Skip to main content
အစၥေရး အာကာသယာဥ္ လေပၚဆင္းဖုိ ့လုပ္စဥ္ ပ်က္က်သြားခဲ့ 
Ads Block

အစၥေရး အာကာသယာဥ္ လေပၚဆင္းဖုိ ့လုပ္စဥ္ ပ်က္က်သြားခဲ့ 

            လေပၚဆင္းဖုိ ့ႀကိဳးစားခဲ့တဲ့ အစၥေရး အာကာသယာဥ္တစ္စင္း ဧၿပီ ၁၁ ရက္ေန ့မွာ အစီအစဥ္မေအာင္ျမင္ဘဲ ေနာက္ဆုံးမိနစ္အခ်ိန္ပုိင္းမွာ ပ်က္က်သြားခဲ့ပါတယ္။ လေပၚဆင္းဖုိ ့ ျပင္ဆင္ေနစဥ္ အင္ဂ်င္စက္တစ္ခုခ်ဳိ႕ယြင္းကာ လ မ်က္ႏွာျပင္ေပၚ ယာဥ္ပ်က္က်သြားခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။ 
               “ ကၽြန္ေတာ္တုိ ့ အေသအခ်ာ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး” လုိ ့ ယင္း ပေရာဂ်က္ကုိ စတင္စိတ္ကူးခဲ့ကာ အဓိက ေထာက္ပံ့ခဲ့သူျဖစ္တဲ့ ေမာ္ရစ္ခန္က တဲလ္အဗစ္ၿမိဳ ့အနီးရွိ မစ္ရွင္ထိန္းခ်ဳပ္ေရးအေဆာက္အအုံမွာ live လႊင့္ေျပာဆုိခဲ့ပါတယ္။ ထိန္းခ်ဳပ္ေရးခန္းမအတြင္းမွ ရုပ္သံထုတ္လႊင့္ေနစဥ္ ၾကားရတဲ့ ေျပာစကားမ်ားအရ အာကာသယာဥ္ ဆင္းသက္ခ်ိန္မွာ စက္ရွိန္ေလ်ာ့က်သြားၿပီး ညင္သာတဲ့ ဆင္းသက္မႈျဖစ္ေစရမယ့္ အင္ဂ်င္ေတြ ခ်ဳိ ့ယြင္းမႈျဖစ္ခဲ့ေၾကာင္းနဲ ့ ယာဥ္နဲ ့အဆက္အသြယ္ ျပတ္သြားခဲ့ေၾကာင္း သိရပါတယ္။ 

အစၥေရး အာကာသယာဥ္ လေပၚဆင္းဖုိ ့လုပ္စဥ္ ပ်က္က်သြားခဲ့ 


            “ ပထမအႀကိမ္ မေအာင္ျမင္ရင္ ေနာက္တစ္ႀကိမ္ ႀကိဳးစားပါ” လုိ ့ ထိန္းခ်ဳပ္ခန္း အတြင္း အစၥေရးႏုိင္ငံဆုိင္ရာ အေမရိကန္သံအမတ္ ေဒးဗစ္ဖရုိက္မန္းနဲ ့အတူ မစ္ရွင္ ကုိ ေစာင့္ၾကည့္ေနခဲ့တဲ့ အစၥေရး၀န္ႀကီးခ်ဳပ္ ေနတန္ယာဟု က အားေပးစကားေျပာဆုိခဲ့ပါတယ္။ 
        လက္ရွိအခ်ိန္အထိ ရုရွား၊ အေမရိကန္ျပည္ေထာင္စုနဲ ့ တရုတ္ႏုိင္ငံတုိ ့သာ ကီလုိမီတာ ၃၈၄၀၀၀ ေ၀းကြာတဲ့ လကမာၻခရီးစဥ္ကုိ ေအာင္ျမင္စြာ သြားေရာက္ႏုိင္ကာ ေဘးကင္းစြာ ဆင္းသက္ထားႏုိင္ခဲ့ပါတယ္။ 
        အစၥေရးႏုိင္ငံရဲ႕NGO တစ္ခုျဖစ္တဲ့ SpaceIL ၊ ႏုိင္ငံပုိင္ အစၥေရးအာကာသလုပ္ငန္း IAI တုိ ့ဟာ ယခု ပေရာဂ်က္ရဲ႕အဓိကပါတနာေတြျဖစ္ၾကၿပီး ဒီပေရာဂ်က္ဟာ အစုိးရမဟုတ္ေသာ မစ္ရွင္တစ္ခုအတြက္ တည္ေဆာက္ခဲ့တဲ့ ကမာၻ ့ပထမဆုံး အာကာသယာဥ္ျဖစ္ေၾကာင္း ဆုိခဲ့ၾကပါတယ္။ ပရဟိတသမားျဖစ္ကာ SpaceIL ရဲ ့ ဥကၠဌလည္းျဖစ္တဲ့ ေမာ္ရစ္ခန္က အေမရိကန္ ေဒၚလာ သန္း ၁၀၀ ကုန္က်ခဲ့တဲ့ ပေရာဂ်က္အတြက္ ေဒၚလာ သန္း ၄၀ စုိက္ထည့္ေပးခဲ့တယ္လုိ ့ သိရပါတယ္။

