Skip to main content
မက္ဆီ
Ads Block

မက္ဆီဟာ မာရာဒုိနာလုိအဆင့္မ်ဳိး ဘယ္ေတာ့မွ ေရာက္မွာမဟုတ္ဘူးလုိ ့တစ္ႏုိင္ငံတည္းသား ဂႏၱ၀င္လက္ေရြးစင္ကစားသမားက ေ၀ဖန္

လက္ရွိ ကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ ၀ုိင္း၀န္းသတ္မွတ္ျခင္းခံထားရသူ မက္ဆီဟာ မာရာဒုိနာလုိအဆင့္မ်ဳိး ဘယ္ေတာ့မွေရာက္မွာ မဟုတ္ဘူးလုိ ့တစ္ႏုိင္ငံတည္းသား လက္ေရြးစင္ကစားသမားေဟာင္း ဟက္တာ အင္းနရစ္က ေ၀ဖန္လုိက္ပါတယ္။

ကမၻာ့ေဘာလုံးေလာကမွာ အေကာင္းဆုံးကစားသမားက ဘယ္သူလဲလုိ ့ေမးရင္ ဘရာဇီးကစားသမား ပီလီနဲ ့အာဂ်င္တီးနားကစားသမား မာရာဒုိနာတုိ ့ကုိ ျပိဳင္ဘက္ေတြအျဖစ္ ေျပာခဲ့ၾကသလုိ လက္ရွိမ်က္ေမွာက္ေခတ္ေဘာလုံးေလာကမွာလည္း အာဂ်င္တီးနားသား မက္ဆီနဲ ့ေပၚတူဂီသား ေရာ္နယ္ဒုိဟာ ျပိဳင္ဘက္ေတြအျဖစ္ ရွိေနတယ္လုိ ့ဆုိၾကပါတယ္။ ဒါေပမဲ့ မက္ဆီနဲ ့ေရာ္နယ္ဒုိတုိ ့ႏွစ္ဦးလုံးဟာ ပီလီနဲ ့မာရာဒုိနာတုိ ့လုိမ်ဳိး ႏုိင္ငံအသင္းအတြက္ အေကာင္းဆုံးစြမ္းေဆာင္ျပႏုိင္ျခင္းမရွိတာဟာ မက္ဆီတစ္ဦးတည္းအတြက္ဆုိရင္ မာရာဒုိနာလုိအဆင့္မ်ဳိး ေရာက္ႏုိင္မွာမဟုတ္တဲ့အေနအထားျဖစ္တယ္လုိ ့အာဂ်င္တီးနား ကြင္းလယ္ကစားသမားေဟာင္း ဟက္တာ အင္းနရစ္က ေ၀ဖန္လုိက္တာပါ။ " မက္ဆီဟာ ဘယ္ေလာက္ပဲ အသည္းအသန္အျပင္းအထန္ ၾကိဳးစားေနပါေစ။ ႏုိင္ငံအသင္းအတြက္ေတာ့ ကံမေကာင္းခဲ့တာမ်ားပါတယ္။ လာမယ့္ ကမၻာ့ဖလားမွာေတာ့ ကၽြန္ေတာ္ သူ ့ကုိ ကံေကာင္းမႈရေစဖုိ ့ေမွ်ာ္လင့္ထားပါတယ္။ မဟုတ္ရင္ေတာ့ မာရာဒုိနာလုိအဆင့္မ်ဳိး ဘယ္ေတာ့မွ ေရာက္မွာ မဟုတ္ေတာ့ပါဘူး " လုိ ့၁၉၈၆ ကမၻာ့ဖလားဆုရွင္လည္း ျဖစ္ခဲ့သူ ဂႏၱ၀င္ကစားသမားၾကီး ဟက္တာ အင္းနရစ္က ေ၀ဖန္ခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီထံကေန ေမွ်ာ္လင့္ထားခဲ့တာကေတာ့ ႏုိင္ငံအသင္းအတြက္ ဆုတံဆိပ္တစ္ခုခုကုိ ဦးေဆာင္အရယူေပးႏုိင္ဖုိ ့ပဲ ျဖစ္ျပီး ဒီလုိလုပ္ႏုိင္မွသာ ကမၻာ့အဆင့္အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္တယ္လုိ ့ခံယူသင့္ေၾကာင္းလည္း ဆုိပါတယ္။

