Skip to main content
ရန္ကုန္ၿမိဳ႕သို႔လာေရာက္မည့္ခိုး၀င္ဘဂၤါလီမ်ားႏွင့္ လိုက္ပါပို႔ေဆာင္ေပးသူတို႔ကို ဖမ္းဆီးရမိ 
Ads Block

ရန္ကုန္ၿမိဳ႕သို႔လာေရာက္မည့္ခိုး၀င္ဘဂၤါလီမ်ားႏွင့္ လိုက္ပါပို႔ေဆာင္ေပးသူတို႔ကို ဖမ္းဆီးရမိ 

ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္တြင္ ရန္ကုန္ၿမိဳ႕သို႔လာေရာက္မည့္ ခိုးဝင္ဘဂၤါလီ ၅ ဦးႏွင့္ ပို႔ေဆာင္သူ ၁ ဦးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခရိုင္၊ ပန္းေတာင္းၿမိဳ႕နယ္၊ ျပည္-ကံမလမ္း၊ မိုင္တိုင္အမွတ္ ၂၂/၆-၇ အၾကားရွိ ေျမာင္းကူးကားလမ္းတံတားေအာက္တြင္ ဧၿပီလ ၁၁ ရက္၊ ညေန ၅ နာရီခန္႔က မသကၤာဖြယ္ လူတစ္စုေတြ႔ရွိေၾကာင္းသတင္းအရ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔မွ ပိတ္ဆို႔စစ္ေဆးခဲ့ၾကသည္။
ယင္းသို႔စစ္ေဆးရာမွ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မွခိုးဝင္လာသည့္ ဘဂၤါလီ ၅ ဦးႏွင့္ ၎တို႔ကို ေခၚေဆာင္လာသူ ၁ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ပန္းေတာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရုံးမွ သိရသည္။
“သူတို႔က ရန္ကုန္ကိုသြားမယ္။ ရန္ကုန္ကေနတစ္ဆင့္ မေလးရွားသြားမယ့္သူေတြလည္းပါတယ္။ သူတို႔က ဒီကို ေတာလမ္းအတိုင္းခ်ီတက္လာၿပီး ပုသိမ္-မုံရြာကားလမ္းေဘးကိုေရာက္တယ္။ အဲဒီေနရာကေန ေက်ာ္ဝင္းက ဆိုင္ကယ္နဲ႔ေခၚလာတယ္။ ဒီကိုေရာက္ေတာ့ ေက်ာ္ဝင္းက ကားထြက္ငွားရင္းကေန သတင္းရလို႔ ဖမ္းမိခဲ့တာပါပဲ” ဟု ပန္းေတာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရုံးမွ တာဝန္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ရန္ကုန္ၿမိဳ႕သို႔လာေရာက္မည့္ခိုး၀င္ဘဂၤါလီမ်ားႏွင့္ လိုက္ပါပို႔ေဆာင္ေပးသူတို႔ကို ဖမ္းဆီးရမိ 


အဆိုပါဖမ္းမိသူမ်ားမွာ ရာဟာႏူဒင္၊ (၃၀)ႏွစ္၊ ရတနာပံုအလယ္ရြာ၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ေန သူ၊ ဆာဒိန္ဟူစိန္၊ (၁၇)ႏွစ္၊ ရတနာပံုေတာင္ေဘြေက်းရြာ၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ေနသူ၊ ခိုင္ဘူ ေရွာ (၁၅)ႏွစ္၊ ရတနာပံုပလက္ေကေက်းရြာ၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ေနသူ၊ အီစမန္၊ (၁၄)ႏွစ္၊ ရတနာပံုအလယ္ရြာ၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ေနသူ၊ ဆာေက၊ (၁၇)ႏွစ္၊ အံုးမဒီေက်းရြာ၊ ေက်ာက္ ေတာ္ၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ေနသူႏွင့္ ကယ္ရီပို႔ေဆာင္သူ ေက်ာ္ဝင္း(ခ)ေမာင္ေက်ာ္၊ (၄၄)ႏွစ္၊ တလိုင္းေတာင္ ေက်းရြာ၊ စနဲေက်းရြာအုပ္စု၊ အမ္းၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ေနသူတို႔ျဖစ္ေၾကာင္း သိရသည္။
 

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

ရန်ကုန်မြို့သို့လာရောက်မည့်ခိုးဝင်ဘင်္ဂါလီများနှင့် လိုက်ပါပို့ဆောင်ပေးသူတို့ကို ဖမ်းဆီးရမိ 

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ရန်ကုန်မြို့သို့လာရောက်မည့် ခိုးဝင်ဘင်္ဂါလီ ၅ ဦးနှင့် ပို့ဆောင်သူ ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြည်-ကံမလမ်း၊ မိုင်တိုင်အမှတ် ၂၂/၆-၇ အကြားရှိ မြောင်းကူးကားလမ်းတံတားအောက်တွင် ဧပြီလ ၁၁ ရက်၊ ညနေ ၅ နာရီခန့်က မသင်္ကာဖွယ် လူတစ်စုတွေ့ရှိကြောင်းသတင်းအရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ ပိတ်ဆို့စစ်ဆေးခဲ့ကြသည်။
ယင်းသို့စစ်ဆေးရာမှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှခိုးဝင်လာသည့် ဘင်္ဂါလီ ၅ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသူ ၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“သူတို့က ရန်ကုန်ကိုသွားမယ်။ ရန်ကုန်ကနေတစ်ဆင့် မလေးရှားသွားမယ့်သူတွေလည်းပါတယ်။ သူတို့က ဒီကို တောလမ်းအတိုင်းချီတက်လာပြီး ပုသိမ်-မုံရွာကားလမ်းဘေးကိုရောက်တယ်။ အဲဒီနေရာကနေ ကျော်ဝင်းက ဆိုင်ကယ်နဲ့ခေါ်လာတယ်။ ဒီကိုရောက်တော့ ကျော်ဝင်းက ကားထွက်ငှားရင်းကနေ သတင်းရလို့ ဖမ်းမိခဲ့တာပါပဲ” ဟု ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါဖမ်းမိသူများမှာ ရာဟာနူဒင်၊ (၃၀)နှစ်၊ ရတနာပုံအလယ်ရွာ၊ ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ်နေ သူ၊ ဆာဒိန်ဟူစိန်၊ (၁၇)နှစ်၊ ရတနာပုံတောင်ဘွေကျေးရွာ၊ ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ်နေသူ၊ ခိုင်ဘူ ရှော (၁၅)နှစ်၊ ရတနာပုံပလက်ကေကျေးရွာ၊ ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ်နေသူ၊ အီစမန်၊ (၁၄)နှစ်၊ ရတနာပုံအလယ်ရွာ၊ ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ်နေသူ၊ ဆာကေ၊ (၁၇)နှစ်၊ အုံးမဒီကျေးရွာ၊ ကျောက် တော်မြို့နယ်၊ ရခိုင်ပြည်နယ်နေသူနှင့် ကယ်ရီပို့ဆောင်သူ ကျော်ဝင်း(ခ)မောင်ကျော်၊ (၄၄)နှစ်၊ တလိုင်းတောင် ကျေးရွာ၊ စနဲကျေးရွာအုပ်စု၊ အမ်းမြို့နယ်၊ ရခိုင်ပြည်နယ်နေသူတို့ဖြစ်ကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။