Skip to main content
Ads Block
Unicode Version
ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစေလွှတ်မှု မေလ ပထမပတ်တွင် စတင်မည်
ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစေလွှတ်မှု မေလ ပထမပတ်တွင် စတင်မည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သား စေလွှတ်မှုနှင့် ပတ်သက်ပြီး ဧပြီလ ၆ ရက်က ကမ်းနားလမ်းရှိ Strand hotel တွင် ကျင်းပပြု လုပ်ခဲ့သည့် သက်မွေးသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ လာရောက်စဉ် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဂျပန်က မေလ ပထမပတ်က စမယ်။ skill worker ကို ပြည်ပအလုပ်အကိုင် အေဂျင်စီက လွှတ်မှာပါ။ သင်တန်းတွေက ဖွင့် လို့မရဘူးလားမဟုတ်ဘူး။ ဖွင့်လို့ရပါတယ်။ ပို့လို့မရဘူး။ ကိုယ့်ဘာသာကိုယ့်လွှတ်လို့မရဘူး။ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီကပဲ သွားမယ်” ဟု ဦးဝင်းရှိန် ကပြောသည်။
ဂျပန်အစိုးရနှင့် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကြား နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ၎င်းကပြော သည်။
ဂျပန်အစိုးရအနေဖြင့် နိုင်ငံခြားလုပ်သား ၃ သိန်းကျော်ခေါ်ယူရန် မူဝါဒချမှတ်ထားပြီး သက်ကြီးရွယ်အိုစောင့် ရှောက်ရေး၊ အ ဆောက်အဦးအတွင်း သန့်ရှင်းရေားပြုပြင်ရေးလုပ်ငန်း၊ လေဆိပ်နှင့် လေကြောင်းလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းစသည့် လုပ်ငန်း ၁၄ မျိုး အတွက် နိုင်ငံခြား လုပ်သားများ ခေါ် ယူသွားမည်ဖြစ်ကြောင်း သိရသည်။
- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။