Skip to main content
ပစ္သတ္ခံရသူ ၇ ဦးႏွင့္ဒဏ္ရာရရွိသူ ၁ ဦးတိုု႔အတြက္ တစ္ဦးလွ်င္သိန္း ၁၀၀ စီေလ်ာ္ေၾကးေပးရန္ ႏိုင္ငံေတာ္ထံေတာင္းဆိုထား
Ads Block

ပစ္သတ္ခံရသူ ၇ ဦးႏွင့္ဒဏ္ရာရရွိသူ ၁ ဦးတိုု႔အတြက္ တစ္ဦးလွ်င္သိန္း ၁၀၀ စီေလ်ာ္ေၾကးေပးရန္ ႏိုင္ငံေတာ္ထံေတာင္းဆိုထား

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးအနန္းကြင္းေက်းရြာတြင္ တပ္မေတာ္သား ၂ ဦးမွ ပစ္ခတ္ခဲ့သည့္ လူ ၇ ဦးေသဆံုးၿပီး ၁ ဦးဒဏ္ရာရရွိမႈျဖစ္စဥ္အတြက္ တစ္ဦးလွ်င္ က်ပ္သိန္း ၁၀၀ စီေလ်ာ္ေၾကးေပးရန္ ႏိုင္ငံေတာ္ထံ ေတာင္းဆိုထားေၾကာင္း အသက္ရွင္က်န္ခဲ့သူမိသားစု၀င္မ်ား၏ သတင္းစာရွင္းလင္းပြဲမွသိရသည္။
ရန္ကုန္ၿမိဳ႕ရွိအုိလံပစ္တာ၀ါတြင္ ဧၿပီလ ၁၁ ရက္ကက်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ ေသဆုံးသူမ်ားအေၾကာင္း သတင္းစာရွင္းလင္းပြဲလုပ္သည့္ ဖခင္ျဖစ္သူဦးသန္းေရႊက သတင္းမီဒီယာမ်ားသုိ႔ ေျပာျခင္း ျဖစ္သည္။
“ ကြ်န္ေတာ္သားေတြ၊ ေခြ်းမေတြ ေသဆုံးသြားတယ္။ ကေလးငယ္ေတြေတာင္ပါတယ္။ အခုဂ်ာနယ္ေတြမွာ၊ မႈခင္းသတင္းေတြမွာပါေနတာက ဆုိင္ကယ္မရလုိ႔ ရုန္းရင္းဆန္ခတ္ျဖစ္ၿပီးပစ္တယ္ဆုိတယ္။ အမွန္က ဒီလုိမွမဟုတ္ဘဲ သူတုိ႔ကအိမ္ေရွ ႔လာၿပီးေခၚတယ္။ထြက္လာေတာ့ အဲဒီမွာပစ္တယ္။ ဘာရန္ၿငွိဳးရန္စမွလည္း မရွိဘူး။ အခုဟာကကေလးငယ္ေတြကုိပါ ပစ္သတ္သြားတာ။က်န္တဲ့သူေတြေတာင္ ကံေကာင္းလုိ႔။ အခု ကၽြန္ေတာ္က တပ္မေတ္ကဗ်ဴဟာမွဴးကုိေျပာတယ္။ ဘယ္လုိမွေတာ့မထင္ပါနဲ႔လုိ႔ ကြ်န္ေတာ္တုိ႔ကုိ ႏုိင္ငံေတာ္က တစ္ဦးကုိ သိန္းတစ္ရာနဲ႔လူရွစ္ဦးအတြက္လုိခ်င္ပါတယ္လုိ႔ ဒီလုိေတာင္းဆုိထားတယ္။ က်န္ခဲ့တဲ့သူေတြနဲ႔ ဘ၀ေရွ႕ေရးအတြက္ဒီလုိေတာင္းဆုိတာပါ။ ေပးခ်င္ေပး၊ မေပးလည္းဘာမွမျဖစ္ပါဘူး’’ဟု ဦးသန္းေရႊက ေျပာသည္။
ေသဆုံးသူမ်ားမွာဦးသန္းေရႊ၏ သားႏွင့္ ေျမးမ်ားျဖစ္ၾကၿပီးမိသားစုႏွစ္စုမွ လူမ်ားျဖစ္ၾကေၾကာင္း သိရသည္။
