Skip to main content
ေရရွည္မီးပ်က္လာပါက ပါတီအေနျဖင့္ အစိုးရထံေမးခြန္းေမးရေတာ့မည္ဟု NLD ပါတီမွ ေဒါက္တာမ်ိဳးညြန္႔ေျပာ 
Ads Block

ေရရွည္မီးပ်က္လာပါက ပါတီအေနျဖင့္ အစိုးရထံေမးခြန္းေမးရေတာ့မည္ဟု NLD ပါတီမွ ေဒါက္တာမ်ိဳးညြန္႔ေျပာ 

မီးယာယီပ်က္ျခင္းမွာမူ အုပ္ခ်ဳပ္ေရးႏွင့္သက္ဆိုင္ေသာ္လည္း ေရရွည္မီးပ်က္လာပါက ပါတီအေနျဖင့္ အစိုးရထံ ေမးခြန္းေမးရေတာ့မည္ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွ ေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာလုိက္သည္။

ေရရွည္မီးပ်က္လာပါက ပါတီအေနျဖင့္ အစိုးရထံေမးခြန္းေမးရေတာ့မည္ဟု NLD ပါတီမွ ေဒါက္တာမ်ိဳးညြန္႔ေျပာ 


ဧၿပီလ ၁၂ ရက္၌ အကုန္သိသတင္းဌာန၏ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။ 
“ NLD အစုိးရလက္ထက္မီးပ်က္တယ္ဆုိတာကဒါကေတာ့ အကုန္လုံးလည္းႀကဳိးစားေနပါတယ္။ ဒီလုိ ယာယီျပတ္ေတာက္တာကေတာ့ အုပ္ခ်ဳပ္ေရးကေျပာရမယ့္အလုပ္ပါ။ အုပ္ခ်ဳပ္ေရးနဲ႔ ပုိသက္ဆုိင္ပါတယ္။ ေရရ်ည္ျပတ္ေတာက္လာတယ္ဆုိရင္ေတာ့ ဒါေရရွည္ျဖစ္လာတဲ့အတြက္ ပါတီကအစုိးရကုိ ေမးခြန္းေမးရမွာပါ’’ ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွ ေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။

ေရရွည္မီးပ်က္လာပါက ပါတီအေနျဖင့္ အစိုးရထံေမးခြန္းေမးရေတာ့မည္ဟု NLD ပါတီမွ ေဒါက္တာမ်ိဳးညြန္႔ေျပာ 


ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ မတ္လက ျမင္းၿခံၿမိဳ႕တြင္က်င္းပခဲ့သည့္ သဘာ၀ဓါတ္ေငြ႔သုံးလွ်ပ္စစ္ဓါတ္အားေပး စက္ရုံဖြင့္ပြဲအခမ္းအနားတြင္ NLD အစုိးရလက္ထက္ မီးျပတ္ေတာက္မႈ ယခင္ကထက္ပုိနည္းလာၿပီး တည္ၿငိမ္၍ စြမ္းအားျပည့္ကာအရည္အေသြးရွိသည္ ဓါတ္အားမ်ားကုိ ျပည္သူမ်ားသုံးစြဲလာႏုိင္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီး ဦး၀င္းခုိင္ကေျပာၾကားဖူးသည္။

ေရရွည္မီးပ်က္လာပါက ပါတီအေနျဖင့္ အစိုးရထံေမးခြန္းေမးရေတာ့မည္ဟု NLD ပါတီမွ ေဒါက္တာမ်ိဳးညြန္႔ေျပာ 


လက္ရွိတြင္ ဓါတ္အားထုတ္လုပ္ႏုိင္မႈမွာ မဂၢါ၀ပ္ ၃၈၀၀ ခန္႔သာရွိၿပီး ႏုိင္ငံေတာ္၏ လွ်ပ္စစ္ဓါတ္အား လုိအပ္ခ်က္သည္ တစ္နွစ္လွ်င္ ၁၉ ရာခုိင္နႈန္းတုိးတက္ေနၿပီး မဂၢါ၀ပ္ ၃၀၀ မွ ၅၀၀ ၾကားတုိးတက္ လုိအပ္ေနေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ရေရှည်မီးပျက်လာပါက ပါတီအနေဖြင့် အစိုးရထံမေးခွန်းမေးရတော့မည်ဟု NLD ပါတီမှ ဒေါက်တာမျိုးညွန့်ပြော 

မီးယာယီပျက်ခြင်းမှာမူ အုပ်ချုပ်ရေးနှင့်သက်ဆိုင်သော်လည်း ရေရှည်မီးပျက်လာပါက ပါတီအနေဖြင့် အစိုးရထံ မေးခွန်းမေးရတော့မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်သည်။
ဧပြီလ ၁၂ ရက်၌ အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။ 
“ NLD အစိုးရလက်ထက်မီးပျက်တယ်ဆိုတာကဒါကတော့ အကုန်လုံးလည်းကြိုးစားနေပါတယ်။ ဒီလို ယာယီပြတ်တောက်တာကတော့ အုပ်ချုပ်ရေးကပြောရမယ့်အလုပ်ပါ။ အုပ်ချုပ်ရေးနဲ့ ပိုသက်ဆိုင်ပါတယ်။ ရေရျည်ပြတ်တောက်လာတယ်ဆိုရင်တော့ ဒါရေရှည်ဖြစ်လာတဲ့အတွက် ပါတီကအစိုးရကို မေးခွန်းမေးရမှာပါ’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ မတ်လက မြင်းခြံမြို့တွင်ကျင်းပခဲ့သည့် သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားတွင် NLD အစိုးရလက်ထက် မီးပြတ်တောက်မှု ယခင်ကထက်ပိုနည်းလာပြီး တည်ငြိမ်၍ စွမ်းအားပြည့်ကာအရည်အသွေးရှိသည် ဓါတ်အားများကို ပြည်သူများသုံးစွဲလာနိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောကြားဖူးသည်။
လက်ရှိတွင် ဓါတ်အားထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် ၃၈၀၀ ခန့်သာရှိပြီး နိုင်ငံတော်၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်သည် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းတိုးတက်နေပြီး မဂ္ဂါဝပ် ၃၀၀ မှ ၅၀၀ ကြားတိုးတက် လိုအပ်နေကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။