Skip to main content
စင္ကာပူတြင္ ၁၂ အရြယ္ မိန္းကေလးအား မုဒိမ္းက်င့္မႈျဖင့္ ဘဂၤလားေဒ့ရွ္ ေဆာက္လုပ္ေရးလုပ္သားကုိ ေထာင္ဒဏ္ႏွင့္ ႀကိမ္ဒဏ္ ခ်မွတ္ 
Ads Block

စင္ကာပူတြင္ ၁၂ အရြယ္ မိန္းကေလးအား မုဒိမ္းက်င့္မႈျဖင့္ ဘဂၤလားေဒ့ရွ္ ေဆာက္လုပ္ေရးလုပ္သားကုိ ေထာင္ဒဏ္ႏွင့္ ႀကိမ္ဒဏ္ ခ်မွတ္ 

စင္ကာပူႏုိင္ငံမွာ အသက္ ၁၂ အရြယ္ မိန္းကေလးတစ္ဦးကုိ လိင္ပုိင္းဆုိင္ရာ ညစ္ညမ္းစာေတြ ဗီဒီယုိေတြ ပုိ ့ရင္း လိင္ဆက္ဆံဖုိ ့ သိမ္းသြင္းခဲ့ၿပီးေနာက္ မိန္းကေလးကုိ ေရကန္စပ္တစ္ေနရာမွာ သုံးႀကိမ္တုိင္တုိင္ အဓမၼျပဳက်င့္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္ ေဆာက္လုပ္ေရး လုပ္သားတစ္ဦးကုိ ဧၿပီ ၁၂ ရက္ေန ့မွာ ေထာင္ဒဏ္ ၂၂ ႏွစ္နဲ ့ ႀကိမ္ဒဏ္ ၁၈ ခ်က္ခ်မွတ္လုိက္ေၾကာင္း သိရပါတယ္။ 

စင္ကာပူတြင္ ၁၂ အရြယ္ မိန္းကေလးအား မုဒိမ္းက်င့္မႈျဖင့္ ဘဂၤလားေဒ့ရွ္ ေဆာက္လုပ္ေရးလုပ္သားကုိ ေထာင္ဒဏ္ႏွင့္ ႀကိမ္ဒဏ္ ခ်မွတ္ 


         ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီလအတြင္းက အျမန္ရထား တစ္စီး ေပၚမွာ မိန္းကေလးနဲ ့ စတင္ေတြ ့ရွိခဲ့ခ်ိန္မွာ က်ဴးလြန္သူ ဒက္စ္ ရာတန္ခ်န္ဒရာ ဟာ အသက္ဟာ ၄၁ ႏွစ္ျဖစ္ၿပီး မိန္းကေလးထက္ အသက္မ်ားစြာ ႀကီးသူျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီ ၅ ရက္ေန ့က မိန္းကေလးဟာ အဘုိးအဘြားေတြနဲ ့အတူ ေယာင္းမျဖစ္သူရဲ ့ ေမြးေန ့ကုိ အျမန္ရထားစီးသြားေနခဲ့ၾကတာျဖစ္ပါတယ္။ ယင္း ခရီးစဥ္ အတြင္း ခ်န္ဒရာက မိန္းကေလးကုိ သတိျပဳမိကာ အႀကိမ္ႀကိမ္  ၾကည့္ေနခဲ့တယ္လုိ ့ ဆုိပါတယ္။ ခ်ဳိအာခ်ဴကန္ ဘူတာရုံမွာ ေျမးအဖြားေတြ ဆင္းခ်ိန္ ခ်န္ဒရာ ေနာက္က လုိက္သြားခဲ့ပါတယ္။ ယင္းေနာက္ ၄င္းဟာ စာရြက္ပုိင္းတစ္ခုမွာ ဖုန္းနံပါတ္ႏွစ္ခုခ်ေရးကာ အဘုိးအဘြားေတြ မသိဘဲ မိန္းေလးကုိ ေပးခဲ့ပါတယ္။ ယင္းေန ့မွာ မိန္းကေလးက ခ်န္ဒရာကုိ ဖုန္းေခၚျဖစ္ခ်ိန္မွစကာ SMS၊ WhatsApp နဲ ့ ေဖ့စ္ဘုတ္ မက္ဆင္ဂ်ာတုိ ့ကတဆင့္ ၄င္းတုိ ့ေတြ စာတုိေပး စကားေျပာဆုိမႈေတြ စလုပ္ခဲ့ၾကပါတယ္။ 
      ခ်န္ဒရာဟာ မိန္းကေလးအသက္ ၁၂ ႏွစ္သာရွိေသးတယ္ သိရွိခဲ့သလုိ ယင္းအခ်ိန္က ၄င္းအသက္ ၃၈ ႏွစ္ျဖစ္ေနတာကုိလည္း ၂၅ ႏွစ္လုိ ့ လိမ္ညာေျပာဆုိထားခဲ့ပါတယ္။ မိန္းကေလးက သူ ့အသက္အရြယ္ကုိ အသိေပးေျပာဆုိခဲ့ေပမယ့္ ခ်န္ဒရီဟာ မိန္းကေလးကုိ လိင္ပုိင္းဆုိင္ရာ ညစ္ညမ္းစကားေတြ ေျပာျခင္း မဖြယ္မရာပုံေတြပုိ ့ျခင္းတုိ ့လုပ္ေဆာင္ခဲ့ကာ မိန္းကေလးကုိလည္း ယင္းသုိ ့ျပန္ပုိ ့ေပးဖုိ ့ ေတာင္းဆုိခဲ့ပါတယ္။ မိန္းကေလးက ကနဦးမွာ ျငင္းဆန္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ဖေအေလာက္အရြယ္ႀကီးထံ သူရဲ ့ မိေမြးတုိင္း ဖေမြးတုိင္းပုံေတြ ေပးပုိ ့ခဲ့ရပါေတာ့တယ္။ 
       ခ်န္ဒရာဟာ လိင္ဆက္ဆံပုံ ဆက္ဆံနည္းေတြ ေျပာဆုိကာ မိန္းကေလးကုိ စိတ္ယုိင္လာဖုိ ့ ညဏ္ဆင္ခဲ့ပါတယ္။ ၄င္းတုိ ့ဟာ ၂၀၁၇ ေဖေဖာ္၀ါရီလမွ ဧၿပီလအတြင္း ၅ ႀကိမ္ထက္မနည္း ေတြ ့ဆုံခဲ့ၾကကာ လိင္ကိစၥေတြ က်ဴးလြန္ခဲ့ၿပီး ၃ ႀကိမ္တုိင္ ကာမဆက္ဆံ ခဲ့ေၾကာင္း သိရပါတယ္။ 
           ၂၀၁၇ မတ္ ၂၆ ရက္ေန ့မွာ ပန္းၿခံတစ္ခုရွိ ေတာတန္း တစ္ေနရာမွာ မိန္းကေလးဟာ သူ ့ရဲ ့ အပ်ဳိစင္ဘ၀ကုိ ကေလး ႏွစ္ေယာက္ အေဖထံ ေပးခဲ့ရတာျဖစ္ပါတယ္။ ယင္းေနာက္ ဧၿပီ ၂ ရက္နဲ ့၂၃ ရက္ေန ့မွာလည္း မိန္းကေလးဟာ ထပ္မံဆက္ဆံခံခဲ့ ရပါတယ္။ မိန္းကေလးရဲ ့ အေနအထုိင္အျပဳအမူကုိ မိခင္က မသကၤာျဖစ္ကာ ဖုန္းအဆက္အသြယ္ေတြကုိ စစ္ၾကည့္ရာက ၄င္းတုိ႔ ႏွစ္ဦးရဲ႕အေျခအေနကုိ သိရွိသြားကာ ရဲတုိင္ခဲ့တာျဖစ္ပါတယ္။

- ကိုလင္း (အကုန္သိ သတင္းဌာန)  | Ref:CNA

Unicode Version

စင်ကာပူတွင် ၁၂ အရွယ် မိန်းကလေးအား မုဒိမ်းကျင့်မှုဖြင့် ဘင်္ဂလားဒေ့ရှ် ဆောက်လုပ်ရေးလုပ်သားကို ထောင်ဒဏ်နှင့် ကြိမ်ဒဏ် ချမှတ် 

