Skip to main content
သာယာ၀တီအက်ဥ္းေထာင္၌ အက်ဥ္းသားအခ်င္းခ်င္း WY ေရာင္းရေငြအေ၀မတည့္ရာမွ လူသတ္မႈျဖစ္ပြား
Ads Block

သာယာ၀တီအက်ဥ္းေထာင္၌ အက်ဥ္းသားအခ်င္းခ်င္း WY ေရာင္းရေငြအေ၀မတည့္ရာမွ လူသတ္မႈျဖစ္ပြား

ပဲခူးတိုင္းေဒသႀကီး၊ သာယာ၀တီအက်ဥ္းေထာင္၌ အက်ဥ္းသားအခ်င္းခ်င္း WY ေရာင္းခ်ေငြ အေ၀မတည့္ၾကရာမွ သံခၽြန္ျဖင့္ ၃၇ ခ်က္တိတိထိုးသတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

သာယာ၀တီအက်ဥ္းေထာင္၌ အက်ဥ္းသားအခ်င္းခ်င္း WY ေရာင္းရေငြအေ၀မတည့္ရာမွ လူသတ္မႈျဖစ္ပြား


ျဖစ္စဥ္မွာ သာယာ၀တီၿမိဳ႕နယ္၊ ေရေ၀ရပ္ကြက္၌ရွိသည့္ သာယာ၀တီအက်ဥ္းေထာင္အတြင္း ျပစ္ဒဏ္က်ခံေနေသာ အက်ဥ္းသားမ်ားျဖစ္သည့္ ၂၇ ႏွစ္ရွိ ေအာင္သူ(ခ)ရဲေဇာ္(ခ)ရဲေဇာ္ေအာင္(ခ)ရဲေဇာ္ၿငိမ္း (ရန္ကုန္တိုင္း၊ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ေန)ဆိုသူႏွင့္ ၃၄ ႏွစ္ရွိ ေက်ာ္ေဇယ်လင္း(ခ)ဖိုးေက်ာ္(ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕၊ ေစာ္ဘြားႀကီးကုန္းရပ္ကြက္ေန)သူတို႔ႏွစ္ဦးသည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၁၁ ရက္၊ မနက္အေစာပိုင္းက စကားမ်ားရန္ျဖစ္ခဲ့ၾကေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ရန္ျဖစ္စကားမ်ားၾကရသည့္အေၾကာင္းရင္းမွာ အက်ဥ္းေထာင္အတြင္း၌ WY စိတ္ၾကြရႈးသြပ္ေဆးျပားမ်ား ေရာင္းခ်ရာ၌ ရရွိေငြမ်ားကို ေက်ာ္ေဇယ်လင္း(ခ)ဖိုးေက်ာ္ထံ ေအာင္သူ(ခ)ရဲေဇာ္(ခ)ရဲေဇာ္ေအာင္(ခ) ရဲေဇာ္ၿငိမ္းက ေတာင္းခံခဲ့ရာ ရန္ျဖစ္စကားမ်ားၾကျခင္းျဖစ္ၿပီး ေက်ာ္ေဇယ်လင္း(ခ)ဖိုးေက်ာ္(၃၄)ႏွစ္မွာ သံခြ်န္ျဖင့္ ၃၇ ခ်က္ထိုးခံရၿပီး ေနရာတြင္ေသဆံုးသြားရျခင္းျဖစ္ေၾကာင္း သိရသည္။
စစ္ေဆးခ်က္အရ ေသဆံုးသူ၌၀ဲလက္ဖ်ံထိုးသြင္းရာ(၂)၊ ယာေပါင္ေနာက္(၁)ခ်က္၊ ယာလက္ဖ်ံ(၁)ခ်က္၊ ယာလက္ေကာက္၀တ္(၁)ခ်က္၊ ယာေပါင္းရင္း(၁)ခ်က္၊ ၀ဲနံရိုးေအာက္(၁)ခ်က္၊ ၀ဲနံရိုးအေပၚ(၁)ခ်က္၊ ၀ဲ၀မ္းဗိုက္(၁)ခ်က္၊ ၀ဲရင္အံု(၃)ခ်က္၊ ၀ဲလည္ပင္း(၂)ခ်က္၊ ယာလည္ပင္း(၁၁)ခ်က္၊ ယာ၀မ္းဗိုက္ (၉)ခ်က္၊ ယာပုခံုး(၁)ခ်က္၊ ယာဆီးခံု(၁)ခ်က္ႏွင့္ ၀ဲမ်က္ခံုး(၁)ခ်က္ စသည့္ထိုးသြင္းဒဏ္ရာေပါင္း(၃၇)ခ်က္ျဖင့္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ထို႔ေၾကာင့္ အေလာင္းကို သာယာ၀တီျပည္သူ႔ေဆးရံုသို႔ ရဲေဆးစာျဖင့္တင္ပို႔ၿပီး ျပစ္မႈက်ဴးလြန္ေသာ ေအာင္သူ(ခ)ရဲေဇာ္(ခ)ရဲေဇာ္ေအာင္(ခ)ရဲေဇာ္ၿငိမ္း(၂၇)ႏွစ္ကို (ပ)၃၂၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္ သာယာ၀တီၿမိဳ႕မရဲစခန္း၌ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)
 

