Skip to main content
ေဆာင္ခရန္ ပြဲေတာ္ကာလ ပထမရက္တြင္ ယာဥ္မေတာ္တဆမႈေၾကာင့္ ၄၆ ဦး ေသဆုံးကာ ၅၀၀ နီးပါး ဒဏ္ရာရ 
Ads Block

ေဆာင္ခရန္ ပြဲေတာ္ကာလ ပထမရက္တြင္ ယာဥ္မေတာ္တဆမႈေၾကာင့္ ၄၆ ဦး ေသဆုံးကာ ၅၀၀ နီးပါး ဒဏ္ရာရ 

           ေဆာင္ခရန္ အားလပ္ရက္ပြဲေတာ္ကာလ “အႏၱရာယ္မ်ား ရက္သတၱပတ္” ရဲ ့ ပထမေန ့မွာပင္ ထုိင္းႏုိင္ငံတ၀န္း ယာဥ္မေတာ္တဆမႈေတြေၾကာင္း လူ ၄၆ ဦး ေသဆုံးကာ ၄၈၂ ဦး ဒဏ္ရာရခဲ့တယ္လုိ ့ သိရပါတယ္။ 
            ဧၿပီ ၁၁ ရက္ေန ့မွာ စုစုေပါင္း မေတာ္တဆမႈ ၄၆၈ ခုျဖစ္ခဲ့တယ္လုိ ့သတင္း ရရွိေၾကာင္း ယာဥ္လမ္းေၾကာင္း လုံၿခဳံမႈစီမံခန္ ့ခြဲေရးစင္တာရဲ႕အစီရင္ခံစာကုိ ကုိးကားၿပီး သယ္ယူပုိ ့ေဆာင္ေရး၀န္ႀကီး အာခြန္ တမ္ပစ္တယာပုိင္စစ္က ဧၿပီ ၁၂ ရက္ေန ့မွာ ေျပာဆုိခဲ့ပါတယ္။ ယခင္ႏွစ္ေတြကလုိပဲ ယာဥ္မေတာ္တဆမႈျဖစ္ရတဲ့ အေၾကာင္းရင္း အမ်ားစုဟာ မူးယစ္ေသာက္စားေမာင္းႏွင္မႈေၾကာင့္ျဖစ္ကာ ျဖစ္စဥ္အားလုံးရဲ႕၃၄.၆ ရာခုိင္ႏႈန္း ရွိခဲ့ပါတယ္။ ယင္းေနာက္မွာေတာ့ အရွိန္လြန္ေမာင္းႏွင္မႈေၾကာင့္ ျဖစ္ရတာ ၂၆.၉ ရာခုိင္ႏႈန္းနဲ ့ ဒုတိယလုိက္ခဲ့ပါတယ္။ ယာဥ္မေတာ္တဆမႈအမ်ားစုက ေမာ္ေတာ္ဆုိင္ကယ္ေတြျဖစ္ၿပီး အားလုံးရဲ ့ ၇၈.၄၇ ရာခုိင္ႏႈန္းအထိျဖစ္ခဲ့ေၾကာင္း ၀န္ႀကီးက ေျပာခဲ့ပါတယ္။ 

ေဆာင္ခရန္ ပြဲေတာ္ကာလ ပထမရက္တြင္ ယာဥ္မေတာ္တဆမႈေၾကာင့္ ၄၆ ဦး ေသဆုံးကာ ၅၀၀ နီးပါး ဒဏ္ရာရ 

              ေဆာင္ခရန္ပြဲေတာ္ကာလအတြင္း ႏုိင္ငံတ၀န္းမွာ လမ္းေပၚ စစ္ေဆးေရးဂိတ္ ၂၀၃၆ ခု ဖြင့္လွစ္ကာ ရဲနဲ ့ တာ၀န္က်၀န္ထမ္းေတြ ခ်ထားခဲ့ပါတယ္။ စုစုေပါင္း ယာဥ္စီးေရ ၇၀၉၄၆၄ စီးကုိ ရပ္တန္ ့စစ္ေဆးမႈေတြလုပ္ခဲ့ကာ ယာဥ္စည္းကမ္းခ်ဳိးေဖာက္တဲ့ ယာဥ္ေမာင္း သူ ၁၆၃၅၈၄ ဦးကုိ အေရးယူခဲ့ေၾကာင္း ၄င္းက ဆက္လက္ ေျပာဆုိခဲ့ပါတယ္။ 

 - ကိုလင္း (အကုန္သိ သတင္းဌာန)

Ref: ဘန္ေကာက္ပုိ ့စ္ 

Unicode version

ဆောင်ခရန် ပွဲတော်ကာလ ပထမရက်တွင် ယာဉ်မတော်တဆမှုကြောင့် ၄၆ ဦး သေဆုံးကာ ၅၀၀ နီးပါး ဒဏ်ရာရ 

           ဆောင်ခရန် အားလပ်ရက်ပွဲတော်ကာလ “အန္တရာယ်များ ရက်သတ္တပတ်” ရဲ့ ပထမနေ့မှာပင် ထိုင်းနိုင်ငံတဝန်း ယာဉ်မတော်တဆမှုတွေကြောင်း လူ ၄၆ ဦး သေဆုံးကာ ၄၈၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 
            ဧပြီ ၁၁ ရက်နေ့မှာ စုစုပေါင်း မတော်တဆမှု ၄၆၈ ခုဖြစ်ခဲ့တယ်လို့သတင်း ရရှိကြောင်း ယာဉ်လမ်းကြောင်း လုံခြုံမှုစီမံခန့်ခွဲရေးစင်တာရဲ့အစီရင်ခံစာကို ကိုးကားပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး အာခွန် တမ်ပစ်တယာပိုင်စစ်က ဧပြီ ၁၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ယခင်နှစ်တွေကလိုပဲ ယာဉ်မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်း အများစုဟာ မူးယစ်သောက်စားမောင်းနှင်မှုကြောင့်ဖြစ်ကာ ဖြစ်စဉ်အားလုံးရဲ့၃၄.၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ယင်းနောက်မှာတော့ အရှိန်လွန်မောင်းနှင်မှုကြောင့် ဖြစ်ရတာ ၂၆.၉ ရာခိုင်နှုန်းနဲ့ ဒုတိယလိုက်ခဲ့ပါတယ်။ ယာဉ်မတော်တဆမှုအများစုက မော်တော်ဆိုင်ကယ်တွေဖြစ်ပြီး အားလုံးရဲ့ ၇၈.၄၇ ရာခိုင်နှုန်းအထိဖြစ်ခဲ့ကြောင်း ဝန်ကြီးက ပြောခဲ့ပါတယ်။ 
              ဆောင်ခရန်ပွဲတော်ကာလအတွင်း နိုင်ငံတဝန်းမှာ လမ်းပေါ် စစ်ဆေးရေးဂိတ် ၂၀၃၆ ခု ဖွင့်လှစ်ကာ ရဲနဲ့ တာဝန်ကျဝန်ထမ်းတွေ ချထားခဲ့ပါတယ်။ စုစုပေါင်း ယာဉ်စီးရေ ၇၀၉၄၆၄ စီးကို ရပ်တန့်စစ်ဆေးမှုတွေလုပ်ခဲ့ကာ ယာဉ်စည်းကမ်းချိုးဖောက်တဲ့ ယာဉ်မောင်း သူ ၁၆၃၅၈၄ ဦးကို အရေးယူခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။ 

 - ကိုလင်း (အကုန်သိ သတင်းဌာန)

Ref: ဘန်ကောက်ပို့စ် 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။