Skip to main content
ႏိုင္ငံေတာ္သမၼတႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ထံ က်န္းမာေရးေဆးစစ္ႏိုင္မည့္ ေဘာက္ခ်ာပို႔ေပးျခင္းမွာ သေဘာရိုးျဖင့္ျဖစ္ဟု ဦးေဌးေအာင္ ေျဖရွင္း 
Ads Block

ႏိုင္ငံေတာ္သမၼတႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ထံ က်န္းမာေရးေဆးစစ္ႏိုင္မည့္ ေဘာက္ခ်ာပို႔ေပးျခင္းမွာ သေဘာရိုးျဖင့္ျဖစ္ဟု ဦးေဌးေအာင္ ေျဖရွင္း 

ႏိုင္ငံေတာ္သမၼတႏွင့္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္တို႔ထံ က်န္းမာေရးေဆးစစ္ႏိုင္မည့္ ေဘာက္ခ်ာ ပို႔ေပးျခင္းမွာ သေဘာရိုးျဖင့္ျဖစ္ေၾကာင္း  ေအာကစ္ေဟာက္စ္ပုိင္ရွင္ ဦးေဌးေအာင္က ေျပာလိုက္သည္။ 
အဆိုပါ က်န္းမာေရးစစ္ေဆးမႈလုပ္ရန္ေပးပုိ႔ေသာ ေဘာက္ခ်ာမ်ားကို ၄င္းထံ ဧၿပီလ ၁၁ ရက္ ရက္စြဲျဖင့္ ျပန္လည္ေပးပုိ႔ခဲ့ျခင္းအေပၚ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 

ႏိုင္ငံေတာ္သမၼတႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ထံ က်န္းမာေရးေဆးစစ္ႏိုင္မည့္ ေဘာက္ခ်ာပို႔ေပးျခင္းမွာ သေဘာရိုးျဖင့္ျဖစ္ဟု ဦးေဌးေအာင္ ေျဖရွင္း 


“ အာယုေဆးရုံပုိင္ရွင္က ကြ်န္ေတာ္နဲ႔သိေတာ့ ေမတၱာလက္ေဆာင္ေပးတဲ့ က်န္းမာေရးစစ္ေဆးမႈ ျပဳလုပ္ဖုိ႔ဟာကုိ ကၽြန္ေတာ္က ကြ်န္ေတာ့္မိဘေတြလည္းေပးတယ္။ ေနာက္ႏုိင္ငံေတာ္အႀကီးအကဲေတြ ကုိလည္း ဒါစစ္ေဆးဖုိ႔ ကြ်န္ေတာ္က စာရင္းေပးလုိက္တာပါ။ သေဘာရုိးနဲ႔ပါ။ဒါကုိတခ်ဳိ႕ကလည္း ကြ်န္ေတာ္က လာဘ္ထုိးတယ္ေျပာၾကတယ္။ အမွန္က အႀကီးအကဲေတြမွာ ပုံမွန္ေဆးစစ္တာလုပ္ေပးတာရွိတာလည္း သိပါတယ္။ ဒါေပမဲ့ အရင္ကၽြန္ေတာ္ႏုိင္ငံျခားမွာေဆးစစ္ေတာ့ ဒီက ဗုိလ္ခ်ဳပ္ႀကီးဆုိလည္းသြားစစ္တယ္။ အဲဒီမွာ ဒီမွာစစ္ေဆးတာ အေျဖကကင္ဆာဆုိေပမဲ့ စကၤာပူမွာ မရွိဘူးဆုိတာအေျဖထြက္တယ္။ ဒါေၾကာင့္ပုိေသခ်ာေအာင္ ေဆးစစ္ေစခ်င္တာပါ။ တစ္ျခားဘာသေဘာမွမပါပါဘူး’’ဟု ဦးေဌးေအာင္က အကုန္သိသတင္းဌာန သုိ႔ေျပာသည္။

ႏိုင္ငံေတာ္သမၼတႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ထံ က်န္းမာေရးေဆးစစ္ႏိုင္မည့္ ေဘာက္ခ်ာပို႔ေပးျခင္းမွာ သေဘာရိုးျဖင့္ျဖစ္ဟု ဦးေဌးေအာင္ ေျဖရွင္း 


