Skip to main content
ေဘာလုံး
Ads Block

ဘာစီလုိနာကုိ ရႈံးတဲ့ပြဲမွာ ေပးလိုက္ရတဲ့ OG ဂုိးဟာ မန္ယူအသင္းအတြက္ ႏွစ္ခ်က္ေျမာက္နဲ ့ႏွစ္သင္းလုံးအတြက္ ၄၈ ခ်က္ေျမာက္မွာ ျဖစ္ေန

စပိန္ဘီလူးၾကီး ဘာစီလုိနာကုိ ယွဥ္မကစားႏုိင္ဘဲ Own Goal နဲ ့အရႈံးေပးလုိက္ရတဲ့ မန္ယူေနာက္ခံလူ လုခ္ေရွာစ္ရဲ ့ဂုိးဟာ ေဘာလုံးထိခ်က္ေပါင္း ၄၈ ခ်က္ေျမာက္မွာ ျဖစ္သြားခဲ့တာလုိ ့အားကစားဆုိင္ရာအခ်က္အလက္ဌာနေတြက ထုတ္ျပန္အသိေပးလုိက္ပါတယ္။ 

ခ်န္ပီယံလိဂ္ ကြာတားဖုိင္နယ္ မကန္ခင္ကတည္းက မန္ယူအသင္းကုိ ဘာစီလုိနာက ႏုိင္လိမ့္မယ္လုိ ့အားလုံးက ခန္ ့မွန္းထားတဲ့အတုိင္း မန္ယူအသင္းရဲ ့အိမ္ကြင္းမွာ ဘာစီလုိနာက အသာစီးကစားျပီးေတာ့ အႏုိင္ယူခဲ့ပါတယ္။ ဘာစီလုိနာရဲ ့အႏုိင္ယူမႈမွာေတာ့ ဘာစီလုိနာကစားသမားေတြက ဂုိးသြင္းႏုိင္ခဲ့တာမ်ဳိး မဟုတ္ဘဲ မန္ယူေနာက္တန္းရဲ ့ထုံးစံအတုိင္း လုခ္ေရွာစ္က ကုိယ့္ဂုိးကုိယ္သြင္းမိခဲ့တာပါ။ အားကစားဆုိင္ရာ အခ်က္အလက္ေတြမွာေတာ့ ဘာစီလုိနာဂုိးသမား တာစတီဂန္ဆီကေန စတင္လုိက္တဲ့ ေဘာလုံးဟာ ခံစစ္မွဴးေတြကေန တုိက္စစ္မွဴးေတြျဖစ္တဲ့ မက္ဆီ၊ ဆြာရက္စ္အပါအ၀င္ ဘာစီလုိနာတစ္သင္းလုံးနီးပါး အေပးအယူအထိအေတြ ့ေတြနဲ ့ရွိေနခဲ့ျပီးမွ ထိခ်က္ ၄၇ ခ်က္ေျမာက္မွာရွိတဲ့ ဆြာရက္စ္က ျဖတ္တင္လုိက္တဲ့ေဘာလုံးကုိ ထိခ်က္ ၄၈ ခ်က္ေျမာက္မွာရွိတဲ့ လုခ္ေရွာစ္က ဖ်က္ထုတ္ရင္းနဲ ့ကမၻာ့အေကာင္းဆုံး ဂုိးသမားစာရင္း၀င္ ဒီဂီယာ ဘယ္လုိမွမတတ္ႏုိင္ဘဲ ကုိယ့္လူသတ္လုိ ့ေသသြားရသလုိမ်ဳိး ဂုိးေပးလုိက္ရတာလည္း ျဖစ္ပါတယ္။ ပုိျပီး ထူးျခားတာကေတာ့ ဘာစီလုိနာ ရသြားတဲ့ ဂုိးမွာ ဘာစီလုိနာကစားသမားေတြခ်ည္းပဲ ထိခ်က္ေပါင္း ၄၆ ခ်က္အထိ အေပးအယူပုံစံနဲ ့ထိေတြ ့ခဲ့ရသလုိ မန္ယူကစားသမားေတြကေတာ့ ေဘာလုံးစကားအရ ေခြးရူးလုိမ်ဳိး ျဖစ္သြားခဲ့ရသလုိ ထိခ်က္ ၄၆ ကုိ ေနာက္ခံလူ စေမာလင္းက ထိေတြ ့ခဲ့ရတာျဖစ္ျပီး အဲဒီကေနမွ ဆြာရက္စ္ဆီကုိ ေဘာလုံးေရာက္သြားခဲ့တာပါ။ ဒါေၾကာင့္ မန္ယူအသင္းဘက္က ေဘာလုံးထိခ်က္ ႏွစ္ခ်က္ပဲ ထိလုိက္ရတာျဖစ္သလုိ ႏွစ္ခ်က္အတြင္းမွာပဲ သြင္းဂုိးတစ္ဂုိးကုိ ရယူႏုိင္ခဲ့တဲ့ ေနာက္တန္းမ်ဳိး ျဖစ္သြားပါတယ္။ ဒါေပမဲ့ သြင္းဂုိးကေတာ့ ဘာစီလုိနာအသင္းဘက္ကုိ မဟုတ္ဘဲ ကုိယ့္အသင္းကုိ ျပန္သြင္းမိသြားတဲ့အတြက္ မန္ယူအသင္းဟာ အိမ္ကြင္းမွာ ကစားခြင့္ရသည့္တုိင္ ေနာက္တစ္ဆင့္တက္ဖုိ ့ေ၀၀ါးသြားခဲ့ပါတယ္။