Unicode Version

သာယာဝတီအကျဉ်းထောင်၌ အကျဉ်းသားအချင်းချင်း WY ရောင်းရငွေအဝေမတည့်ရာမှ လူသတ်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်၌ အကျဉ်းသားအချင်းချင်း WY ရောင်းချငွေ အဝေမတည့်ကြရာမှ သံချွန်ဖြင့် ၃၇ ချက်တိတိထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သာယာဝတီမြို့နယ်၊ ရေဝေရပ်ကွက်၌ရှိသည့် သာယာဝတီအကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေသော အကျဉ်းသားများဖြစ်သည့် ၂၇ နှစ်ရှိ အောင်သူ(ခ)ရဲဇော်(ခ)ရဲဇော်အောင်(ခ)ရဲဇော်ငြိမ်း (ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ)ဆိုသူနှင့် ၃၄ နှစ်ရှိ ကျော်ဇေယျလင်း(ခ)ဖိုးကျော်(ရန်ကုန်တိုင်း၊ အင်းစိန်မြို့၊ စော်ဘွားကြီးကုန်းရပ်ကွက်နေ)သူတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်၊ မနက်အစောပိုင်းက စကားများရန်ဖြစ်ခဲ့ကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ရန်ဖြစ်စကားများကြရသည့်အကြောင်းရင်းမှာ အကျဉ်းထောင်အတွင်း၌ WY စိတ်ကြွရှုးသွပ်ဆေးပြားများ ရောင်းချရာ၌ ရရှိငွေများကို ကျော်ဇေယျလင်း(ခ)ဖိုးကျော်ထံ အောင်သူ(ခ)ရဲဇော်(ခ)ရဲဇော်အောင်(ခ) ရဲဇော်ငြိမ်းက တောင်းခံခဲ့ရာ ရန်ဖြစ်စကားများကြခြင်းဖြစ်ပြီး ကျော်ဇေယျလင်း(ခ)ဖိုးကျော်(၃၄)နှစ်မှာ သံချွန်ဖြင့် ၃၇ ချက်ထိုးခံရပြီး နေရာတွင်သေဆုံးသွားရခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်အရ သေဆုံးသူ၌ဝဲလက်ဖျံထိုးသွင်းရာ(၂)၊ ယာပေါင်နောက်(၁)ချက်၊ ယာလက်ဖျံ(၁)ချက်၊ ယာလက်ကောက်ဝတ်(၁)ချက်၊ ယာပေါင်းရင်း(၁)ချက်၊ ဝဲနံရိုးအောက်(၁)ချက်၊ ဝဲနံရိုးအပေါ်(၁)ချက်၊ ဝဲ၀မ်းဗိုက်(၁)ချက်၊ ဝဲရင်အုံ(၃)ချက်၊ ဝဲလည်ပင်း(၂)ချက်၊ ယာလည်ပင်း(၁၁)ချက်၊ ယာဝမ်းဗိုက် (၉)ချက်၊ ယာပုခုံး(၁)ချက်၊ ယာဆီးခုံ(၁)ချက်နှင့် ဝဲမျက်ခုံး(၁)ချက် စသည့်ထိုးသွင်းဒဏ်ရာပေါင်း(၃၇)ချက်ဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် အလောင်းကို သာယာဝတီပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့်တင်ပို့ပြီး ပြစ်မှုကျူးလွန်သော အောင်သူ(ခ)ရဲဇော်(ခ)ရဲဇော်အောင်(ခ)ရဲဇော်ငြိမ်း(၂၇)နှစ်ကို (ပ)၃၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် သာယာဝတီမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။