အခင္းျဖစ္စဥ္မွာေအာ္ေခၚ၍ အိမ္ေရွ ႔ထြက္လာစဥ္လူ ၂ ဦးကပစ္ခတ္ျခင္းျဖစ္ၿပီး ကေလးမ်ားပါပစ္ခတ္ခဲ့ကာ ေသနတ္တစ္လက္အားလႊင့္ပစ္ခဲ့ၿပီး အနန္းကြင္းေက်းရြာမွ ဆယ္မုိင္အကြာတြင္ KNU တပ္ဖြဲ႔မွ ဖမ္းဆီးရမိ၍ တပ္မေတာ္သုိ႔ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္းသိရသည္။
“ကြ်န္ေတာ္တုိ႔ကပုိက္ဆံလုိခ်င္လုိ႔ေျပာတာမဟုတ္ပါဘူး။ အဲဒီပုိက္ဆံလည္းအေဖကေတာင္းတာပါ။ က်န္ခဲ့တဲ့သူေတြနဲ႔ ကေလးေတြဘ၀ေရွ႕ေရးအတြက္ပါ။ ကြ်န္ေတာ္က လုိလည္းမလုိခ်င္ပါဘူး။ ဆုံးရႈံးသြားတဲ့ ကြ်န္ေတာ္အကုိနဲ႔တူေတြတူမေတြ ကြ်န္ေတာ္ဘယ္လုိမွေျဖလုိ႔မရဘူး။ ဒါေၾကာင့္အဲဒီမွာေတာင္မေနေတာ့ပါဘူး။ ကြ်န္ေတာ္ကရန္ကုန္ေျပာင္းလာပါၿပီ။ ေသဆုံးသြားတာ စုစုေပါင္း ၇ ဦးပါ။ တစ္ဦးကေဆးရုံမွာပါ။ ေနာက္ၿပီး ဆုိင္ကယ္ေတာင္းမရလုိ႔သတ္တာမဟုတ္ပါဘူး။ ဆုိင္ကယ္ကေသာ့ေတာင္ခတ္မထားဘူး။ ကားလည္းဒီအတုိင္းပဲ။ အခုဟာကသူတုိ႔ကကြ်န္ေတာ့္အကုိႀကီးကုိအရင္သတ္တာပါ။ ၿပီးမွေနာက္ထပ္အဲဒီလုိထပ္သတ္တာ’’ဟု ေသဆုံးသူမ်ားႏွင့္ေဆြမ်ိဳးေတာ္စပ္သူကုိသန္းေနာင္က ေျပာသည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ပစ်သတ်ခံရသူ ၇ ဦးနှင့်ဒဏ်ရာရရှိသူ ၁ ဦးတို့အတွက် တစ်ဦးလျှင်သိန်း ၁၀၀ စီလျော်ကြေးပေးရန် နိုင်ငံတော်ထံတောင်းဆိုထား 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအနန်းကွင်းကျေးရွာတွင် တပ်မတော်သား ၂ ဦးမှ ပစ်ခတ်ခဲ့သည့် လူ ၇ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိမှုဖြစ်စဉ်အတွက် တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ စီလျော်ကြေးပေးရန် နိုင်ငံတော်ထံ တောင်းဆိုထားကြောင်း အသက်ရှင်ကျန်ခဲ့သူမိသားစုဝင်များ၏ သတင်းစာရှင်းလင်းပွဲမှသိရသည်။
ရန်ကုန်မြို့ရှိအိုလံပစ်တာဝါတွင် ဧပြီလ ၁၁ ရက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သေဆုံးသူများအကြောင်း သတင်းစာရှင်းလင်းပွဲလုပ်သည့် ဖခင်ဖြစ်သူဦးသန်းရွှေက သတင်းမီဒီယာများသို့ ပြောခြင်း ဖြစ်သည်။
