Skip to main content
ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန် ပုပ်ရဟန်းမင်းကြီးက တောင်ဆူဒန်ခေါင်းဆောင် တွေကို ဖိနပ်နမ်းရှုံ့ပြီး တောင်းပန်တိုက်တွန်း
Ads Block
ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန် ပုပ်ရဟန်းမင်းကြီးက တောင်ဆူဒန်ခေါင်းဆောင် တွေကို ဖိနပ်နမ်းရှုံ့ပြီး တောင်းပန်တိုက်တွန်း
ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန် ပုပ်ရဟန်းမင်းကြီးက တောင်ဆူဒန်ခေါင်းဆောင် တွေကို ဖိနပ်နမ်းရှုံ့ပြီး တောင်းပန်တိုက်တွန်း
ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန် ပုပ်ရဟန်းမင်းကြီးက တောင်ဆူဒန်ခေါင်းဆောင် တွေကို ဖိနပ်နမ်းရှုံ့ပြီး တောင်းပန်တိုက်တွန်း
 “ ငြိမ်းချမ်းစွာနေကြပါဟု သင်တို့အား ညီအစ်ကိုတစ်ယောက်သဖွယ် ကျွန်ုပ် ပြောကြားလိုပါတယ်။ ငြိမ်းချမ်းရေးကို ဆက်လက်ဖေါ်ဆောင်ဖို့ ကျွန်ုပ် အလေးအနက် တိုက်တွန်းပါတယ်။ ပြဿနာ အခက်အခဲတွေ အများကြီးရှိလာမှာ ဖြစ်ပေမယ့် အဲဒါတွေက ကျွန်ုပ်တို့ကို အနိုင်ယူသွားမှာ မဟုတ်ပါဘူး။ ပြဿနာတွေကို ကိုယ်တွယ်ဖြေရှင်းကြပါ ”ဟု ပုပ်ရဟန်းမင်းကြီးက ၄င်းဆန္ဒ ရှိသည့်အတိုင်း လက်တန်းတိုက်တွန်းခဲ့ပါတယ်။
ဧပြီ ၁၁ ရက်နေ့ အိမ်နီးချင်းဆူဒန်နိုင်ငံရဲ့ အာဏာသိမ်းပွဲမှာ သမ္မတဘာရှား ဖြုတ်ချခံလိုက် ရတဲ့အတွက် ၄င်းရဲ့ဂယက်တွေဟာ တောင်ဆူဒန်သို့ ကူးစက်လာပြီး ပြည်တွင်းစစ် တစ်ဖန်ပြန်ဖြစ်ပွားနိုင်ခြေ ရှိနေပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန် ပုပ်ရဟန်းမင်းကြီးက တောင်ဆူဒန်ခေါင်းဆောင် တွေကို ဖိနပ်နမ်းရှုံ့ပြီး တောင်းပန်တိုက်တွန်း
Unicode Version
ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန် ပုပ်ရဟန်းမင်းကြီးက တောင်ဆူဒန်ခေါင်းဆောင် တွေကို ဖိနပ်နမ်းရှုံ့ပြီး တောင်းပန်တိုက်တွန်
တောင်ဆူဒန်မှာ ပြည်တွင်းစစ်မီး တစ်ဖန်ထပ်မပျံ့ပွားစေရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပြည်တွင်းစစ်တိုက်နေတဲ့ တောင်ဆူဒန်ခေါင်းဆောင်တွေရဲ့ ခြေထောက်ကို ဧပြီ ၁၁ ရက်နေ့မှာ နမ်းရှုံ့ပြီး တောင်းပန်တိုက်တွန်းခဲ့ကြောင်း သတင်းရရှိပါတယ်။
တောင်ဆူဒန်ပြည်တွင်းစစ် အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာကြပြီး လာမယ့်လအတွင်း ညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကို အမှန်တကယ်ဖေါ်ဆောင်ကြရန် တောင်ဆူဒန်သမ္မတ ဆယ်ဗာကီယာ ၊ ဒုသမ္မတဟောင်းတစ်ဖြစ်လဲ သူပုန်ခေါင်းဆောင် ရိခ်မက်ခါနဲ့ အခြားဒုသမ္မတ ၃ ဦးကို ပုပ်ရဟန်းမင်းကြီးက တောင်းပန်ခဲ့ပါတယ်။
