Skip to main content
ပါကစၥတန္ ေစ်းမွာ ဗံုးေပါက္ကြဲမႈျဖစ္၊ အနည္းဆံုး ၁၆ ဦးေသ 
Ads Block

ပါကစၥတန္ ေစ်းမွာ ဗံုးေပါက္ကြဲမႈျဖစ္၊ အနည္းဆံုး ၁၆ ဦးေသ 

ပါကစၥတန္ႏုိင္ငံ အေနာက္ေတာင္ပိုင္းရွိ ကြက္တာၿမိဳ႕ရွိ သစ္သီးေစ်းမွာ အင္အားျပင္းဗံုးတစ္လံုး ဒီေန႔ ေပါက္ကြဲခဲ့တာေၾကာင့္ အနည္းဆံုးလူေပါင္း ၁၆ ဦးေသဆံုးခဲ့ၿပီး လူအမ်ားအျပား ဒဏ္ရာရခဲ့ေၾကာင္းသိရပါတယ္။ အဆိုပါ ဗံုးဟာ ရွီယုိက္မြတ္စလင္ အမ်ားစုေနထုိင္တဲ့ နရာနားမွာ ေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ ပါကစၥတန္ အၾကီးတန္းအရာရွိ ခ်ီမာကေျပာပါတယ္။ ေသဆံုးသူမ်ားနဲ႔ ဒဏ္ရာရသူေတြကို ေဆးရံုကိုတင္ပို႔ထားရပါတယ္။ အဆုိပါ ဗံုးေပါက္ကြဲမႈက ပစ္မွတ္ထား တုိက္ခုိက္မႈမ်ိဳးျဖစ္တယ္လို႔ ပါကစၥတန္ရဲတပ္ဖြဲ႔ကေျပာပါတယ္။ ဗံုးေပါက္ကြဲမႈ နဲ႔ ပတ္သက္လုိ႔ ဘယ္အဖြဲ႔ကမွ ၀န္ခံထားတာ မရွိေသးပါဘူး၊ ဗံုးခြဲတုိက္ခုိ္က္မႈဟာ အၾကမ္းဖက္တုိက္ခုိက္တဲ့ လုပ္ရပ္ျဖစ္ေၾကာင္း၊ ဗံုးခြဲတုိက္ခုိက္မႈဟာ စိတ္ပ်က္ဖြယ္ရာေကာင္းတဲ့လုပ္ရပ္ျဖစ္ေၾကာင္း ပါကစၥတန္ ဘေလာ့ခ်ီစတန္ေဒသ အုပ္ခ်ဳပ္ေရးမွဴး က ေျပာပါတယ္။ ေပါက္ကြဲမႈဟာ နံနက္အေစာပိုင္းမွာျဖစ္ခဲ့ၿပီး ခ်ိန္ကုိက္ဗံုးမ်ိဳးျဖစ္ေၾကာင္း အသက္ရွင္ က်န္ရစ္သူေတြက ေျပာပါတယ္။ အဆုိပါ ၿမိဳ႕မွာ လူေပါင္း ၂ ဒသမ ၅ သန္းရွိၿပီး ရွီယိုက္ မြတ္စလင္ ၅ သိန္းေက်ာ္ ေနထိုင္ေနပါတယ္။ ၿမိဳဳ႕အတြင္းရွိ ရွီယုိက္မြတ္စလင္ေတြဟာ မၾကာခဏ ပစ္မွတ္ထားတုိက္ခုိက္တာခံရေၾကာင္း၊ ကြတ္တာၿမိဳ႕ ရဲတပ္ဖြဲ႔အၾကီးအကဲက ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကလည္း ကြက္တာၿမိဳ႕အတြင္းရွိ ရွီယုိက္ မြတ္စလင္ေတြကို ပစ္မွတ္ထား တုိက္ခုိက္တာမ်ိဳးရွိခဲ့ဖူးေၾကာင္း သိရပါတယ္။ ဗံုးေပါက္ကြဲမႈနဲ႔ ပတ္သက္လို႔ ေနာက္ကြယ္က ပါ၀င္ဆက္ႏြယ္သူေတြကို စံုစမ္းလ်က္ရွိေနေၾကာင္း ပါကစၥတန္ရဲေတြက ေျပာပါတယ္။

- ေကာင္းထက္ (အကုန္သိ သတင္းဌာန)

Unicode Version

ပါကစ္စတန် ဈေးမှာ ဗုံးပေါက်ကွဲမှုဖြစ်၊ အနည်းဆုံး ၁၆ ဦးသေ 

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကွက်တာမြို့ရှိ သစ်သီးဈေးမှာ အင်အားပြင်းဗုံးတစ်လုံး ဒီနေ့ ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံးလူပေါင်း ၁၆ ဦးသေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ဗုံးဟာ ရှီယိုက်မွတ်စလင် အများစုနေထိုင်တဲ့ နရာနားမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပါကစ္စတန် အကြီးတန်းအရာရှိ ချီမာကပြောပါတယ်။ သေဆုံးသူများနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံကိုတင်ပို့ထားရပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုက ပစ်မှတ်ထား တိုက်ခိုက်မှုမျိုးဖြစ်တယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့ကပြောပါတယ်။ ဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ ဝန်ခံထားတာ မရှိသေးပါဘူး၊ ဗုံးခွဲတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဗုံးခွဲတိုက်ခိုက်မှုဟာ စိတ်ပျက်ဖွယ်ရာကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း ပါကစ္စတန် ဘလော့ချီစတန်ဒေသ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။ ပေါက်ကွဲမှုဟာ နံနက်အစောပိုင်းမှာဖြစ်ခဲ့ပြီး ချိန်ကိုက်ဗုံးမျိုးဖြစ်ကြောင်း အသက်ရှင် ကျန်ရစ်သူတွေက ပြောပါတယ်။ အဆိုပါ မြို့မှာ လူပေါင်း ၂ ဒသမ ၅ သန်းရှိပြီး ရှီယိုက် မွတ်စလင် ၅ သိန်းကျော် နေထိုင်နေပါတယ်။ မြိုု့အတွင်းရှိ ရှီယိုက်မွတ်စလင်တွေဟာ မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်တာခံရကြောင်း၊ ကွတ်တာမြို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကွက်တာမြို့အတွင်းရှိ ရှီယိုက် မွတ်စလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးရှိခဲ့ဖူးကြောင်း သိရပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ နောက်ကွယ်က ပါဝင်ဆက်နွယ်သူတွေကို စုံစမ်းလျက်ရှိနေကြောင်း ပါကစ္စတန်ရဲတွေက ပြောပါတယ်။

- ကောင်းထက် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။