“ ကျွန်တော်သားတွေ၊ ချွေးမတွေ သေဆုံးသွားတယ်။ ကလေးငယ်တွေတောင်ပါတယ်။ အခုဂျာနယ်တွေမှာ၊ မှုခင်းသတင်းတွေမှာပါနေတာက ဆိုင်ကယ်မရလို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးပစ်တယ်ဆိုတယ်။ အမှန်က ဒီလိုမှမဟုတ်ဘဲ သူတို့ကအိမ်ရှေ့လာပြီးခေါ်တယ်။ထွက်လာတော့ အဲဒီမှာပစ်တယ်။ ဘာရန်ငြှိုးရန်စမှလည်း မရှိဘူး။ အခုဟာကကလေးငယ်တွေကိုပါ ပစ်သတ်သွားတာ။ကျန်တဲ့သူတွေတောင် ကံကောင်းလို့။ အခု ကျွန်တော်က တပ်မတေ်ကဗျူဟာမှူးကိုပြောတယ်။ ဘယ်လိုမှတော့မထင်ပါနဲ့လို့ ကျွန်တော်တို့ကို နိုင်ငံတော်က တစ်ဦးကို သိန်းတစ်ရာနဲ့လူရှစ်ဦးအတွက်လိုချင်ပါတယ်လို့ ဒီလိုတောင်းဆိုထားတယ်။ ကျန်ခဲ့တဲ့သူတွေနဲ့ ဘဝရှေ့ရေးအတွက်ဒီလိုတောင်းဆိုတာပါ။ ပေးချင်ပေး၊ မပေးလည်းဘာမှမဖြစ်ပါဘူး’’ဟု ဦးသန်းရွှေက ပြောသည်။
သေဆုံးသူများမှာဦးသန်းရွှေ၏ သားနှင့် မြေးများဖြစ်ကြပြီးမိသားစုနှစ်စုမှ လူများဖြစ်ကြကြောင်း သိရသည်။
အခင်းဖြစ်စဉ်မှာအော်ခေါ်၍ အိမ်ရှေ့ထွက်လာစဉ်လူ ၂ ဦးကပစ်ခတ်ခြင်းဖြစ်ပြီး ကလေးများပါပစ်ခတ်ခဲ့ကာ သေနတ်တစ်လက်အားလွှင့်ပစ်ခဲ့ပြီး အနန်းကွင်းကျေးရွာမှ ဆယ်မိုင်အကွာတွင် KNU တပ်ဖွဲ့မှ ဖမ်းဆီးရမိ၍ တပ်မတော်သို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ကပိုက်ဆံလိုချင်လို့ပြောတာမဟုတ်ပါဘူး။ အဲဒီပိုက်ဆံလည်းအဖေကတောင်းတာပါ။ ကျန်ခဲ့တဲ့သူတွေနဲ့ ကလေးတွေဘဝရှေ့ရေးအတွက်ပါ။ ကျွန်တော်က လိုလည်းမလိုချင်ပါဘူး။ ဆုံးရှုံးသွားတဲ့ ကျွန်တော်အကိုနဲ့တူတွေတူမတွေ ကျွန်တော်ဘယ်လိုမှဖြေလို့မရဘူး။ ဒါကြောင့်အဲဒီမှာတောင်မနေတော့ပါဘူး။ ကျွန်တော်ကရန်ကုန်ပြောင်းလာပါပြီ။ သေဆုံးသွားတာ စုစုပေါင်း ၇ ဦးပါ။ တစ်ဦးကဆေးရုံမှာပါ။ နောက်ပြီး ဆိုင်ကယ်တောင်းမရလို့သတ်တာမဟုတ်ပါဘူး။ ဆိုင်ကယ်ကသော့တောင်ခတ်မထားဘူး။ ကားလည်းဒီအတိုင်းပဲ။ အခုဟာကသူတို့ကကျွန်တော့်အကိုကြီးကိုအရင်သတ်တာပါ။ ပြီးမှနောက်ထပ်အဲဒီလိုထပ်သတ်တာ’’ဟု သေဆုံးသူများနှင့်ဆွေမျိုးတော်စပ်သူကိုသန်းနောင်က ပြောသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။