Skip to main content
သတင္းခုိးယူသုံးစြဲသူမ်ားကို သတင္းမီဒီယာဥပေဒအရအေရးယူမည္ဟု သတင္းမီဒီယာေကာင္စီ ထုတ္ျပန္ 
Ads Block

သတင္းခုိးယူသုံးစြဲသူမ်ားကို သတင္းမီဒီယာဥပေဒအရအေရးယူမည္ဟု သတင္းမီဒီယာေကာင္စီ ထုတ္ျပန္ 

သတင္းဌာနမ်ားရွိသတင္းမ်ား ခုိးယူသုံးစြဲသူမ်ားကုိသတင္းမီဒီယာဥပေဒအရအေရးယူေတာ့မည္ျဖစ္ေၾကာင္း သတင္းမီဒီယာေကာင္စီမွ ဧၿပီလ ၁၂ ရက္ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာလုိက္သည္။
အဆုိပါေၾကညာခ်က္တြင္ သတင္းမီဒီယာဥပေဒအခန္း ၄ ပုဒ္မ ၉ (စ)တြင္  တစ္ပါးသူပုိင္ဆုိင္သည့္ ဥာဏဆုိင္ရာပစၥည္းမ်ားကုိခြင့္ျပဳခ်က္မရဘဲ ကူးယူေဖာ္ျပျခင္းမွ ေရွာင္ၾကဥ္ျခင္းဟု ေဖာ္ျပထားသည့္အတြက္ လုိက္နာရန္လုိအပ္ေၾကာင္းေဖာ္ျပပါရွိသည္။

သတင္းခုိးယူသုံးစြဲသူမ်ားကို သတင္းမီဒီယာဥပေဒအရအေရးယူမည္ဟု သတင္းမီဒီယာေကာင္စီ ထုတ္ျပန္ 


“ အေရးယူမယ္ဆုိတာဟုတ္ပါတယ္။သတင္းမီဒီယာဥပေဒအရအေရးယူမွာပါ။ သတင္းေတြကုိ ဘယ္သူဘယ္ကရတယ္ဆုိတာမေဖာ္ျပဘဲ အမ်ားစုကအြန္လုိင္းမွာ ၀က္ဘ္ဆုိဒ္နဲ႔တြဲၿပီး လင့္ခ္လုပ္ထားတာေပါ့။ အခ်ဳိ႔လည္းေၾကာ္ျငာရေအာင္လုပ္တယ္။ အခ်ဳိ႔ကေတာ့ေငြေၾကးရလုိမႈေၾကာင့္မဟုတ္ဘဲ ႏုိင္ငံေရးအရ၊ ဘာသာေရးအရ၊ လူမႈေရးအရရည္ရြယ္ခ်က္နဲ႔ ဒီလုိမ်ိဳးလူထုကုိလမ္းလႊဲေအာင္အၾကမ္းဖက္မႈေတြျဖစ္ေအာင္ လုပ္တာ။ တစ္ခါတစ္ေလကူးၿပီးေဖာ္ျပတဲ့သတင္းကုိ သူတုိ႔ကျပင္ေတာင္ျပင္လုိက္ေသးတယ္။ ဒါေတြက ရႈပ္ေထြးမႈေတြကုိျဖစ္ေစလုိ႔ သတင္းမီဒီယာေကာင္စီကတစ္ခုခုလုပ္ဖုိ႔လုိအပ္တယ္။ တုိက္တြန္းတဲ့သူလည္း ရွိတာနဲ႔ အေရးယူဖုိ႔ ဒီလုိေၾကညာခ်က္ထုတ္လုိက္တာပါ” ဟု သတင္းမီဒီယာေကာင္စီ အဖြဲ႔၀င္ ဦးျမင့္ေက်ာ္က အကုန္သိသတင္းဌာနသုိ႔ ဧၿပီလ ၁၂ ရက္တြင္ေျပာသည္။

