Skip to main content
AA ၏စိတ္ကူးယဥ္အိပ္မက္ ကမၻာတည္သေရြ႔မျဖစ္ႏုိင္ဟု ဦးလွေဆြေျပာ
Ads Block

AA ၏စိတ္ကူးယဥ္အိပ္မက္ ကမၻာတည္သေရြ႔မျဖစ္ႏုိင္ဟု ဦးလွေဆြေျပာ

ရခုိင္ျပည္နယ္အား သီးျခားလြတ္လပ္ေသာျပည္နယ္အျဖစ္ AA လက္နက္ကုိ္င္အဖြဲ႔၏ စိတ္ကူးယဥ္အိပ္မက္မွာ ကမၻာတည္သေရႊ ႔မျဖစ္ႏုိင္ေၾကာင္း ဂန္႔ေဂါၿမဳိ႔နယ္အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ေဟာင္း ဦးလွေဆြက ေျပာလုိက္သည္။
ဧၿပီလ ၁၁ ရက္၌ အကုန္သိသတင္းဌာန၏ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးခဲ့ျခင္း ျဖစ္သည္။ 
“ AA က ကြန္ဖက္ဒရိတ္ဆုိတယ္။ သူတုိ႔စိတ္ကူးယဥ္အိပ္မက္ေပါ့ေလ။ ဒါကမျဖစ္ႏုိင္တဲ့ ေတာင္းဆုိမႈႀကီးပဲ။ ကမၻာတည္သေရြ႔မျဖစ္ႏုိင္ဘူးဗ်။ သူတုိ႔လုပ္ရမွာတစ္ခုပဲရွိတယ္။ လက္နက္ခ်၊ အလင္း၀င္၊ အဲဒါဆုိရင္ေတာ့ သူတုိ႔လုပ္ထားတဲ့အျပစ္ေတြေျဖေလ်ာ့လိမ့္မယ္။ ႏုိ႔မုိ႔ဆုိလုိ႔ကေတာ့ ဖမ္းမိရင္မလြယ္ဘူး’’ ဟု ဦးလွေဆြက ေျပာသည္။
ရခုိင္ျပည္နယ္တြင္ တပ္မေတာ္ႏွင့္ AA လက္နက္ကုိင္အဖြဲ႔တုိ႔သည္ ၂၀၁ခုနွစ္မွ စတင္ထိေတြ႔မႈျဖစ္ပြားေနၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္တုိ႔ပါ၀င္ကာ ၂၀၁၉ခုနွစ္တြင္ ေျမာက္ဦး ၿမဳိ႔နယ္ထိထိေတြ႔မႈမ်ားရွိလာခဲ့ေၾကာင္းသိရသည္။
AA မွ ရခုိင္ျပည္နယ္အား တာ၀န္ယူေနၿပီျဖစ္ေၾကာင္း AA လက္နက္ကုိင္အဖြဲ႔မွတာ၀န္ရွိသူ ဦးေက်ာ္ဟန္ကလည္း ေျပာၾကားထားဖူးသည္။ 
ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၄ ရက္ကလည္း AA လက္နက္ကုိင္အဖြဲ႔မွ ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ရွိ ရဲကင္းစခန္း ၄ ခုကိုသာလြန္အင္အားျဖင့္၀င္ေရာက္တုိက္ခုိက္ခဲ့ၿပီး တပ္ဖြဲ႔၀င္ ၉ ဦး က်ဆုံးခဲ့သည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

AA ၏စိတ်ကူးယဉ်အိပ်မက် ကမ္ဘာတည်သရွေ့မဖြစ်နိုင်ဟု ဦးလှဆွေပြော

ရခိုင်ပြည်နယ်အား သီးခြားလွတ်လပ်သောပြည်နယ်အဖြစ် AA လက်နက်ကိုင်အဖွဲ့၏ စိတ်ကူးယဉ်အိပ်မက်မှာ ကမ္ဘာတည်သရွှေ့မဖြစ်နိုင်ကြောင်း ဂန့်ဂေါမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက ပြောလိုက်သည်။
ဧပြီလ ၁၁ ရက်၌ အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။ 
“ AA က ကွန်ဖက်ဒရိတ်ဆိုတယ်။ သူတို့စိတ်ကူးယဉ်အိပ်မက်ပေါ့လေ။ ဒါကမဖြစ်နိုင်တဲ့ တောင်းဆိုမှုကြီးပဲ။ ကမ္ဘာတည်သရွေ့မဖြစ်နိုင်ဘူးဗျ။ သူတို့လုပ်ရမှာတစ်ခုပဲရှိတယ်။ လက်နက်ချ၊ အလင်းဝင်၊ အဲဒါဆိုရင်တော့ သူတို့လုပ်ထားတဲ့အပြစ်တွေဖြေလျော့လိမ့်မယ်။ နို့မို့ဆိုလို့ကတော့ ဖမ်းမိရင်မလွယ်ဘူး’’ ဟု ဦးလှဆွေက ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့သည် ၂၀၁ခုနှစ်မှ စတင်ထိတွေ့မှုဖြစ်ပွားနေပြီး ကျောက်တော်မြို့နယ်တို့ပါဝင်ကာ ၂၀၁၉ခုနှစ်တွင် မြောက်ဦး မြို့နယ်ထိထိတွေ့မှုများရှိလာခဲ့ကြောင်းသိရသည်။
AA မှ ရခိုင်ပြည်နယ်အား တာဝန်ယူနေပြီဖြစ်ကြောင်း AA လက်နက်ကိုင်အဖွဲ့မှတာဝန်ရှိသူ ဦးကျော်ဟန်ကလည်း ပြောကြားထားဖူးသည်။ 
ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်ကလည်း AA လက်နက်ကိုင်အဖွဲ့မှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ရှိ ရဲကင်းစခန်း ၄ ခုကိုသာလွန်အင်အားဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။