အထူးသျဖင့္ ဒီႏွစ္ထဲမွာလည္း ကုိပါအေမရိကဖလားျပိဳင္ပြဲကုိ အစဥ္အလာျပိဳင္ဘက္ ဘရာဇီးႏုိင္ငံမွာ က်င္းပသြားဖုိ ့ရွိေနတာေၾကာင့္ ဒီျပိဳင္ပြဲၾကီးမွာ ဆုတစ္ခုခုရယူသြားဖုိ ့မက္ဆီကုိ လႈံ ့ေဆာ္ေ၀ဖန္လုိက္တာမ်ဳိးလည္း ျဖစ္ပါတယ္။ 

Unicode Version

လက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ဝိုင်းဝန်းသတ်မှတ်ခြင်းခံထားရသူ မက်ဆီဟာ မာရာဒိုနာလိုအဆင့်မျိုး ဘယ်တော့မှရောက်မှာ မဟုတ်ဘူးလို့တစ်နိုင်ငံတည်းသား လက်ရွေးစင်ကစားသမားဟောင်း ဟက်တာ အင်းနရစ်က ဝေဖန်လိုက်ပါတယ်။
ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားက ဘယ်သူလဲလို့မေးရင် ဘရာဇီးကစားသမား ပီလီနဲ့အာဂျင်တီးနားကစားသမား မာရာဒိုနာတို့ကို ပြိုင်ဘက်တွေအဖြစ် ပြောခဲ့ကြသလို လက်ရှိမျက်မှောက်ခေတ်ဘောလုံးလောကမှာလည်း အာဂျင်တီးနားသား မက်ဆီနဲ့ပေါ်တူဂီသား ရော်နယ်ဒိုဟာ ပြိုင်ဘက်တွေအဖြစ် ရှိနေတယ်လို့ဆိုကြပါတယ်။ ဒါပေမဲ့ မက်ဆီနဲ့ရော်နယ်ဒိုတို့နှစ်ဦးလုံးဟာ ပီလီနဲ့မာရာဒိုနာတို့လိုမျိုး နိုင်ငံအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခြင်းမရှိတာဟာ မက်ဆီတစ်ဦးတည်းအတွက်ဆိုရင် မာရာဒိုနာလိုအဆင့်မျိုး ရောက်နိုင်မှာမဟုတ်တဲ့အနေအထားဖြစ်တယ်လို့အာဂျင်တီးနား ကွင်းလယ်ကစားသမားဟောင်း ဟက်တာ အင်းနရစ်က ဝေဖန်လိုက်တာပါ။ " မက်ဆီဟာ ဘယ်လောက်ပဲ အသည်းအသန်အပြင်းအထန် ကြိုးစားနေပါစေ။ နိုင်ငံအသင်းအတွက်တော့ ကံမကောင်းခဲ့တာများပါတယ်။ လာမယ့် ကမ္ဘာ့ဖလားမှာတော့ ကျွန်တော် သူ့ကို ကံကောင်းမှုရစေဖို့မျှော်လင့်ထားပါတယ်။ မဟုတ်ရင်တော့ မာရာဒိုနာလိုအဆင့်မျိုး ဘယ်တော့မှ ရောက်မှာ မဟုတ်တော့ပါဘူး " လို့၁၉၈၆ ကမ္ဘာ့ဖလားဆုရှင်လည်း ဖြစ်ခဲ့သူ ဂန္တဝင်ကစားသမားကြီး ဟက်တာ အင်းနရစ်က ဝေဖန်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီထံကနေ မျှော်လင့်ထားခဲ့တာကတော့ နိုင်ငံအသင်းအတွက် ဆုတံဆိပ်တစ်ခုခုကို ဦးဆောင်အရယူပေးနိုင်ဖို့ပဲ ဖြစ်ပြီး ဒီလိုလုပ်နိုင်မှသာ ကမ္ဘာ့အဆင့်အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့ခံယူသင့်ကြောင်းလည်း ဆိုပါတယ်။ အထူးသဖြင့် ဒီနှစ်ထဲမှာလည်း ကိုပါအမေရိကဖလားပြိုင်ပွဲကို အစဉ်အလာပြိုင်ဘက် ဘရာဇီးနိုင်ငံမှာ ကျင်းပသွားဖို့ရှိနေတာကြောင့် ဒီပြိုင်ပွဲကြီးမှာ ဆုတစ်ခုခုရယူသွားဖို့မက်ဆီကို လှုံ့ဆော်ဝေဖန်လိုက်တာမျိုးလည်း ဖြစ်ပါတယ်။ 

   -  မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။