Skip to main content
ဒါရိုက္တာမင္းထင္ကိုကိုႀကီးအား အင္းစိန္ေထာင္သို႔ ပို႔ေဆာင္
Ads Block

ဒါရိုက္တာမင္းထင္ကိုကိုႀကီးအား အင္းစိန္ေထာင္သို႔ ပို႔ေဆာင္

ဒါရိုက္တာမင္းထင္ကိုကိုႀကီးသည္ အသဲကင္ဆာေရာဂါခံစားေနရသျဖင့္ အာမခံေလွ်ာက္ထားခဲ့ေသာ္လည္း တရားရုံးက ပယ္ခ်၍ ဖမ္းဆီးခ်ဳပ္ရမန္ယူကာ အင္းစိန္ေထာင္သို႔ ပို႔ေဆာင္လိုက္ေၾကာင္း သိရသည္။
ဒါရိုက္တာမင္းထင္ကိုကိုႀကီးသည္ ၎၏လူမႈကြန္ရက္(facebook)ေပၚတြင္ တပ္မေတာ္ကို ေဝဖန္ေရးသားခဲ့သည္ဟုဆိုကာ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွ ဒုတိယဗိုလ္မွဴးႀကီးလင္းထြန္းက အင္းစိန္တရားရုံး၌ ၅၀၅(က)ျဖင့္ ဦးတိုက္ေလွ်ာက္ထားမႈကို ဧၿပီလ ၁၂ ရက္က ေခၚယူစစ္ေဆးခဲ့စဥ္ အာမခံကို ပယ္ခ်ခဲ့ေၾကာင္း သိရသည္။

ဒါရိုက္တာမင္းထင္ကိုကိုႀကီးအား အင္းစိန္ေထာင္သို႔ ပို႔ေဆာင္


“သူ႔ကိုေခၚစဥ္တုန္းက သိန္းတစ္ရာတန္ခံဝန္သူႏွစ္ဦးနဲ႔ေခၚတယ္။ ရုံးေရွ႕ေရာက္ေတာ့ ကြ်န္ေတာ္တို႔က အာမခံ ေလွ်ာက္တယ္။ သူဟာ ထြက္ေျပးတိမ္းေရွာင္မယ့္သူလည္းမဟုတ္ဘူး။ လုံေလာက္တဲ့ ခံဝန္ကိုလည္းေပးႏိုင္ တယ္။ က်န္းမာေရးအားျဖင့္ကလည္း အသဲကင္ဆာေၾကာင့္ အသဲတစ္ဝက္လွီးထားရတဲ့လူ။ အဲဒီလို အေျခအေနေတြရွိေနတဲ့အခါမွာ ေဆးကလည္း ဆက္ကုသဖို႔လိုတယ္။ ဆက္ေသာက္ရမယ္။ အဲဒါကို အာမခံေပးပါဆိုၿပီး ေလွ်ာက္တယ္။ ဥပေဒအရာရွိကေတာ့ ဆရာဝန္ကိုလည္း မစစ္ေဆးရေသးဘူးလို႔ ဆိုပါတယ္။ အဲဒီေတာ့ တရားရုံးက အမိန္႔ခ်ေတာ့ သူ႔ရဲ႕လတ္တေလာအာမခံေလွ်ာက္ထားခ်က္ကို ပလပ္တယ္လို႔ ဆိုပါတယ္” ဟု ဒါရိုက္တာမင္းထင္ကိုကိုႀကီး၏ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
၎ကို အင္းစိန္တရားရုံးမွ ခ်ဳပ္ရမန္ေပး၍ အင္းစိန္ေထာင္သို႔ ပို႔ေဆာင္ခဲ့ကာ ရုံးခ်ိန္းကို လာမည့္ဧၿပီလ ၂၅ ရက္သို႔ ျပန္လည္ခ်ိန္းဆိုထားေၾကာင္း သိရသည္။
ဒါ႐ုိက္တာမင္းထင္ကုိကုိႀကီးသည္ ၎၏လူမႈကြန္ရက္စာမ်က္ႏွာ(facebook)ေပၚတြင္ တပ္မေတာ္ႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ ၁၅ ရက္မွ မတ္လ ၂၂ ရက္အတြင္း၌တင္ခဲ့သည့္ပို႔စ္မ်ားထဲမွ ၁၀ ခုကို မေက်နပ္သျဖင့္ မတ္လ ၂၉ ရက္၊ ေန႔လယ္ပိုင္းက ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွ ဒုတိယဗိုလ္မွဴးႀကီးလင္းထြန္းက တရားလိုျပဳလုပ္၍ အင္းစိန္ၿမိဳ႕မရဲစခန္း၌ ၆၆(ဃ)ျဖင့္ အမႈဖြင့္ထားေသးေၾကာင္း သိရသည္။
အဆိုပါ ၆၆(ဃ)ျဖင့္ အမႈဖြင့္ထားမႈကို ဧၿပီလ၂ ရက္က အင္းစိန္ၿမိဳ႕မရဲစခန္းတြင္ အာမခံရရွိခဲ့ေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