 “ ငြိမ်းချမ်းစွာနေကြပါဟု သင်တို့အား ညီအစ်ကိုတစ်ယောက်သဖွယ် ကျွနု်ပ် ပြောကြားလိုပါတယ်။ ငြိမ်းချမ်းရေးကို ဆက်လက်ဖေါ်ဆောင်ဖို့ ကျွနု်ပ် အလေးအနက် တိုက်တွန်းပါတယ်။ ပြဿနာ အခက်အခဲတွေ အများကြီးရှိလာမှာ ဖြစ်ပေမယ့် အဲဒါတွေက ကျွနု်ပ်တို့ကို အနိုင်ယူသွားမှာ မဟုတ်ပါဘူး။ ပြဿနာတွေကို ကိုယ်တွယ်ဖြေရှင်းကြပါ ”ဟု ပုပ်ရဟန်းမင်းကြီးက ၎င်းဆန္ဒ ရှိသည့်အတိုင်း လက်တန်းတိုက်တွန်းခဲ့ပါတယ်။
ထို့နောက်မှာတော့ အိုမင်းနေပြီး ခြေထောက်ကိုက်ခဲမှု နာတာရှည်ဝေဒနာသည် ပုပ်ရဟန်းမင်းကြီးဟာ ကြိုးစားဒူးထောက်ကာ ရန်ဖက်ခေါင်းဆောင် ၂ ဦးနဲ့ အခြားပုဂ္ဂိုလ်အချို့တို့ကို ဖိနပ်နမ်းရှုံ့ခြင်းဖြင့် တောင်းပန်ခဲ့ပါတယ်။
ဧပြီ ၁၁ ရက်နေ့ အိမ်နီးချင်းဆူဒန်နိုင်ငံရဲ့ အာဏာသိမ်းပွဲမှာ သမ္မတဘာရှား ဖြုတ်ချခံလိုက် ရတဲ့အတွက် ၎င်းရဲ့ဂယက်တွေဟာ တောင်ဆူဒန်သို့ ကူးစက်လာပြီး ပြည်တွင်းစစ် တစ်ဖန်ပြန်ဖြစ်ပွားနိုင်ခြေ ရှိနေပါတယ်။
ထို့အတွက် သဘောထားချင်း အစိပ်စိပ်ကွဲပြားနေမှုများကို စုစည်းပြီး ညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် ဆုတောင်း၊ တရားနာ လာခဲ့ကြရန် ပုပ်ရဟန်းမင်းကြီးဟာ တောင်ဆူဒန်ခေါင်းဆောင်တွေကို ၂၄ နာရီစာ ဆင့်ခေါ်ခဲ့ပါတယ်။
ဆူဒန်ဟာ မွတ်စလင်ဦးရေများတဲ့ နိုင်ငံဖြစ်ပြီး ၎င်းရဲ့တောင်ပိုင်းမှာ ခရစ်ယာန်ဦးရေ ပိုများခဲ့ပါတယ်။ တောင်ပိုင်းသားတွေဟာ လူမျိုးရေးဘာသာရေးအခြေခံတဲ့ ပြည်တွင်းစစ်ကို ဆယ်စုနှစ်နဲ့ချီကြာအောင် ဆင်နွှဲပြီးနောက် ၂၀၁၁ မှာတော့ တောင်ဆူဒန်နိုင်ငံအဖြစ် ခွဲထွက်နိုင်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ဒင်ကာလူမျိုး သမ္မတ ဆယ်ဗာကီယာက နျူအာလူမျိုး ဒုသမ္မတဟောင်း ရိခ်မက်ခါကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့အတွက် တောင်ဆူဒန်ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပါတယ်။ ၎င်းမှာ လူ ၄ သိန်းကျော် သေဆုံးခဲ့ပြီး ၄ သန်းကျော် စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
၎င်းပြည်တွင်းစစ်အတွက် ၂၀၁၈ စက်တင်ဘာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူနိုင်ခဲ့ပေမဲ့ တရားဝင်မပြီးပြတ်သေးပါဘူး။ လာမယ့်လမှာ ညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းမည်ဟု သိရပါတယ်။
- ZHO (အကုန်သိ သတင်းဌာန)  | Ref: (Reuters – 12.4.19)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။