Skip to main content
ရခိုင္ျပည္နယ္တြင္စစ္အုပ္ခ်ဳပ္ေရးေၾကညာလုိက္ပါက ျမန္ျမန္ၿငိမ္းခ်မ္းသြားလိမ့္မည္ဟု ဦးလွေဆြ ေျပာ
Ads Block

ရခိုင္ျပည္နယ္တြင္စစ္အုပ္ခ်ဳပ္ေရးေၾကညာလုိက္ပါက ျမန္ျမန္ၿငိမ္းခ်မ္းသြားလိမ့္မည္ဟု ဦးလွေဆြ ေျပာ

ရခုိင္ျပည္နယ္တြင္ စစ္အုပ္ခ်ဳပ္ေရးေၾကညာလုိက္ပါက တပ္မ်ားမွရွင္းလင္းသြားမည္ျဖစ္ကာ  အျမန္ဆံုး ၿငိမ္းခ်မ္းသြားမည္ဟု ဂန္႔ေဂါၿမိဳ႕နယ္အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ေဟာင္းဦးလွေဆြက ေျပာလုိက္သည္။
ဧၿပီလ ၁၁ ရက္၌ အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။ 
“ရခုိင္ျပည္နယ္ကုိသုံးသပ္ရရင္ သူ႕ေနရာနဲ႔သူအပုိင္းလုိက္ စစ္အုပ္ခ်ဳပ္ေရးေပးလုိက္ဗ်ာ။ စစ္အုပ္ခ်ဳပ္ေရး ေၾကညာလုိက္။ တပ္ေတြက ၀င္ေနရာယူၿပီး သူ႔ဘာသူရွင္းလင္းသြားလိမ့္မယ္။ ေျပာရရင္ ျမန္ျမန္ၿငိမ္းခ်မ္းသြားလိမ့္မယ္။ တပ္ကသာအေျခအေနကုိထိန္းႏုိင္မွာျဖစ္တယ္။ ဟုိးအရင္တုန္းက ႏုိင္ငံျခားက ဧည့္သည္ေတြလာရင္ ခုိး၊ ဆုိး၊ ႏႈိက္ေတြကုိအကုန္ဖမ္းၿပီးေထာင္ထဲထည့္လုိက္တယ္။ ေနာက္မွ ဧည့္သည္ျပန္သြားမွ ျပန္လႊတ္ေပးလုိက္တယ္။ အခုလည္းဒီလုိပဲ။ မသကၤာဘူးဆုိရင္ အကုန္ဖမ္း၊ စစ္ေဆးစရာရွိတာစစ္ေဆး။ ဒါဆုိအဆင္ေျပသြားလိမ့္မယ္’’ဟု ဦးလွေဆြကေျပာသည္။

ရခိုင္ျပည္နယ္တြင္စစ္အုပ္ခ်ဳပ္ေရးေၾကညာလုိက္ပါက ျမန္ျမန္ၿငိမ္းခ်မ္းသြားလိမ့္မည္ဟု ဦးလွေဆြ ေျပာ 

ရခုိင္ျပည္နယ္အတြင္း ပုန္ကန္မႈမ်ားျဖစ္ေပၚလာ၍ လက္နက္ကုိင္ၾကျခင္းမွာအစုိးရအားနည္း၍ ျဖစ္ေၾကာင္း ၊ အစုိးရအင္အားျပည့္စုံပါက ပုန္ကန္မည့္သူမရွိေၾကာင္း ဦးလွေဆြကဆက္ေျပာသည္။
“ ကြ်န္ေတာ့္အရင္ဆရာ ဦးသုေ၀လည္းေျပာဖူးတယ္။ အဲဒီေတာ့ဗ်ာ။ တုိင္းျပည္တစ္ျပည္ကုိၾကည့္လုိက္၊ အစုိးရအားနည္းရင္သူပုန္ထတာပဲ။ အဲဒီေတာ့ အခုလည္းအစုိးရကသိပ္ကုိအားနည္းလုိ႔ ရလုိင္ျပည္နယ္ ဒီလုိျဖစ္ေနတာ။ အဲဒီေတာ့ ဘယ္အပုိင္းေတြမွာအားနည္းေနလဲဆုိရင္ ဘက္စုံပဲ’’ ဟု ဦးလွေဆြကေျပာသည္။
လက္ရွိတြင္ ရခုိင္ျပည္နယ္၀န္ႀကီးခ်ဳပ္မွာ ဦးညီပုျဖစ္ကာ ၄င္း၏ ယာဥ္တန္းကုိပင္ မုိင္းဆြဲသည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ေသးသည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ရခိုင်ပြည်နယ်တွင်စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါက မြန်မြန်ငြိမ်းချမ်းသွားလိမ့်မည်ဟု ဦးလှဆွေ ပြော 

ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါက တပ်များမှရှင်းလင်းသွားမည်ဖြစ်ကာ  အမြန်ဆုံး ငြိမ်းချမ်းသွားမည်ဟု ဂန့်ဂေါမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးလှဆွေက ပြောလိုက်သည်။
ဧပြီလ ၁၁ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။ 
“ရခိုင်ပြည်နယ်ကိုသုံးသပ်ရရင် သူ့နေရာနဲ့သူအပိုင်းလိုက် စစ်အုပ်ချုပ်ရေးပေးလိုက်ဗျာ။ စစ်အုပ်ချုပ်ရေး ကြေညာလိုက်။ တပ်တွေက ဝင်နေရာယူပြီး သူ့ဘာသူရှင်းလင်းသွားလိမ့်မယ်။ ပြောရရင် မြန်မြန်ငြိမ်းချမ်းသွားလိမ့်မယ်။ တပ်ကသာအခြေအနေကိုထိန်းနိုင်မှာဖြစ်တယ်။ ဟိုးအရင်တုန်းက နိုင်ငံခြားက ဧည့်သည်တွေလာရင် ခိုး၊ ဆိုး၊ နှိုက်တွေကိုအကုန်ဖမ်းပြီးထောင်ထဲထည့်လိုက်တယ်။ နောက်မှ ဧည့်သည်ပြန်သွားမှ ပြန်လွှတ်ပေးလိုက်တယ်။ အခုလည်းဒီလိုပဲ။ မသင်္ကာဘူးဆိုရင် အကုန်ဖမ်း၊ စစ်ဆေးစရာရှိတာစစ်ဆေး။ ဒါဆိုအဆင်ပြေသွားလိမ့်မယ်’’ဟု ဦးလှဆွေကပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပုန်ကန်မှုများဖြစ်ပေါ်လာ၍ လက်နက်ကိုင်ကြခြင်းမှာအစိုးရအားနည်း၍ ဖြစ်ကြောင်း ၊ အစိုးရအင်အားပြည့်စုံပါက ပုန်ကန်မည့်သူမရှိကြောင်း ဦးလှဆွေကဆက်ပြောသည်။
“ ကျွန်တော့်အရင်ဆရာ ဦးသုဝေလည်းပြောဖူးတယ်။ အဲဒီတော့ဗျာ။ တိုင်းပြည်တစ်ပြည်ကိုကြည့်လိုက်၊ အစိုးရအားနည်းရင်သူပုန်ထတာပဲ။ အဲဒီတော့ အခုလည်းအစိုးရကသိပ်ကိုအားနည်းလို့ ရလိုင်ပြည်နယ် ဒီလိုဖြစ်နေတာ။ အဲဒီတော့ ဘယ်အပိုင်းတွေမှာအားနည်းနေလဲဆိုရင် ဘက်စုံပဲ’’ ဟု ဦးလှဆွေကပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှာ ဦးညီပုဖြစ်ကာ ၎င်း၏ ယာဉ်တန်းကိုပင် မိုင်းဆွဲသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။