 

Unicode Version

ဒါရိုက်တာမင်းထင်ကိုကိုကြီးအား အင်းစိန်ထောင်သို့ ပို့ဆောင်

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် အသဲကင်ဆာရောဂါခံစားနေရသဖြင့် အာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးက ပယ်ချ၍ ဖမ်းဆီးချုပ်ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် ၎င်း၏လူမှုကွန်ရက်(facebook)ပေါ်တွင် တပ်မတော်ကို ဝေဖန်ရေးသားခဲ့သည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက အင်းစိန်တရားရုံး၌ ၅၀၅(က)ဖြင့် ဦးတိုက်လျှောက်ထားမှုကို ဧပြီလ ၁၂ ရက်က ခေါ်ယူစစ်ဆေးခဲ့စဉ် အာမခံကို ပယ်ချခဲ့ကြောင်း သိရသည်။
“သူ့ကိုခေါ်စဉ်တုန်းက သိန်းတစ်ရာတန်ခံဝန်သူနှစ်ဦးနဲ့ခေါ်တယ်။ ရုံးရှေ့ရောက်တော့ ကျွန်တော်တို့က အာမခံ လျှောက်တယ်။ သူဟာ ထွက်ပြေးတိမ်းရှောင်မယ့်သူလည်းမဟုတ်ဘူး။ လုံလောက်တဲ့ ခံဝန်ကိုလည်းပေးနိုင် တယ်။ ကျန်းမာရေးအားဖြင့်ကလည်း အသဲကင်ဆာကြောင့် အသဲတစ်ဝက်လှီးထားရတဲ့လူ။ အဲဒီလို အခြေအနေတွေရှိနေတဲ့အခါမှာ ဆေးကလည်း ဆက်ကုသဖို့လိုတယ်။ ဆက်သောက်ရမယ်။ အဲဒါကို အာမခံပေးပါဆိုပြီး လျှောက်တယ်။ ဥပဒေအရာရှိကတော့ ဆရာဝန်ကိုလည်း မစစ်ဆေးရသေးဘူးလို့ ဆိုပါတယ်။ အဲဒီတော့ တရားရုံးက အမိန့်ချတော့ သူ့ရဲ့လတ်တလောအာမခံလျှောက်ထားချက်ကို ပလပ်တယ်လို့ ဆိုပါတယ်” ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က အကုန်သိသတင်းဌာနသို့ ပြောသည်။
၎င်းကို အင်းစိန်တရားရုံးမှ ချုပ်ရမန်ပေး၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကာ ရုံးချိန်းကို လာမည့်ဧပြီလ ၂၅ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် ၎င်း၏လူမှုကွန်ရက်စာမျက်နှာ(facebook)ပေါ်တွင် တပ်မတော်နှင့် ပတ်သက်၍ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ်လ ၂၂ ရက်အတွင်း၌တင်ခဲ့သည့်ပို့စ်များထဲမှ ၁၀ ခုကို မကျေနပ်သဖြင့် မတ်လ ၂၉ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်၍ အင်းစိန်မြို့မရဲစခန်း၌ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားသေးကြောင်း သိရသည်။
အဆိုပါ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားမှုကို ဧပြီလ၂ ရက်က အင်းစိန်မြို့မရဲစခန်းတွင် အာမခံရရှိခဲ့ကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။