအေပၚ သက္ေရာက္ထိခုိက္ လာေတာ့မည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။
မြတ္စလင္ ေအာ္တုိမန္အင္ပါယာလက္ထက္ ျပည္တြင္းဘာသာေရးလူမ်ိဳးေရးပဋိပကၡေတြမွာ ခရစ္ယာန္အာေမးနီးယန္း ၁ သန္းခြဲခန္႔ အသတ္ခံခဲ့ရပါတယ္။ ေအာ္တုိမန္အင္ပါယာၿပိဳကြဲၿပီးေနာက္ ဆက္ခံေပၚထြန္းလာတဲ့ တူရကီက ၄င္းသတ္ျဖတ္မႈကို မျငင္းဆုိေပမယ့္ အေရအတြက္မမ်ားေၾကာင္း၊ စနစ္တက်သတ္ျဖတ္ျခင္းမဟုတ္ေၾကာင္း၊ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈမေျမာက္ေၾကာင္းေတာ့ ကန္႔ကြက္ေနဆဲ ျဖစ္ပါတယ္။ အီတလီမွာလည္း အာေမးနီးယန္းလူမ်ိဳးသုဥ္းသတ္ျဖတ္မႈကုိ အသိအမွတ္ ျပဳမည္ျဖစ္ေၾကာင္း အဆုိတင္သြင္းခဲ့ၾကရာ အဆုိပါ ဧၿပီ ၁၀ ရက္ေန႔မွာပဲ ေအာက္လႊတ္ေတာ္က သေဘာတူေပးခဲ့ပါတယ္။
ထုိသေဘာတူခ်က္ကုိလည္း တူရကီႏုိင္ငံျခားေရးဝန္ႀကီးဌာနက ကန္႔ကြက္ခဲ့ၿပီး ျပည္တြင္း ႏုိင္ငံေရးအက်ိဳးအျမတ္ရရန္အတြက္ အာေမးနီးယန္းတုိ႔ေတာင္းဆုိသည့္အတုိင္း လုိက္ေလ်ာ ေပးျခင္းရဲ႕သာဓက တစ္ရပ္အျဖစ္ သမုတ္ခဲ့ပါတယ္။

ZHO(အကုန္သိ သတင္းဌာန) | Ref : Reuters, wiki 

Unicode Version

အာမေးနီးယန်းလူမျိုးသုဉ်းသတ်ဖြတ်မှုအား အသိအမှတ်ပြုမည့်အတွက် ပြင်သစ်နဲ့ အီတလီတို့ကို တူရကီ ပြင်းပြင်းထန်ထန် ကန့်ကွက်
 

လွန်ခဲ့တဲ့နှစ်တစ်ရာခန့်တုန်းက အာမေးနီးယန်းလူမျိုးများ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရခြင်းအား လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်ရပ်အဖြစ် ပြင်သစ်နဲ့အီတလီတို့က သီခြားစီအသိအမှတ် ပြုတော့မယ့်အပေါ် တူရကီနိုင်ငံက ဧပြီ ၁၁ ရက်နေ့မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချခဲ့ပါတယ်။
၎င်းသတ်ဖြတ်မှုအတွက် ဧပြီလ ၂၄ ရက်နေ့အား နှစ်ပတ်လည်အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ဧပြီ ၁၀ ရက်နေ့မှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ၂၀၁၇ ရွေးကောက်ပွဲကတိနဲ့အညီ ထိုသို့ဖေါ်ဆောင်မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို မက်ခရွန်က ဖေဖေါ်ဝါရီလမှာကတည်းက ကြေညာခဲ့ပါတယ်။ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မက်ခရွန်ဟာ ရွေးကောက်ပွဲမှာတုန်းက အာမေးနီးယန်းတွေကို ထိုသို့မဲဆွယ်စည်းရုံးခဲ့ပြီး ယခုမှာတော့ ၎င်းဖေါ်ဆောင်မှုအတွက် ပြင်သစ်နဲ့တူရကီတို့ကြား ဆက်ဆံရေးအပေါ် သက်ရောက်ထိခိုက် လာတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မွတ်စလင် အော်တိုမန်အင်ပါယာလက်ထက် ပြည်တွင်းဘာသာရေးလူမျိုးရေးပဋိပက္ခတွေမှာ ခရစ်ယာန်အာမေးနီးယန်း ၁ သန်းခွဲခန့် အသတ်ခံခဲ့ရပါတယ်။ အော်တိုမန်အင်ပါယာပြိုကွဲပြီးနောက် ဆက်ခံပေါ်ထွန်းလာတဲ့ တူရကီက ၎င်းသတ်ဖြတ်မှုကို မငြင်းဆိုပေမယ့် အရေအတွက်မများကြောင်း၊ စနစ်တကျသတ်ဖြတ်ခြင်းမဟုတ်ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုမမြောက်ကြောင်းတော့ ကန့်ကွက်နေဆဲ ဖြစ်ပါတယ်။ အီတလီမှာလည်း အာမေးနီးယန်းလူမျိုးသုဉ်းသတ်ဖြတ်မှုကို အသိအမှတ် ပြုမည်ဖြစ်ကြောင်း အဆိုတင်သွင်းခဲ့ကြရာ အဆိုပါ ဧပြီ ၁၀ ရက်နေ့မှာပဲ အောက်လွှတ်တော်က သဘောတူပေးခဲ့ပါတယ်။
ထိုသဘောတူချက်ကိုလည်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ပြီး ပြည်တွင်း နိုင်ငံရေးအကျိုးအမြတ်ရရန်အတွက် အာမေးနီးယန်းတို့တောင်းဆိုသည့်အတိုင်း လိုက်လျော ပေးခြင်းရဲ့သာဓက တစ်ရပ်အဖြစ် သမုတ်ခဲ့ပါတယ်။

ZHO(အကုန်သိ သတင်းဌာန) | Ref : Reuters, wiki 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။