 - ကိုလင္း (အကုန္သိ သတင္းဌာန) 

Unicode version

အစ္စရေး အာကာသယာဉ် လပေါ်ဆင်းဖို့လုပ်စဉ် ပျက်ကျသွားခဲ့ 

            လပေါ်ဆင်းဖို့ကြိုးစားခဲ့တဲ့ အစ္စရေး အာကာသယာဉ်တစ်စင်း ဧပြီ ၁၁ ရက်နေ့မှာ အစီအစဉ်မအောင်မြင်ဘဲ နောက်ဆုံးမိနစ်အချိန်ပိုင်းမှာ ပျက်ကျသွားခဲ့ပါတယ်။ လပေါ်ဆင်းဖို့ ပြင်ဆင်နေစဉ် အင်ဂျင်စက်တစ်ခုချို့ယွင်းကာ လ မျက်နှာပြင်ပေါ် ယာဉ်ပျက်ကျသွားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ 
               “ ကျွန်တော်တို့ အသေအချာ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး” လို့ ယင်း ပရောဂျက်ကို စတင်စိတ်ကူးခဲ့ကာ အဓိက ထောက်ပံ့ခဲ့သူဖြစ်တဲ့ မော်ရစ်ခန်က တဲလ်အဗစ်မြို့အနီးရှိ မစ်ရှင်ထိန်းချုပ်ရေးအဆောက်အအုံမှာ live လွှင့်ပြောဆိုခဲ့ပါတယ်။ ထိန်းချုပ်ရေးခန်းမအတွင်းမှ ရုပ်သံထုတ်လွှင့်နေစဉ် ကြားရတဲ့ ပြောစကားများအရ အာကာသယာဉ် ဆင်းသက်ချိန်မှာ စက်ရှိန်လျော့ကျသွားပြီး ညင်သာတဲ့ ဆင်းသက်မှုဖြစ်စေရမယ့် အင်ဂျင်တွေ ချို့ယွင်းမှုဖြစ်ခဲ့ကြောင်းနဲ့ ယာဉ်နဲ့အဆက်အသွယ် ပြတ်သွားခဲ့ကြောင်း သိရပါတယ်။ 
            “ ပထမအကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ် ကြိုးစားပါ” လို့ ထိန်းချုပ်ခန်း အတွင်း အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ်ဖရိုက်မန်းနဲ့အတူ မစ်ရှင် ကို စောင့်ကြည့်နေခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က အားပေးစကားပြောဆိုခဲ့ပါတယ်။ 
        လက်ရှိအချိန်အထိ ရုရှား၊ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့သာ ကီလိုမီတာ ၃၈၄၀၀၀ ဝေးကွာတဲ့ လကမ္ဘာခရီးစဉ်ကို အောင်မြင်စွာ သွားရောက်နိုင်ကာ ဘေးကင်းစွာ ဆင်းသက်ထားနိုင်ခဲ့ပါတယ်။ 
        အစ္စရေးနိုင်ငံရဲ့NGO တစ်ခုဖြစ်တဲ့ SpaceIL ၊ နိုင်ငံပိုင် အစ္စရေးအာကာသလုပ်ငန်း IAI တို့ဟာ ယခု ပရောဂျက်ရဲ့အဓိကပါတနာတွေဖြစ်ကြပြီး ဒီပရောဂျက်ဟာ အစိုးရမဟုတ်သော မစ်ရှင်တစ်ခုအတွက် တည်ဆောက်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး အာကာသယာဉ်ဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်။ ပရဟိတသမားဖြစ်ကာ SpaceIL ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ မော်ရစ်ခန်က အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကုန်ကျခဲ့တဲ့ ပရောဂျက်အတွက် ဒေါ်လာ သန်း ၄၀ စိုက်ထည့်ပေးခဲ့တယ်လို့ သိရပါတယ်။

 - ကိုလင်း (အကုန်သိ သတင်းဌာန)

Ref: CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။