          စင်ကာပူနိုင်ငံမှာ အသက် ၁၂ အရွယ် မိန်းကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာတွေ ဗီဒီယိုတွေ ပို့ရင်း လိင်ဆက်ဆံဖို့ သိမ်းသွင်းခဲ့ပြီးနောက် မိန်းကလေးကို ရေကန်စပ်တစ်နေရာမှာ သုံးကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ဆောက်လုပ်ရေး လုပ်သားတစ်ဦးကို ဧပြီ ၁၂ ရက်နေ့မှာ ထောင်ဒဏ် ၂၂ နှစ်နဲ့ ကြိမ်ဒဏ် ၁၈ ချက်ချမှတ်လိုက်ကြောင်း သိရပါတယ်။ 
         ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အမြန်ရထား တစ်စီး ပေါ်မှာ မိန်းကလေးနဲ့ စတင်တွေ့ရှိခဲ့ချိန်မှာ ကျူးလွန်သူ ဒက်စ် ရာတန်ချန်ဒရာ ဟာ အသက်ဟာ ၄၁ နှစ်ဖြစ်ပြီး မိန်းကလေးထက် အသက်များစွာ ကြီးသူဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က မိန်းကလေးဟာ အဘိုးအဘွားတွေနဲ့အတူ ယောင်းမဖြစ်သူရဲ့ မွေးနေ့ကို အမြန်ရထားစီးသွားနေခဲ့ကြတာဖြစ်ပါတယ်။ ယင်း ခရီးစဉ် အတွင်း ချန်ဒရာက မိန်းကလေးကို သတိပြုမိကာ အကြိမ်ကြိမ်  ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။ ချိုအာချူကန် ဘူတာရုံမှာ မြေးအဖွားတွေ ဆင်းချိန် ချန်ဒရာ နောက်က လိုက်သွားခဲ့ပါတယ်။ ယင်းနောက် ၎င်းဟာ စာရွက်ပိုင်းတစ်ခုမှာ ဖုန်းနံပါတ်နှစ်ခုချရေးကာ အဘိုးအဘွားတွေ မသိဘဲ မိန်းလေးကို ပေးခဲ့ပါတယ်။ ယင်းနေ့မှာ မိန်းကလေးက ချန်ဒရာကို ဖုန်းခေါ်ဖြစ်ချိန်မှစကာ SMS၊ WhatsApp နဲ့ ဖေ့စ်ဘုတ် မက်ဆင်ဂျာတို့ကတဆင့် ၎င်းတို့တွေ စာတိုပေး စကားပြောဆိုမှုတွေ စလုပ်ခဲ့ကြပါတယ်။ 
      ချန်ဒရာဟာ မိန်းကလေးအသက် ၁၂ နှစ်သာရှိသေးတယ် သိရှိခဲ့သလို ယင်းအချိန်က ၎င်းအသက် ၃၈ နှစ်ဖြစ်နေတာကိုလည်း ၂၅ နှစ်လို့ လိမ်ညာပြောဆိုထားခဲ့ပါတယ်။ မိန်းကလေးက သူ့အသက်အရွယ်ကို အသိပေးပြောဆိုခဲ့ပေမယ့် ချန်ဒရီဟာ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစကားတွေ ပြောခြင်း မဖွယ်မရာပုံတွေပို့ခြင်းတို့လုပ်ဆောင်ခဲ့ကာ မိန်းကလေးကိုလည်း ယင်းသို့ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မိန်းကလေးက ကနဦးမှာ ငြင်းဆန်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဖအေလောက်အရွယ်ကြီးထံ သူရဲ့ မိမွေးတိုင်း ဖမွေးတိုင်းပုံတွေ ပေးပို့ခဲ့ရပါတော့တယ်။ 
       ချန်ဒရာဟာ လိင်ဆက်ဆံပုံ ဆက်ဆံနည်းတွေ ပြောဆိုကာ မိန်းကလေးကို စိတ်ယိုင်လာဖို့ ညဏ်ဆင်ခဲ့ပါတယ်။ ၎င်းတို့ဟာ ၂၀၁၇ ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ၅ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကြကာ လိင်ကိစ္စတွေ ကျူးလွန်ခဲ့ပြီး ၃ ကြိမ်တိုင် ကာမဆက်ဆံ ခဲ့ကြောင်း သိရပါတယ်။ 
           ၂၀၁၇ မတ် ၂၆ ရက်နေ့မှာ ပန်းခြံတစ်ခုရှိ တောတန်း တစ်နေရာမှာ မိန်းကလေးဟာ သူ့ရဲ့ အပျိုစင်ဘဝကို ကလေး နှစ်ယောက် အဖေထံ ပေးခဲ့ရတာဖြစ်ပါတယ်။ ယင်းနောက် ဧပြီ ၂ ရက်နဲ့၂၃ ရက်နေ့မှာလည်း မိန်းကလေးဟာ ထပ်မံဆက်ဆံခံခဲ့ ရပါတယ်။ မိန်းကလေးရဲ့ အနေအထိုင်အပြုအမူကို မိခင်က မသင်္ကာဖြစ်ကာ ဖုန်းအဆက်အသွယ်တွေကို စစ်ကြည့်ရာက ၎င်းတို့ နှစ်ဦးရဲ့အခြေအနေကို သိရှိသွားကာ ရဲတိုင်ခဲ့တာဖြစ်ပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref:CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။