Skip to main content
ေဘာလံုးအကယ္ဒမီေက်ာင္းမ်ားမွ ေက်ာင္းသားမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈမွာ လစ္ဟာမႈ တစ္ႀကိမ္မွ် မရွိခဲ့ဟုဆို
Ads Block

ေဘာလံုးအကယ္ဒမီေက်ာင္းမ်ားမွ ေက်ာင္းသားမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈမွာ လစ္ဟာမႈ တစ္ႀကိမ္မွ် မရွိခဲ့ဟုဆို

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ လက္ေအာက္ရွိ ေဘာလံုးအကယ္ဒမီေက်ာင္းမ်ားမွ ေက်ာင္းသားမ်ား၏ က်န္းမာေရးေစာင့္ ေရွာက္ မႈမွာ တစ္ႀကိမ္မွ် လစ္ဟာမႈမရွိခဲ့ဟု ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးကိုကိုသိန္းက ေျပာသည္။

ေဘာလံုးအကယ္ဒမီေက်ာင္းမ်ားမွ ေက်ာင္းသားမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈမွာ လစ္ဟာမႈ တစ္ႀကိမ္မွ် မရွိခဲ့ဟုဆို


လက္ရွိတြင္ မႏၱေလးေဘာလံုးအကယ္ဒမီမွ ေက်ာင္းသားတစ္ဦးမွာ ရွားပါးဦးေႏွာက္ေရာင္ေရာဂါက ျဖစ္ပြားေနျခင္းေၾကာင့္ ပရိတ္ သတ္မ်ား၏ ေ၀ဖန္မႈမ်ားလည္း ရွိေနျခင္း ျဖစ္သည္။
“အကယ္ဒမီမွာ သက္ဆိုင္ရာ ဆရာ၀န္ေတြနဲ႔ ေက်ာင္းသားေတြကို အပတ္စဥ္ က်န္းမာေရး စစ္ေဆးေပးတာေတြ ရွိတယ္၊ ဒါေတြက အကယ္ဒမီေက်ာင္းေတြ စဖြင့္တည္းက လုပ္ေဆာင္ေပးတာပါ၊ ကၽြန္ေတာ္တို႔အဖြဲ႕ခ်ဳပ္ လက္ေအာက္မွာရွိတဲ့ အကယ္ ဒမီေက်ာင္းေတြဘက္က ေက်ာင္းသားေတြရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္လို႔ လစ္ဟာမႈကေတာ့ တစ္ႀကိမ္မွ မရွိခဲ့ပါဘူး”ဟု ဦးကိုကိုသိန္းက ေျပာသည္။
အကယ္ဒမီေက်ာင္းမ်ားတြင္ ေက်ာင္းသားမ်ား၏ က်န္းမာေရးႏွင့္ ပတ္သက္ၿပီး ေဆးစစ္ေပးမႈမ်ား ဒဏ္ရာအေျခအေနမ်ားကို သက္ဆိုင္ရာ ဆရာ၀န္မ်ားက အပတ္စဥ္ ကုသေစာင့္ေရွာက္မႈမ်ား ရွိသည္ဟုလည္း သိရသည္။

ေဘာလံုးအကယ္ဒမီေက်ာင္းမ်ားမွ ေက်ာင္းသားမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈမွာ လစ္ဟာမႈ တစ္ႀကိမ္မွ် မရွိခဲ့ဟုဆို


