Skip to main content
မင္းလွတြင္ ဆီသယ္ယာဥ္တစ္စီး ဝါယာေ႐ွာ့ျဖစ္ကာ မီးေလာင္
Ads Block

မင္းလွတြင္ ဆီသယ္ယာဥ္တစ္စီး ဝါယာေ႐ွာ့ျဖစ္ကာ မီးေလာင္

မေကြးတိုင္းေဒသႀကီး အထက္မင္းလွၿမိဳ႕ သရက္ - မင္းလွ ကားလမ္း မိုင္တိုင္(၅၂)အနီးတြင္ ဆီသယ္ယာဥ္တစ္စီးမီးေလာင္ကြၽမ္းမႈ ဧၿပီလ ၁၁ ရက္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မင္းလွဘက္မွ သရက္ဘက္သို႔ ဆီေပပါ(၁၆)လံုး တင္ေဆာင္ေမာင္းႏွင္လာသည့္ ကင္တာအျဖဴေရာင္ယာဥ္သည္ ေန႔လယ္ ၂ နာရီခြဲ ၀န္းက်င္တြင္ သရက္ - မင္းလွ ကားလမ္း မိုင္တိုင္ (၅၂)အနီးသို႔ အေရာက္ ယာဥ္ဦးေခါင္းပိုင္းတြင္ ဝါယာေ႐ွာ့ျဖစ္ကာ မီးေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မင္းလွတြင္ ဆီသယ္ယာဥ္တစ္စီး ဝါယာေ႐ွာ့ျဖစ္ကာ မီးေလာင္


"ေမာ္ေတာ္ယာဥ္ မီးေလာင္ေနတာကို မီးသတ္ယာဥ္တစ္စီး၊ ေရသယ္ယာဥ္တစ္စီး၊ ပုဂၢလိက ေရသယ္ယာဥ္တစ္စီးကို အသံုးျပဳၿပီး ရဲတပ္ဖြဲ႔ဝင္၊ မီးသတ္တပ္ဖြဲ႔ဝင္ေတြနဲ႔ ျပည္သူေတြနဲ႔အတူ ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၾကပါတယ္။ ၂ နာရီ ၄၀ မိနစ္အခ်ိန္မွာ မီးၿငိမ္းခဲ့ပါ တယ္။ ေမာ္ေတာ္ယာဥ္မီးေလာင္ကြၽမ္းမႈေၾကာင့္ ဆံုး႐ံႈးမႈ စုစုေပါင္းတန္ဖိုးအေနနဲ႔ကေတာ့ (၃၆) သိန္း႐ွိပါတယ္" ဟု ၿမိဳ႕နယ္ မီး သတ္မွ တာဝန္႐ွိသူတစ္ဦးက ေျပာသည္။

မင္းလွတြင္ ဆီသယ္ယာဥ္တစ္စီး ဝါယာေ႐ွာ့ျဖစ္ကာ မီးေလာင္


လက္ရိွတြင္ ယာဥ္ေမာင္းမွ ထြက္ေျပးတိမ္းေ႐ွာင္ေနၿပီး ေလာင္မႈ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဒုရဲအုပ္သန္းတင္ေမာင္မွ တရားလိုျပဳ လုပ္တိုင္တန္း ခ်က္အရ အမႈေရးဖြင့္ထားေၾကာင္း မင္းလွၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴးထင္ေအာင္လင္းက ေျပာသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး မင္းလွၿမိဳ႕မရဲစခန္းမွ (ပ)၁၇၈/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ၂၈၅/၂၀၂ ျဖင့္ အမွဴေရးဖြင့္ ထားေၾကာင္း သိရသည္။

- ေက်ာ္သက္ႏိုင္ - မင္းလွ(အကုန္သိသတင္းဌာန)

 

Unicode Version

မင်းလှတွင် ဆီသယ်ယာဉ်တစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ သရက် - မင်းလှ ကားလမ်း မိုင်တိုင်(၅၂)အနီးတွင် ဆီသယ်ယာဉ်တစ်စီးမီးလောင်ကျွမ်းမှု ဧပြီလ ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းလှဘက်မှ သရက်ဘက်သို့ ဆီပေပါ(၁၆)လုံး တင်ဆောင်မောင်းနှင်လာသည့် ကင်တာအဖြူရောင်ယာဉ်သည် နေ့လယ် ၂ နာရီခွဲ ဝန်းကျင်တွင် သရက် - မင်းလှ ကားလမ်း မိုင်တိုင် (၅၂)အနီးသို့ အရောက် ယာဉ်ဦးခေါင်းပိုင်းတွင် ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မော်တော်ယာဉ် မီးလောင်နေတာကို မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ်တစ်စီးကို အသုံးပြုပြီး ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေနဲ့အတူ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါတယ်။ ၂ နာရီ ၄၀ မိနစ်အချိန်မှာ မီးငြိမ်းခဲ့ပါ တယ်။ မော်တော်ယာဉ်မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု စုစုပေါင်းတန်ဖိုးအနေနဲ့ကတော့ (၃၆) သိန်းရှိပါတယ်" ဟု မြို့နယ် မီး သတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ယာဉ်မောင်းမှ ထွက်ပြေးတိမ်းရှောင်နေပြီး လောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဒုရဲအုပ်သန်းတင်မောင်မှ တရားလိုပြု လုပ်တိုင်တန်း ချက်အရ အမှုရေးဖွင့်ထားကြောင်း မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး မင်းလှမြို့မရဲစခန်းမှ (ပ)၁၇၈/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ၂၈၅/၂၀၂ ဖြင့် အမှူရေးဖွင့် ထားကြောင်း သိရသည်။

- ကျော်သက်နိုင် - မင်းလှ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။