Skip to main content
၀က္သက္ေရာဂါအစုလုိက္ျဖစ္ပြားေနမႈမ်ား ေတြ႔ရွိရဟု က်န္းမာေရး/အားကစား ျပည္ေထာင္စု၀န္ႀကီး ေျပာ
Ads Block

၀က္သက္ေရာဂါအစုလုိက္ျဖစ္ပြားေနမႈမ်ား ေတြ႔ရွိရဟု က်န္းမာေရး/အားကစား ျပည္ေထာင္စု၀န္ႀကီး ေျပာ

ျမန္မာႏုိင္ငံေနရာေဒသအခ်ိဳ႕တြင္ ၀က္သက္ေရာဂါအစုလုိက္ျဖစ္ပြားေနမႈမ်ား ေတြ႔ရွိေနရေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက ေျပာသည္။
ဧၿပီလဒုတိယပတ္အတြင္း ေနျပည္ေတာ္တြင္က်င္းပသည့္တုိးခ်ဲ႕ကာကြယ္ေဆးထုိးလုပ္ငန္း စီမံခ်က္ႏွစ္ပတ္လည္ အစည္းအေ၀းတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ ျမန္မာႏိုင္ငံရဲ႕ ေနရာေဒသအခ်ိဳ႕တြင္ ဝက္သက္ေရာဂါအစုလိုက္ျဖစ္ပြားမႈမ်ားကိုေတြ႕ရွိေနရၿပီး ထိုသို႔ျဖစ္ပြားရျခင္းသည္ ဝက္သက္ေရာဂါကာကြယ္ေဆးထိုးႏွံထားရွိမႈမရွိျခင္းေၾကာင့္ျဖစ္သည္(သို႔) စနစ္တက်ထားသိုမႈမရွိျခင္းေၾကာင့္ ျဖစ္သည္ စသည္ျဖင့္ ျဖစ္ပြားရသည့္အေၾကာင္းအရင္းကို ေလ့လာ ေဖာ္ထုတ္ၿပီး ကာကြယ္တားဆီးေရးလုပ္ငန္းမ်ားကုိပိုမိုေကာင္းမြန္ေစေရး ေဆာင္႐ြက္သြားႏိုင္မည္ ျဖစ္ပါေၾကာင္း” က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက ေျပာသည္။

၀က္သက္ေရာဂါအစုလုိက္ျဖစ္ပြားေနမႈမ်ား ေတြ႔ရွိရဟု က်န္းမာေရး/အားကစား ျပည္ေထာင္စု၀န္ႀကီး ေျပာ 

၂၀၁၉ ခုႏွစ္၊ ေဖေဖၚ၀ါရီလအတြင္း ရန္ကုန္တုိင္းေဒသႀကီးရွိ ၇ ၿမိဳ႕နယ္တြင္ ၀က္သက္ဂ်ိဳက္သုိး ကာကြယ္ေဆးထုိးလုပ္ငန္း ေဆာင္ရြက္ခဲ့ရာ ၈၉ ရာခုိင္နႈန္းေက်ာ္ ထုိးနွံေပးႏုိင္ခဲ့ေၾကာင္းသိရသည္။
၀က္သက္ေရာဂါသည္ Measles ဗုိင္းရပ္စ္မွ ျဖစ္ပြားျခင္းျဖစ္ၿပီးေခ်ာင္းဆုိးျခင္း၊ႏွာေခ်ျခင္းမွတစ္ဆင့္ လူမွလူသုိ႔ ကူးစက္ျပန္႔ပြားႏုိင္ၿပီး ေရာဂါလကၡဏာမ်ားမွာဖ်ားျခင္း၊ခႏၶာကုိယ္အႏွံ႔အနီကြက္မ်ား၊ အနီစက္မ်ား ထြက္ေပၚလာျခင္း၊ ေခ်ာင္းဆုိးျခင္း၊ ႏွာရည္ယုိျခင္း၊ မ်က္သားနီျခင္း၊ ပါးေစာင္အတြင္း အျဖဴေရာင္စက္မ်ား ျဖစ္ေပၚလာျခင္းတုိ႔ျဖစ္ပြားေၾကာင္း သိရသည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

၀က်သက်ရောဂါအစုလိုက်ဖြစ်ပွားနေမှုများ တွေ့ရှိရဟု ကျန်းမာရေး/အားကစား ပြည်ထောင်စုဝန်ကြီး ပြော 

မြန်မာနိုင်ငံနေရာဒေသအချို့တွင် ဝက်သက်ရောဂါအစုလိုက်ဖြစ်ပွားနေမှုများ တွေ့ရှိနေရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။
ဧပြီလဒုတိယပတ်အတွင်း နေပြည်တော်တွင်ကျင်းပသည့်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်နှစ်ပတ်လည် အစည်းအဝေးတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ မြန်မာနိုင်ငံရဲ့ နေရာဒေသအချို့တွင် ဝက်သက်ရောဂါအစုလိုက်ဖြစ်ပွားမှုများကိုတွေ့ရှိနေရပြီး ထိုသို့ဖြစ်ပွားရခြင်းသည် ဝက်သက်ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှုမရှိခြင်းကြောင့်ဖြစ်သည်(သို့) စနစ်တကျထားသိုမှုမရှိခြင်းကြောင့် ဖြစ်သည် စသည်ဖြင့် ဖြစ်ပွားရသည့်အကြောင်းအရင်းကို လေ့လာ ဖော်ထုတ်ပြီး ကာကွယ်တားဆီးရေးလုပ်ငန်းများကိုပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း” ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။
၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ၇ မြို့နယ်တွင် ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ၈၉ ရာခိုင်နှုန်းကျော် ထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။
ဝက်သက်ရောဂါသည် Measles ဗိုင်းရပ်စ်မှ ဖြစ်ပွားခြင်းဖြစ်ပြီးချောင်းဆိုးခြင်း၊နှာချေခြင်းမှတစ်ဆင့် လူမှလူသို့ ကူးစက်ပြန့်ပွားနိုင်ပြီး ရောဂါလက္ခဏာများမှာဖျားခြင်း၊ခန္ဓာကိုယ်အနှံ့အနီကွက်များ၊ အနီစက်များ ထွက်ပေါ်လာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်သားနီခြင်း၊ ပါးစောင်အတွင်း အဖြူရောင်စက်များ ဖြစ်ပေါ်လာခြင်းတို့ဖြစ်ပွားကြောင်း သိရသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။