မန္ယူအသင္းဘက္ကေတာ့ ဘယ္ေသာအခါမွ အရႈံးမေပးဘူးဆုိတဲ့ ပုံစံမ်ဳိး ပြဲအျပီးမွာ ကစားသမားေတြက ေျဖၾကားခဲ့ေပမယ့္ ေနာက္တစ္ဆင့္တက္ေရးကုိ ဘာစီလုိနာအသင္းရဲ ့ႏူးကမ့္ကြင္းၾကီးထဲမွာ ခက္ခက္ခဲခဲ ရုန္းကန္ကစားသြားရမလုိ ျဖစ္ေနမယ္လုိ ့အားကစားမီဒီယာေတြက ၀ုိင္း၀န္းသုံးသပ္ထားၾကပါတယ္။ 

Unicode Version

စပိန်ဘီလူးကြီး ဘာစီလိုနာကို ယှဉ်မကစားနိုင်ဘဲ Own Goal နဲ့အရှုံးပေးလိုက်ရတဲ့ မန်ယူနောက်ခံလူ လုခ်ရှောစ်ရဲ့ဂိုးဟာ ဘောလုံးထိချက်ပေါင်း ၄၈ ချက်မြောက်မှာ ဖြစ်သွားခဲ့တာလို့အားကစားဆိုင်ရာအချက်အလက်ဌာနတွေက ထုတ်ပြန်အသိပေးလိုက်ပါတယ်။ 
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မကန်ခင်ကတည်းက မန်ယူအသင်းကို ဘာစီလိုနာက နိုင်လိမ့်မယ်လို့အားလုံးက ခန့်မှန်းထားတဲ့အတိုင်း မန်ယူအသင်းရဲ့အိမ်ကွင်းမှာ ဘာစီလိုနာက အသာစီးကစားပြီးတော့ အနိုင်ယူခဲ့ပါတယ်။ ဘာစီလိုနာရဲ့အနိုင်ယူမှုမှာတော့ ဘာစီလိုနာကစားသမားတွေက ဂိုးသွင်းနိုင်ခဲ့တာမျိုး မဟုတ်ဘဲ မန်ယူနောက်တန်းရဲ့ထုံးစံအတိုင်း လုခ်ရှောစ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။ အားကစားဆိုင်ရာ အချက်အလက်တွေမှာတော့ ဘာစီလိုနာဂိုးသမား တာစတီဂန်ဆီကနေ စတင်လိုက်တဲ့ ဘောလုံးဟာ ခံစစ်မှူးတွေကနေ တိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်စ်အပါအဝင် ဘာစီလိုနာတစ်သင်းလုံးနီးပါး အပေးအယူအထိအတွေ့တွေနဲ့ရှိနေခဲ့ပြီးမှ ထိချက် ၄၇ ချက်မြောက်မှာရှိတဲ့ ဆွာရက်စ်က ဖြတ်တင်လိုက်တဲ့ဘောလုံးကို ထိချက် ၄၈ ချက်မြောက်မှာရှိတဲ့ လုခ်ရှောစ်က ဖျက်ထုတ်ရင်းနဲ့ကမ္ဘာ့အကောင်းဆုံး ဂိုးသမားစာရင်းဝင် ဒီဂီယာ ဘယ်လိုမှမတတ်နိုင်ဘဲ ကိုယ့်လူသတ်လို့သေသွားရသလိုမျိုး ဂိုးပေးလိုက်ရတာလည်း ဖြစ်ပါတယ်။ ပိုပြီး ထူးခြားတာကတော့ ဘာစီလိုနာ ရသွားတဲ့ ဂိုးမှာ ဘာစီလိုနာကစားသမားတွေချည်းပဲ ထိချက်ပေါင်း ၄၆ ချက်အထိ အပေးအယူပုံစံနဲ့ထိတွေ့ခဲ့ရသလို မန်ယူကစားသမားတွေကတော့ ဘောလုံးစကားအရ ခွေးရူးလိုမျိုး ဖြစ်သွားခဲ့ရသလို ထိချက် ၄၆ ကို နောက်ခံလူ စမောလင်းက ထိတွေ့ခဲ့ရတာဖြစ်ပြီး အဲဒီကနေမှ ဆွာရက်စ်ဆီကို ဘောလုံးရောက်သွားခဲ့တာပါ။ ဒါကြောင့် မန်ယူအသင်းဘက်က ဘောလုံးထိချက် နှစ်ချက်ပဲ ထိလိုက်ရတာဖြစ်သလို နှစ်ချက်အတွင်းမှာပဲ သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့တဲ့ နောက်တန်းမျိုး ဖြစ်သွားပါတယ်။ ဒါပေမဲ့ သွင်းဂိုးကတော့ ဘာစီလိုနာအသင်းဘက်ကို မဟုတ်ဘဲ ကိုယ့်အသင်းကို ပြန်သွင်းမိသွားတဲ့အတွက် မန်ယူအသင်းဟာ အိမ်ကွင်းမှာ ကစားခွင့်ရသည့်တိုင် နောက်တစ်ဆင့်တက်ဖို့ေ၀ဝါးသွားခဲ့ပါတယ်။ မန်ယူအသင်းဘက်ကတော့ ဘယ်သောအခါမှ အရှုံးမပေးဘူးဆိုတဲ့ ပုံစံမျိုး ပွဲအပြီးမှာ ကစားသမားတွေက ဖြေကြားခဲ့ပေမယ့် နောက်တစ်ဆင့်တက်ရေးကို ဘာစီလိုနာအသင်းရဲ့နူးကမ့်ကွင်းကြီးထဲမှာ ခက်ခက်ခဲခဲ ရုန်းကန်ကစားသွားရမလို ဖြစ်နေမယ်လို့အားကစားမီဒီယာတွေက ဝိုင်းဝန်းသုံးသပ်ထားကြပါတယ်။ 

    -   မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။