“က်ြန္ေတာ္တို႔အဖြဲ႔ခ်ဳပ္ အေနနဲ႔အကယ္ဒမီေတြရဲ႕ လိုအပ္ခ်က္ေတြ ေထာက္ပံ့မႈေတြ အမ်ားႀကီး လုပ္ေပးေနပါတယ္၊ က်န္းမာ ေရး ေစာင့္ေရွာက္မႈေတြအတြက္ေတာ့ လိုအပ္ခ်က္ေတြ မရွိေစရဘူးလို႔လည္း ကတိေပးပါတယ္”ဟု ဦးကိုကိုသိန္းက ေျပာ သည္။
ျမန္မာႏုိင္ငံတြင္ လက္ရွိေဘာလံုးအကယ္ဒမီ (၄)ခု ရွိ္ေနၿပီး ရန္ကုန္ႏွင့္ မႏၱေလး အကယ္ဒမီေက်ာင္းႏွစ္ခုမွာ ၂၀၀၇ ခုႏွစ္က စတင္တည္ေထာင္ခဲ့ျခင္း ျဖစ္ၿပီး ပုသိမ္ႏွင့္ စစ္ကိုင္း အကယ္ဒမီေက်ာင္း ႏွစ္ခုကို ၂၀၁၁ ခုႏွစ္မွ ဖြင့္လွစ္ႏုိင္ခဲ့ျခင္း ျဖစ္သည္။
အမ်ိဳးသားေဘာလံုး အကယ္ဒမီ(ရန္ကုန္)ကို ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ ရုံးခ်ဳပ္အနီးတြင္ ကမၻာ့ေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠ႒ အန္ဖန္တီႏုိ ကိုယ္တိုင္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္တြင္ လာေရာက္ဖြင့္လွစ္ေပးခဲ့သည္။       
- ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode Version

ဘောလုံးအကယ်ဒမီကျောင်းများမှ ကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ လစ်ဟာမှု တစ်ကြိမ်မျှ မရှိခဲ့ဟုဆို

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ဘောလုံးအကယ်ဒမီကျောင်းများမှ ကျောင်းသားများ၏ ကျန်းမာရေးစောင့် ရှောက် မှုမှာ တစ်ကြိမ်မျှ လစ်ဟာမှုမရှိခဲ့ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
လက်ရှိတွင် မန္တလေးဘောလုံးအကယ်ဒမီမှ ကျောင်းသားတစ်ဦးမှာ ရှားပါးဦးနှောက်ရောင်ရောဂါက ဖြစ်ပွားနေခြင်းကြောင့် ပရိတ် သတ်များ၏ ဝေဖန်မှုများလည်း ရှိနေခြင်း ဖြစ်သည်။
“အကယ်ဒမီမှာ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ကျောင်းသားတွေကို အပတ်စဉ် ကျန်းမာရေး စစ်ဆေးပေးတာတွေ ရှိတယ်၊ ဒါတွေက အကယ်ဒမီကျောင်းတွေ စဖွင့်တည်းက လုပ်ဆောင်ပေးတာပါ၊ ကျွန်တော်တို့အဖွဲ့ချုပ် လက်အောက်မှာရှိတဲ့ အကယ် ဒမီကျောင်းတွေဘက်က ကျောင်းသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ လစ်ဟာမှုကတော့ တစ်ကြိမ်မှ မရှိခဲ့ပါဘူး”ဟု ဦးကိုကိုသိန်းက ပြောသည်။
အကယ်ဒမီကျောင်းများတွင် ကျောင်းသားများ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆေးစစ်ပေးမှုများ ဒဏ်ရာအခြေအနေများကို သက်ဆိုင်ရာ ဆရာဝန်များက အပတ်စဉ် ကုသစောင့်ရှောက်မှုများ ရှိသည်ဟုလည်း သိရသည်။
“ကျွန်တော်တို့အဖွဲ့ချုပ် အနေနဲ့အကယ်ဒမီတွေရဲ့ လိုအပ်ချက်တွေ ထောက်ပံ့မှုတွေ အများကြီး လုပ်ပေးနေပါတယ်၊ ကျန်းမာ ရေး စောင့်ရှောက်မှုတွေအတွက်တော့ လိုအပ်ချက်တွေ မရှိစေရဘူးလို့လည်း ကတိပေးပါတယ်”ဟု ဦးကိုကိုသိန်းက ပြော သည်။
မြန်မာနိုင်ငံတွင် လက်ရှိဘောလုံးအကယ်ဒမီ (၄)ခု ရှိနေပြီး ရန်ကုန်နှင့် မန္တလေး အကယ်ဒမီကျောင်းနှစ်ခုမှာ ၂၀၀၇ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ပုသိမ်နှင့် စစ်ကိုင်း အကယ်ဒမီကျောင်း နှစ်ခုကို ၂၀၁၁ ခုနှစ်မှ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်)ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရုံးချုပ်အနီးတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အန်ဖန်တီနို ကိုယ်တိုင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် လာရောက်ဖွင့်လှစ်ပေးခဲ့သည်။    

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)   

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။