Skip to main content
ေငြ ၅၀၀၀ က်ပ္သာေခ်းေပးသည့္အလုပ္ရွင္ကို အလုပ္သမားက ဆဲဆိုၿပီး တုတ္ျဖင့္ရိုက္၊ ဓားျဖင့္ထိုး 
Ads Block

ေငြ ၅၀၀၀ က်ပ္သာေခ်းေပးသည့္အလုပ္ရွင္ကို အလုပ္သမားက ဆဲဆိုၿပီး တုတ္ျဖင့္ရိုက္၊ ဓားျဖင့္ထိုး 

ပဲခူးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕တြင္ ေငြက်ပ္ ၁၀၀၀၀ ေခ်းယူရာ ၅၀၀၀ က်ပ္သာေပးသည့္အလုပ္ရွင္ကို မေက်နပ္ေသာအုတ္စီအလုပ္သမားကဆဲဆိုၿပီး တုတ္ျဖင့္ရိုက္၊ ဓားျဖင့္ထိုးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ မင္းလွၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္၊ ေတာင္ဘက္ၿမိဳ႕သစ္(၄)လမ္းတြင္ေနထိုင္ေသာ ဦးေဇာ္လင္းဦး၊ ၄၃ ႏွစ္သည္ ဧၿပီလ ၉ ရက္၊ နံနက္ ၆ နာရီခြဲခန္႔က ၎ပိုင္ဆုိင္ေသာ ဇရစ္ေခ်ာင္းေက်းရြာအုပ္စု၊ နတ္က်ေက်းရြာရွိ လယ္ကြက္၌ အုတ္စီအလုပ္သားမ်ားႏွင့္အတူ အလုပ္လုပ္ခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ထိုစဥ္ အုတ္စီလုပ္သားျဖစ္သူ ေ၀ယံ၊ (၂၂)ႏွစ္ဆိုသူက ဦးေဇာ္လင္းဦးကိုညစ္ညမ္းစြာဆဲဆို၍ သစ္သားတုတ္ က်ိဳးသည္အထိရိုက္ႏွက္ခဲ့သည့္အျပင္ အသင့္ပါလာေသာဓားေျမွာင္ျဖင့္ထိုးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ဓားေျမွာင္ျဖင့္ထိုးလိုက္သည္ကို မထိခဲ့ေသာ္လည္း တုတ္ျဖင့္ရိုက္ခံလိုက္ရသည့္အတြက္ ဦးေဇာ္လင္းဦးတြင္ ယာနဖူးေပါက္ၿပဲဒဏ္ရာ၊ ၀ဲလက္ဖ်ံပြန္းျခစ္ဒဏ္ရာႏွင့္ ၀ဲ/ယာေက်ာကုန္းဒဏ္ရာမ်ားအျပင္ ၀ဲ/ယာလက္ေမာင္း နာက်င္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အေရးယူေပးပါရန္ ဧၿပီလ ၁၁ ရက္၊ ယမန္ေန႔၌တိုင္တန္းခဲ့သည့္အတြက္ အမႈကိုလက္ခံၿပီး ေ၀ယံကို စစ္ေမးခဲ့ေၾကာင္း သိရသည္။
စစ္ေဆးခ်က္အရ အခင္းမျဖစ္ခင္တစ္ရက္အလို၌ ေငြလိုသျဖင့္ ဦးေဇာ္လင္းဦးထံ ၁၀၀၀၀ က်ပ္ေခ်းသည္ကို ၅၀၀၀ က်ပ္သာေပးခဲ့သျဖင့္ မေက်နပ္ေသာေၾကာင့္ အထက္ပါအတုိင္းက်ဴးလြန္ျခင္းျဖစ္ေၾကာင္း သိရွိခဲ့ရသည္။
ထို႔ေၾကာင့္အမႈႏွင့္ပတ္သက္၍ ေ၀ယံကို မင္းလွၿမိဳ႕မရဲစခန္း၌ ပုဒ္မ-၂၉၄/၃၂၃/၃၅၂ တို႔ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

ငွေ ၅၀၀၀ ကျပ်သာချေးပေးသည့်အလုပ်ရှင်ကို အလုပ်သမားက ဆဲဆိုပြီး တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ထိုး 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့တွင် ငွေကျပ် ၁၀၀၀၀ ချေးယူရာ ၅၀၀၀ ကျပ်သာပေးသည့်အလုပ်ရှင်ကို မကျေနပ်သောအုတ်စီအလုပ်သမားကဆဲဆိုပြီး တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ မင်းလှမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တောင်ဘက်မြို့သစ်(၄)လမ်းတွင်နေထိုင်သော ဦးဇော်လင်းဦး၊ ၄၃ နှစ်သည် ဧပြီလ ၉ ရက်၊ နံနက် ၆ နာရီခွဲခန့်က ၎င်းပိုင်ဆိုင်သော ဇရစ်ချောင်းကျေးရွာအုပ်စု၊ နတ်ကျကျေးရွာရှိ လယ်ကွက်၌ အုတ်စီအလုပ်သားများနှင့်အတူ အလုပ်လုပ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထိုစဉ် အုတ်စီလုပ်သားဖြစ်သူ ဝေယံ၊ (၂၂)နှစ်ဆိုသူက ဦးဇော်လင်းဦးကိုညစ်ညမ်းစွာဆဲဆို၍ သစ်သားတုတ် ကျိုးသည်အထိရိုက်နှက်ခဲ့သည့်အပြင် အသင့်ပါလာသောဓားမြှောင်ဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဓားမြှောင်ဖြင့်ထိုးလိုက်သည်ကို မထိခဲ့သော်လည်း တုတ်ဖြင့်ရိုက်ခံလိုက်ရသည့်အတွက် ဦးဇော်လင်းဦးတွင် ယာနဖူးပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ဖျံပွန်းခြစ်ဒဏ်ရာနှင့် ဝဲ/ယာကျောကုန်းဒဏ်ရာများအပြင် ဝဲ/ယာလက်မောင်း နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အရေးယူပေးပါရန် ဧပြီလ ၁၁ ရက်၊ ယမန်နေ့၌တိုင်တန်းခဲ့သည့်အတွက် အမှုကိုလက်ခံပြီး ဝေယံကို စစ်မေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ အခင်းမဖြစ်ခင်တစ်ရက်အလို၌ ငွေလိုသဖြင့် ဦးဇော်လင်းဦးထံ ၁၀၀၀၀ ကျပ်ချေးသည်ကို ၅၀၀၀ ကျပ်သာပေးခဲ့သဖြင့် မကျေနပ်သောကြောင့် အထက်ပါအတိုင်းကျူးလွန်ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့ကြောင့်အမှုနှင့်ပတ်သက်၍ ဝေယံကို မင်းလှမြို့မရဲစခန်း၌ ပုဒ်မ-၂၉၄/၃၂၃/၃၅၂ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။