Skip to main content
AA အဖြဲ႔မွ ေခၚေဆာင္သြားသည့္ ရဲမိသားစု၀င္မ်ားကို ျပန္လည္လႊတ္ေပး
Ads Block

AA အဖြဲ႔မွ ေခၚေဆာင္သြားသည့္ ရဲမိသားစု၀င္မ်ားကို ျပန္လည္လႊတ္ေပး

AA အဖြဲ႔မွ ေခၚေဆာင္သြားသည့္ ကေလး ၃ ဦး အပါအဝင္ ရဲတပ္ဖြဲ႔ဝင္ မိသား(၇)ဦးကို ဧၿပီလ ၁၁ ရက္ ညပိုင္းက ျပန္လည္ လႊတ္ေပးလုိက္ေၾကာင္း သိရသည္။
ဧၿပီလ ၁၁ ရက္ ညပိုင္းက ေျမာက္ဦးျပည္သူ႔ေဆးရုံသို႔ ျပန္လည္ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ ေတာ္ ကုိယ္စားလွယ္ ဦးဦးလွေစာက ေျပာသည္။
“ မေန႔ညက ေျမာက္ဦးေဆးရုံကို ေရာက္လာတယ္ၾကားတယ္။ ဖုန္းေတာ့ဆက္မၾကည့္ရေသးဘူး။ ေသခ်ာဖုိ႔ မ်ားပါတယ္” ဟု ဦးဦးလွေစာက ေျပာသည္။

AA အဖြဲ႔မွ ေခၚေဆာင္သြားသည့္ ရဲမိသားစု၀င္မ်ားကို ျပန္လည္လႊတ္ေပး


ဧၿပီလ (၉)ရက္ ညပိုင္းက  အမွတ္(၃၁) လံုၿခံဳေရး ရဲတပ္ဖြဲ႔ဌာနခ်ဳပ္အား AA အဖြဲ႔မွ ဝင္ေရာက္တုိက္ခိုက္ခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႔၀င္ မ်ား၏ မိသားစုမ်ားျဖစ္သည့္ ဒုရဲအုပ္ သဲေဇာ္ေအာင္၏ ဇနီး ေဒၚစံပယ္လိႈင္(၂၆)ႏွစ္၊သမီးလရိပ္ခ်ိဳ(၃)ႏွစ္၊ ဒုရဲအုပ္ ေအာင္ကိုကို ျမင့္၏ မိခင္ ေဒၚေအးေအး (၅၆)ႏွစ္၊ ဇနီးေဒၚခင္စႏၵာဝင္း (၂၉) ႏွစ္၊ သမီးမႏွင္းေဟမာန္(၆)ႏွစ္၊ သား ေမာင္ေအာင္ျမင့္ျမတ္ကို (၁) ႏွစ္ႏွင့္ ရဲတပ္သား၏ ဇနီးေဒၚတင္ေလးႏြယ္တို႔ကို ေခၚေဆာင္သြားခဲ့ျခင္း ျဖစ္သည္။
“ ျပန္လႊတ္တာေတာ့ မသိေသးပါဘူး။ ကၽြန္ေတာ္ပဲ မသိတာလားမသိဘူး။ ေလာေလာဆယ္ေတာ့ ဌာနခ်ဳပ္ကိုေတာ့ ဒီသတင္းမ တက္ေသးပါဘူး” ဟု အေနာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္မွ ဗုိလ္မွဴးႀကီး ဝင္းေဇာ္ဦးက ေျပာသည္။
အဆုိပါ ျဖစ္စဥ္တြင္ ရဲတပ္ဖြဲ႔ဝင္ ၂ ဦးက်ဆံုးခဲ့ၿပီး အရပ္ဝတ္ျဖင့္ AA အဖြဲ႔ဝင္ ၂၀ ဦး ဖမ္းဆီးရမိေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပ ထား ေၾကာင္း သိရသည္။    

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

 

Unicode Version

AA အဖွဲ့မှ ခေါ်ဆောင်သွားသည့် ရဲမိသားစုဝင်များကို ပြန်လည်လွှတ်ပေး

AA အဖွဲ့မှ ခေါ်ဆောင်သွားသည့် ကလေး ၃ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် မိသား(၇)ဦးကို ဧပြီလ ၁၁ ရက် ညပိုင်းက ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။
ဧပြီလ ၁၁ ရက် ညပိုင်းက မြောက်ဦးပြည်သူ့ဆေးရုံသို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။
“ မနေ့ညက မြောက်ဦးဆေးရုံကို ရောက်လာတယ်ကြားတယ်။ ဖုန်းတော့ဆက်မကြည့်ရသေးဘူး။ သေချာဖို့ များပါတယ်” ဟု ဦးဦးလှစောက ပြောသည်။
ဧပြီလ (၉)ရက် ညပိုင်းက  အမှတ်(၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ဌာနချုပ်အား AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် များ၏ မိသားစုများဖြစ်သည့် ဒုရဲအုပ် သဲဇော်အောင်၏ ဇနီး ဒေါ်စံပယ်လှိုင်(၂၆)နှစ်၊သမီးလရိပ်ချို(၃)နှစ်၊ ဒုရဲအုပ် အောင်ကိုကို မြင့်၏ မိခင် ဒေါ်အေးအေး (၅၆)နှစ်၊ ဇနီးဒေါ်ခင်စန္ဒာဝင်း (၂၉) နှစ်၊ သမီးမနှင်းဟေမာန်(၆)နှစ်၊ သား မောင်အောင်မြင့်မြတ်ကို (၁) နှစ်နှင့် ရဲတပ်သား၏ ဇနီးဒေါ်တင်လေးနွယ်တို့ကို ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
“ ပြန်လွှတ်တာတော့ မသိသေးပါဘူး။ ကျွန်တော်ပဲ မသိတာလားမသိဘူး။ လောလောဆယ်တော့ ဌာနချုပ်ကိုတော့ ဒီသတင်းမ တက်သေးပါဘူး” ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး အရပ်ဝတ်ဖြင့် AA အဖွဲ့ဝင် ၂၀ ဦး ဖမ်းဆီးရမိကြောင်း သတင်းများတွင် ဖော်ပြ ထား ကြောင်း သိရသည်။  

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)    

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။