Skip to main content
သန္လ်င္တံတားအမွတ္(၃) တည္ေဆာက္မႈ ေမလတြင္ လုပ္ငန္းစတင္မည္
Ads Block

သန္လ်င္တံတားအမွတ္(၃) တည္ေဆာက္မႈ ေမလတြင္ လုပ္ငန္းစတင္မည္

သန္လ်င္ တံတား အမွတ္(၃) တည္ေဆာက္မႈ လုပ္ငန္းပိုင္းဆိုင္ရာကို ေမလတြင္ လုပ္ငန္းစတင္မည္ျဖစ္ေၾကာင္း PMU Group မွ သိရသည္။
လက္ရွိတြင္ တံတားတည္ေဆာက္ရန္ အႀကိဳအင္ဂ်င္နီယာလုပ္ငန္းမ်ား ေဆာင္ရြက္ေနၿပီး တည္ေဆာက္ေရး လုပ္ငန္းအားလံုးကို ေမလတြင္ စတင္မည္ျဖစ္ေၾကာင္း သိရသည္။ 

သန္လ်င္တံတားအမွတ္(၃) တည္ေဆာက္မႈ ေမလတြင္ လုပ္ငန္းစတင္မည္


အဆိုပါ တံတားတည္ေဆာက္ေရးကာလကို ၂၀၁၉ ခုႏွစ္မွ ၂၀၂၂ အထိ ခန္႔မွန္းထားၿပီး ယာဥ္တစ္စီးခ်င္း ခံႏိုင္ဝန္ကို ၇၅ တန္ သတ္မွတ္ထားကာ တံတား၏ သက္တမ္းကိုေတာ့ ဂ်ပန္ကန္ထရိုက္တာႏွင့္ တြက္ခ်က္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ေမလမွာေတာ့ လုပ္ငန္းေတြအားလံုး စတင္သြားမယ္။ ဒီတံတားတစ္ခုလံုး ၿပီးစီးသြားရင္ေတာ့ တံတားအေဟာင္းဘက္ကို တန္ ခ်ိန္ ဘယ္ေလာက္ယာဥ္ေတြကို ခြင့္ျပဳေပးသြားမလဲဆိုတာကိုေတာ့ ျပန္ၿပီးေတာ့ တြက္ခ်က္သြားပါမယ္။ ယာဥ္ေၾကာက်ပ္ တည္း မႈကိုေတာ့ ေျဖရွင္းၿပီးသားလည္း ျဖစ္သြားပါလိမ့္မယ္”ဟု PMU Group မွ စီမံကိန္းဒါရိုက္တာ ဦးေဌးဦးက ေျပာသည္။
လက္ရွိအသံုးျပဳေနသည့္ သန္လ်င္အမွတ္(၁) တံတားေပၚတြင္ ေန႔စဥ္ ယာဥ္အစီးေရ ၅၀၀၀ ဝန္းက်င္ ျဖတ္သန္းသြား လ်က္ရွိ ေၾကာင္း သိရသည္။
အသစ္တည္ေဆာက္မည့္ သန္လ်င္တံတားအမွတ္(၃) တံတားသစ္သည္ ၄၄၈ မီတာရွည္ေသာ ႀကိဳးဆိုင္းတံတား၊ ၁၀၃၃ မီတာ ရွည္ေသာ သံေဘာင္ယက္မတံတားႏွင့္ ၅၅၀ မီတာရွည္ေသာ PC ယက္မတံတား စသည့္ အဓိကအစိတ္အပိုင္း သံုးခု ပါဝင္ၿပီး တံတားအစိတ္အပိုင္းအားလံုး၏ စုစုေပါင္းအရွည္မွာ ၂၀၃၁ မီတာရွည္လ်ားမည္ျဖစ္ေၾကာင္း သိရသည္။ 
ထို႔အျပင္ တံတားတစ္ခုလံုး၏ ကုန္က်စရိတ္ကို ကန္ေဒၚလာ သန္း ၂၉၀ ကုန္က်မည္ဟု ခန္႔မွန္းထားေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

Unicode Version

သန်လျင်တံတားအမှတ်(၃) တည်ဆောက်မှု မေလတွင် လုပ်ငန်းစတင်မည်

သန်လျင် တံတား အမှတ်(၃) တည်ဆောက်မှု လုပ်ငန်းပိုင်းဆိုင်ရာကို မေလတွင် လုပ်ငန်းစတင်မည်ဖြစ်ကြောင်း PMU Group မှ သိရသည်။
လက်ရှိတွင် တံတားတည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေပြီး တည်ဆောက်ရေး လုပ်ငန်းအားလုံးကို မေလတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ တံတားတည်ဆောက်ရေးကာလကို ၂၀၁၉ ခုနှစ်မှ ၂၀၂၂ အထိ ခန့်မှန်းထားပြီး ယာဉ်တစ်စီးချင်း ခံနိုင်ဝန်ကို ၇၅ တန် သတ်မှတ်ထားကာ တံတား၏ သက်တမ်းကိုတော့ ဂျပန်ကန်ထရိုက်တာနှင့် တွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။
“မေလမှာတော့ လုပ်ငန်းတွေအားလုံး စတင်သွားမယ်။ ဒီတံတားတစ်ခုလုံး ပြီးစီးသွားရင်တော့ တံတားအဟောင်းဘက်ကို တန် ချိန် ဘယ်လောက်ယာဉ်တွေကို ခွင့်ပြုပေးသွားမလဲဆိုတာကိုတော့ ပြန်ပြီးတော့ တွက်ချက်သွားပါမယ်။ ယာဉ်ကြောကျပ် တည်း မှုကိုတော့ ဖြေရှင်းပြီးသားလည်း ဖြစ်သွားပါလိမ့်မယ်”ဟု PMU Group မှ စီမံကိန်းဒါရိုက်တာ ဦးဌေးဦးက ပြောသည်။
လက်ရှိအသုံးပြုနေသည့် သန်လျင်အမှတ်(၁) တံတားပေါ်တွင် နေ့စဉ် ယာဉ်အစီးရေ ၅၀၀၀ ဝန်းကျင် ဖြတ်သန်းသွား လျက်ရှိ ကြောင်း သိရသည်။
အသစ်တည်ဆောက်မည့် သန်လျင်တံတားအမှတ်(၃) တံတားသစ်သည် ၄၄၈ မီတာရှည်သော ကြိုးဆိုင်းတံတား၊ ၁၀၃၃ မီတာ ရှည်သော သံဘောင်ယက်မတံတားနှင့် ၅၅၀ မီတာရှည်သော PC ယက်မတံတား စသည့် အဓိကအစိတ်အပိုင်း သုံးခု ပါဝင်ပြီး တံတားအစိတ်အပိုင်းအားလုံး၏ စုစုပေါင်းအရှည်မှာ ၂၀၃၁ မီတာရှည်လျားမည်ဖြစ်ကြောင်း သိရသည်။ 
ထို့အပြင် တံတားတစ်ခုလုံး၏ ကုန်ကျစရိတ်ကို ကန်ဒေါ်လာ သန်း ၂၉၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။