Skip to main content
ယာဥ္တစ္စီး ေတာင္အတက္တြင္ေနာက္ျပန္က်တိမ္းေမွာက္ရာမွ ၁ ဦးေသဆံုး၊ ၁၀ ဦးဒဏ္ရာရ
Ads Block

ယာဥ္တစ္စီး ေတာင္အတက္တြင္ေနာက္ျပန္က်တိမ္းေမွာက္ရာမွ ၁ ဦးေသဆံုး၊ ၁၀ ဦးဒဏ္ရာရ

ၿမိဳင္ႀကီးငူ-မဲသေဝါကားလမ္း ဝါးဘိုးေတာင္ေျခကုန္းအတက္တြင္ ေမာင္းႏွင္လာသည့္ယာဥ္တစ္စီး ေနာက္ျပန္လိမ့္က်တိမ္းေမွာက္ရာ ၁ ဦးေသဆံုးၿပီး ၁၀ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ကရင္ျပည္နယ္၊ လႈိင္းဘြဲၿမိဳ႕နယ္၊ က်ဳံေထာ္ေက်း႐ြာအနီး ၿမိဳင္ႀကီးငူ-မဲသေဝါကားလမ္း ဝါးဘိုးေတာင္ေျခကုန္းအတက္၌ ဧၿပီလ ၁၁ ရက္၊ ေန႔လယ္ ၁ နာရီခန္႔က စိုးႏိုင္၊ (၃၃)ႏွစ္၊ ဇီဇဝါၿမိဳင္ရပ္ကြက္၊ လႈိင္းဘြဲၿမိဳ႕နယ္ေန သူေမာင္းႏွင္ၿပီး မေကသီစိုး၊ (၁၄)ႏွစ္၊ ကြၽန္းလုံးညီလာေက်း႐ြာ၊ လႈိင္းဘြဲၿမိဳ႕နယ္ေနသူပါ ၂၁ ဦး(က်ား ၉၊ မ ၁၂)လိုက္ပါလာသည့္ 5F/…. Canter ယာဥ္သည္ ကုန္းတက္တြင္ ေနာက္ျပန္လိမ့္က်ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ေနာက္ျပန္လိမ့္က်ခဲ့သျဖင့္ မေကသီစိုးတြင္ ဦးေခါင္းပိျပားဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာ၌ေသဆုံးခဲ့ၿပီး ေစာႏိုင္မူး၊ (၁၀)ႏွစ္၊ လင္းလြန္းၿမိဳင္ရပ္ကြက္၊ လႈိင္းဘြဲ ၿမိဳ႕နယ္ေနသူပါ က်ား ၂ ဦးတြင္ ႏွာေခါင္းေသြးထြက္၊ ဝဲလက္ေမာင္း/ ေပါင္က်ဳိးဒဏ္ရာမ်ား(စိုးရိမ္ရ)ႏွင့္ စိုးႏိုင္ပါ ၈ ဦး(က်ား ၁၊ မ ၇)တို႔တြင္ ပြန္းပဲ့ေပါက္ၿပဲဒဏ္ရာမ်ား(မစိုးရိမ္ရ) ရရွိခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူႏွင့္ ဒဏ္ရာရရွိသူမ်ားကို ၿမိဳင္ႀကီးငူတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ယာဥ္ေမာင္းစိုးႏိုင္၊ (၃၃)ႏွစ္ကို ေ႐ႊဂြန္းနယ္ေျမရဲစခန္း၌ ယာဥ္(ပ)၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇(ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ ျပင္းထန္/ သာမန္နာက်င္ေစမႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

 

Unicode Version

ယာဉ်တစ်စီး တောင်အတက်တွင်နောက်ပြန်ကျတိမ်းမှောက်ရာမှ ၁ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

မြိုင်ကြီးငူ-မဲသဝေါကားလမ်း ဝါးဘိုးတောင်ခြေကုန်းအတက်တွင် မောင်းနှင်လာသည့်ယာဉ်တစ်စီး နောက်ပြန်လိမ့်ကျတိမ်းမှောက်ရာ ၁ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကျုံထော်ကျေးရွာအနီး မြိုင်ကြီးငူ-မဲသဝေါကားလမ်း ဝါးဘိုးတောင်ခြေကုန်းအတက်၌ ဧပြီလ ၁၁ ရက်၊ နေ့လယ် ၁ နာရီခန့်က စိုးနိုင်၊ (၃၃)နှစ်၊ ဇီဇဝါမြိုင်ရပ်ကွက်၊ လှိုင်းဘွဲမြို့နယ်နေ သူမောင်းနှင်ပြီး မကေသီစိုး၊ (၁၄)နှစ်၊ ကျွန်းလုံးညီလာကျေးရွာ၊ လှိုင်းဘွဲမြို့နယ်နေသူပါ ၂၁ ဦး(ကျား ၉၊ မ ၁၂)လိုက်ပါလာသည့် 5F/…. Canter ယာဉ်သည် ကုန်းတက်တွင် နောက်ပြန်လိမ့်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
နောက်ပြန်လိမ့်ကျခဲ့သဖြင့် မကေသီစိုးတွင် ဦးခေါင်းပိပြားဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး စောနိုင်မူး၊ (၁၀)နှစ်၊ လင်းလွန်းမြိုင်ရပ်ကွက်၊ လှိုင်းဘွဲ မြို့နယ်နေသူပါ ကျား ၂ ဦးတွင် နှာခေါင်းသွေးထွက်၊ ဝဲလက်မောင်း/ ပေါင်ကျိုးဒဏ်ရာများ(စိုးရိမ်ရ)နှင့် စိုးနိုင်ပါ ၈ ဦး(ကျား ၁၊ မ ၇)တို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို မြိုင်ကြီးငူတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းစိုးနိုင်၊ (၃၃)နှစ်ကို ရွှေဂွန်းနယ်မြေရဲစခန်း၌ ယာဉ်(ပ)၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။