သတင္းခုိးယူသုံးစြဲသူမ်ားကို သတင္းမီဒီယာဥပေဒအရအေရးယူမည္ဟု သတင္းမီဒီယာေကာင္စီ ထုတ္ျပန္ 


အဆုိပါ သတင္းမီဒီယာေကာင္စီ၏ ထုတ္ျပန္ေၾကညာခ်က္ထြက္ရွိသည့္အခ်ိန္မွစ၍ သတင္းမ်ားဆက္လက္ ကူးယူေဖာ္ျပေနျခင္း၊ မူရင္းသတင္းဌာန၏ခြင့္ျပဳခ်က္မေတာင္းခံဘဲေဖာ္ျပပါက အမည္ပ်က္စာရင္းအျဖစ္ ထုတ္ျပန္ေၾကညာျခင္း၊ ဥပေဒအရအေရးယူျခင္းမ်ားျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

သတင်းခိုးယူသုံးစွဲသူများကို သတင်းမီဒီယာဥပဒေအရအရေးယူမည်ဟု သတင်းမီဒီယာကောင်စီ ထုတ်ပြန် 

သတင်းဌာနများရှိသတင်းများ ခိုးယူသုံးစွဲသူများကိုသတင်းမီဒီယာဥပဒေအရအရေးယူတော့မည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီမှ ဧပြီလ ၁၂ ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါကြေညာချက်တွင် သတင်းမီဒီယာဥပဒေအခန်း ၄ ပုဒ်မ ၉ (စ)တွင်  တစ်ပါးသူပိုင်ဆိုင်သည့် ဉာဏဆိုင်ရာပစ္စည်းများကိုခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ဖော်ပြထားသည့်အတွက် လိုက်နာရန်လိုအပ်ကြောင်းဖော်ပြပါရှိသည်။
“ အရေးယူမယ်ဆိုတာဟုတ်ပါတယ်။သတင်းမီဒီယာဥပဒေအရအရေးယူမှာပါ။ သတင်းတွေကို ဘယ်သူဘယ်ကရတယ်ဆိုတာမဖော်ပြဘဲ အများစုကအွန်လိုင်းမှာ ဝက်ဘ်ဆိုဒ်နဲ့တွဲပြီး လင့်ခ်လုပ်ထားတာပေါ့။ အချို့လည်းကြော်ငြာရအောင်လုပ်တယ်။ အချို့ကတော့ငွေကြေးရလိုမှုကြောင့်မဟုတ်ဘဲ နိုင်ငံရေးအရ၊ ဘာသာရေးအရ၊ လူမှုရေးအရရည်ရွယ်ချက်နဲ့ ဒီလိုမျိုးလူထုကိုလမ်းလွှဲအောင်အကြမ်းဖက်မှုတွေဖြစ်အောင် လုပ်တာ။ တစ်ခါတစ်လေကူးပြီးဖော်ပြတဲ့သတင်းကို သူတို့ကပြင်တောင်ပြင်လိုက်သေးတယ်။ ဒါတွေက ရှုပ်ထွေးမှုတွေကိုဖြစ်စေလို့ သတင်းမီဒီယာကောင်စီကတစ်ခုခုလုပ်ဖို့လိုအပ်တယ်။ တိုက်တွန်းတဲ့သူလည်း ရှိတာနဲ့ အရေးယူဖို့ ဒီလိုကြေညာချက်ထုတ်လိုက်တာပါ” ဟု သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က အကုန်သိသတင်းဌာနသို့ ဧပြီလ ၁၂ ရက်တွင်ပြောသည်။
အဆိုပါ သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ကြေညာချက်ထွက်ရှိသည့်အချိန်မှစ၍ သတင်းများဆက်လက် ကူးယူဖော်ပြနေခြင်း၊ မူရင်းသတင်းဌာန၏ခွင့်ပြုချက်မတောင်းခံဘဲဖော်ပြပါက အမည်ပျက်စာရင်းအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေအရအရေးယူခြင်းများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။