Skip to main content
အီေကြေဒါသံရုံးက ခုိလႈံခြင့္ရုပ္သိမ္းလုိက္ၿပီးေနာက္ ၀ီကီလိခ္တည္ေထာင္သူ အက္ဆန္ ကုိ ၿဗိတိန္က ဖမ္းဆီးခဲ့ကာ အေမရိကန္က စြဲခ်က္တင္
Ads Block

အီေကြေဒါသံရုံးက ခုိလႈံခြင့္ရုပ္သိမ္းလုိက္ၿပီးေနာက္ ၀ီကီလိခ္တည္ေထာင္သူ အက္ဆန္ ကုိ ၿဗိတိန္က ဖမ္းဆီးခဲ့ကာ အေမရိကန္က စြဲခ်က္တင္

           အီေကြေဒါသံရုံးက ခုနစ္ႏွစ္ၾကာ ၄င္းအေပၚ ခုိလႈံခြင့္ေပးထားမႈကုိ ရုပ္သိမ္း လုိက္ၿပီးေနာက္ ၾကာသပေတးေန ့မွာ ၀ီကီလိခ္၀က္ဘ္ဆုိက္တည္ေထာင္သူ ဂ်ဴလီယံအက္ဆန္ ကုိ ၿဗိတိသွ်ရဲက သံရုံးကေန ဖမ္းဆီးေခၚထုတ္သြားခဲ့ေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ သမုိင္းတေလွ်ာက္ အႀကီးမားဆုံး သတင္းအခ်က္အလက္ ဖြင့္ခ်ခံရမႈအတြက္ အက္ဆန္ကုိ တရားခံလႊဲေျပာင္းရယူလုိေနတဲ့ အေမရိကန္အတြက္ လမ္းပြင့္သြားမႈ ျဖစ္ခဲ့ပါတယ္။ 
            ဆံပင္အျဖဴေရာင္၊ မုတ္ဆိတ္ရွည္နဲ ့ အားအင္ခ်ိနဲ ့ေနပုံရတဲ့ အက္ဆန္ကုိ လန္ဒန္ၿမိဳ ့ရွိ အီေကြေဒါသံရုံးကေန အမ်ဳိးသား ၇ ဦးထက္မနည္းက ေခၚထုတ္လာခဲ့ကာ အသင့္ေစာင့္ ေနတဲ့ ရဲကားအတြင္း တင္သြားခဲ့ပါတယ္။ ယင္းသုိ ့ အက္ဆန္ကုိ ၿဗိတိသွ်ရဲက ဖမ္းဆီးလုိက္ၿပီး နာရီပုိင္းအၾကာမွာပဲ ကြန္ပ်ဴတာစနစ္ကုိ ခ်ဳိးေဖာက္၀င္ေရာက္မႈမွာ ပူးေပါင္းႀကံစည္ခဲ့မႈ စြဲခ်က္တစ္ခုနဲ ့ တရားစြဲဆုိလုိက္ေၾကာင္း အေမရိကန္က ေၾကညာခဲ့ပါတယ္။ ဂရင္းနစ္စံေတာ္ခ်ိန္ ၀၉၀၀ ေလာက္မွာ အီေကြေဒါက ၄င္းရဲ ့ ခုိလႈံခြင့္ကုိ အဆုံးသတ္ လုိက္အၿပီး အခ်ိန္ပုိင္းမွာပဲ အက္ဆန္ဟာ သံရုံးကေန ဆြဲထုတ္ေခၚသြားခဲရတာပါ။ သံရုံးကေန ဖမ္းေခၚသြားခ်ိန္မွာ ၾသစေၾတးလ်ဖြား အက္ဆန္က “ဒါ ဥပေဒနဲ ့မညီဘူး၊ က်ဳပ္ မလုိက္ႏုိင္ဘူး” လုိ ့ ေအာ္ဟစ္ခဲ့ပါတယ္။ 

အီေကြေဒါသံရုံးက ခုိလႈံခြင့္ရုပ္သိမ္းလုိက္ၿပီးေနာက္ ၀ီကီလိခ္တည္ေထာင္သူ အက္ဆန္ ကုိ ၿဗိတိန္က ဖမ္းဆီးခဲ့ကာ အေမရိကန္က စြဲခ်က္တင္ 

        အက္ဆန္ကုိ ဖမ္းဆီးႏုိင္ခဲ့တဲ့ သတင္းကုိ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ထရီဆာေမက ပါလီမန္မွာ ဂုဏ္ယူေျပာဆုိခဲ့ကာ ဥပေဒျပဳအမတ္ေတြက သေဘာတူပါေၾကာင္း ေထာက္ခံဟစ္ေၾကြး ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ဟီလာရီကလင္တန္ရဲ ့ အီးေမးလ္အခ်က္အလက္ေတြကုိ ၀က္ဘ္ဆုိက္က ဖြင့္ခ်ခဲ့ၿပီးေနာက္ “၀ီကီလိခ္ကုိ ခ်စ္တယ္” လုိ ့ ၂၀၁၆ ခုႏွစ္ ေျပာဆုိခဲ့ဖူးတဲ့ သမၼတ ထရန္ ့ကေတာ့ အခုကိစၥမွာ ထင္ျမင္ခ်က္ေပးစရာမရွိေၾကာင္း ဆုိခဲ့ပါတယ္။ အေမရိကန္အာဏာပုိင္ေတြရဲ ့ အေျပာအရ ေရြးေကာက္ပြဲကာလက ရုရွားရဲ ့ဟက္လုပ္ခဲ့မႈ အတြင္း ထရန္ ့ရဲ ့ ၿပိဳင္ဘက္ဟီလာရီကလင္တန္ ကုိ အထိနာေစခဲ့တယ္လုိ ့ ဆုိပါတယ္။ 
       “ ၀ီကီလိခ္အေၾကာင္း ကၽြန္ေတာ္ ဘာမွ မသိပါဘူး၊ ဒါက ကၽြန္ေတာ့္ကိစၥ မဟုတ္ပါဘူး” လုိ ့ ထရန္ ့က ေျပာဆုိခဲ့ပါတယ္။

 - ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

အီကွေဒေါသံရုံးက ခိုလှုံခွင့်ရုပ်သိမ်းလိုက်ပြီးနောက် ဝီကီလိခ်တည်ထောင်သူ အက်ဆန် ကို ဗြိတိန်က ဖမ်းဆီးခဲ့ကာ အမေရိကန်က စွဲချက်တင် 

           အီကွေဒေါသံရုံးက ခုနစ်နှစ်ကြာ ၎င်းအပေါ် ခိုလှုံခွင့်ပေးထားမှုကို ရုပ်သိမ်း လိုက်ပြီးနောက် ကြာသပတေးနေ့မှာ ဝီကီလိခ်ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျူလီယံအက်ဆန် ကို ဗြိတိသျှရဲက သံရုံးကနေ ဖမ်းဆီးခေါ်ထုတ်သွားခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် သမိုင်းတလျှောက် အကြီးမားဆုံး သတင်းအချက်အလက် ဖွင့်ချခံရမှုအတွက် အက်ဆန်ကို တရားခံလွှဲပြောင်းရယူလိုနေတဲ့ အမေရိကန်အတွက် လမ်းပွင့်သွားမှု ဖြစ်ခဲ့ပါတယ်။ 
            ဆံပင်အဖြူရောင်၊ မုတ်ဆိတ်ရှည်နဲ့ အားအင်ချိနဲ့နေပုံရတဲ့ အက်ဆန်ကို လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးကနေ အမျိုးသား ၇ ဦးထက်မနည်းက ခေါ်ထုတ်လာခဲ့ကာ အသင့်စောင့် နေတဲ့ ရဲကားအတွင်း တင်သွားခဲ့ပါတယ်။ ယင်းသို့ အက်ဆန်ကို ဗြိတိသျှရဲက ဖမ်းဆီးလိုက်ပြီး နာရီပိုင်းအကြာမှာပဲ ကွန်ပျူတာစနစ်ကို ချိုးဖောက်ဝင်ရောက်မှုမှာ ပူးပေါင်းကြံစည်ခဲ့မှု စွဲချက်တစ်ခုနဲ့ တရားစွဲဆိုလိုက်ကြောင်း အမေရိကန်က ကြေညာခဲ့ပါတယ်။ ဂရင်းနစ်စံတော်ချိန် ၀၉၀၀ လောက်မှာ အီကွေဒေါက ၎င်းရဲ့ ခိုလှုံခွင့်ကို အဆုံးသတ် လိုက်အပြီး အချိန်ပိုင်းမှာပဲ အက်ဆန်ဟာ သံရုံးကနေ ဆွဲထုတ်ခေါ်သွားခဲရတာပါ။ သံရုံးကနေ ဖမ်းခေါ်သွားချိန်မှာ သြစတြေးလျဖွား အက်ဆန်က “ဒါ ဥပဒေနဲ့မညီဘူး၊ ကျုပ် မလိုက်နိုင်ဘူး” လို့ အော်ဟစ်ခဲ့ပါတယ်။ 
        အက်ဆန်ကို ဖမ်းဆီးနိုင်ခဲ့တဲ့ သတင်းကို ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပါလီမန်မှာ ဂုဏ်ယူပြောဆိုခဲ့ကာ ဥပဒေပြုအမတ်တွေက သဘောတူပါကြောင်း ထောက်ခံဟစ်ကြွေး ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဟီလာရီကလင်တန်ရဲ့ အီးမေးလ်အချက်အလက်တွေကို ဝက်ဘ်ဆိုက်က ဖွင့်ချခဲ့ပြီးနောက် “ဝီကီလိခ်ကို ချစ်တယ်” လို့ ၂၀၁၆ ခုနှစ် ပြောဆိုခဲ့ဖူးတဲ့ သမ္မတ ထရန့်ကတော့ အခုကိစ္စမှာ ထင်မြင်ချက်ပေးစရာမရှိကြောင်း ဆိုခဲ့ပါတယ်။ အမေရိကန်အာဏာပိုင်တွေရဲ့ အပြောအရ ရွေးကောက်ပွဲကာလက ရုရှားရဲ့ဟက်လုပ်ခဲ့မှု အတွင်း ထရန့်ရဲ့ ပြိုင်ဘက်ဟီလာရီကလင်တန် ကို အထိနာစေခဲ့တယ်လို့ ဆိုပါတယ်။ 
       “ ဝီကီလိခ်အကြောင်း ကျွန်တော် ဘာမှ မသိပါဘူး၊ ဒါက ကျွန်တော့်ကိစ္စ မဟုတ်ပါဘူး” လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။

 - ကိုလင်း (အကုန်သိ သတင်းဌာန)

Ref: Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။