လက္ရွိတြင္ နန္းၿမဳိင္ဟုိတယ္ကိစၥႏွင့္ စပ္လ်ဥ္း၍ ္ ဟုိတယ္ႏွင့္ခရီးသြား၀န္ႀကီးဌာနႏွင့္ ဦးေဌးေအာင္တို႔ အမႈကိစၥျဖစ္ေနေၾကာင္းသိရသည္။
ထုိ႔အျပင္ ဟုိတယ္ႏွင့္ခရီးသြား ၀န္ႀကီးဌာန အတြင္း၀န္ ဦးရည္မြန္အား ကား၀ယ္ရန္ ေငြက်ပ္သိန္း ၁၀၀ ေတာင္းသည္ဟုဆုိကာ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္သုိ႔ ေအာကစ္ေဟာက္စ္ပုိင္ရွင္ ဦးေဌးေအာင္မွ တုိင္ၾကားခဲ့ေသာ္လည္း အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္မွ မေသခ်ာမေရရာေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ကျန်းမာရေးဆေးစစ်နိုင်မည့် ဘောက်ချာပို့ပေးခြင်းမှာ သဘောရိုးဖြင့်ဖြစ်ဟု ဦးဌေးအောင် ဖြေရှင်း 

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ကျန်းမာရေးဆေးစစ်နိုင်မည့် ဘောက်ချာ ပို့ပေးခြင်းမှာ သဘောရိုးဖြင့်ဖြစ်ကြောင်း  အောကစ်ဟောက်စ်ပိုင်ရှင် ဦးဌေးအောင်က ပြောလိုက်သည်။ 
အဆိုပါ ကျန်းမာရေးစစ်ဆေးမှုလုပ်ရန်ပေးပို့သော ဘောက်ချာများကို ၎င်းထံ ဧပြီလ ၁၁ ရက် ရက်စွဲဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းအပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ အာယုဆေးရုံပိုင်ရှင်က ကျွန်တော်နဲ့သိတော့ မေတ္တာလက်ဆောင်ပေးတဲ့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့ဟာကို ကျွန်တော်က ကျွန်တော့်မိဘတွေလည်းပေးတယ်။ နောက်နိုင်ငံတော်အကြီးအကဲတွေ ကိုလည်း ဒါစစ်ဆေးဖို့ ကျွန်တော်က စာရင်းပေးလိုက်တာပါ။ သဘောရိုးနဲ့ပါ။ဒါကိုတချို့ကလည်း ကျွန်တော်က လာဘ်ထိုးတယ်ပြောကြတယ်။ အမှန်က အကြီးအကဲတွေမှာ ပုံမှန်ဆေးစစ်တာလုပ်ပေးတာရှိတာလည်း သိပါတယ်။ ဒါပေမဲ့ အရင်ကျွန်တော်နိုင်ငံခြားမှာဆေးစစ်တော့ ဒီက ဗိုလ်ချုပ်ကြီးဆိုလည်းသွားစစ်တယ်။ အဲဒီမှာ ဒီမှာစစ်ဆေးတာ အဖြေကကင်ဆာဆိုပေမဲ့ စင်္ကာပူမှာ မရှိဘူးဆိုတာအဖြေထွက်တယ်။ ဒါကြောင့်ပိုသေချာအောင် ဆေးစစ်စေချင်တာပါ။ တစ်ခြားဘာသဘောမှမပါပါဘူး’’ဟု ဦးဌေးအောင်က အကုန်သိသတင်းဌာန သို့ပြောသည်။
လက်ရှိတွင် နန်းမြိုင်ဟိုတယ်ကိစ္စနှင့် စပ်လျဉ်း၍ ် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနနှင့် ဦးဌေးအောင်တို့ အမှုကိစ္စဖြစ်နေကြောင်းသိရသည်။
ထို့အပြင် ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာန အတွင်းဝန် ဦးရည်မွန်အား ကားဝယ်ရန် ငွေကျပ်သိန်း ၁၀၀ တောင်းသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ အောကစ်ဟောက်စ်ပိုင်ရှင် ဦးဌေးအောင်မှ တိုင်ကြားခဲ့သော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မသေချာမရေရာကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။