Skip to main content
ထုိင္းႏွစ္သစ္ကူးပြဲေတာ္ရဲ ့ ဆင္ေတြနဲ ့ အၿပိဳင္ေရပက္ကစားျခင္း စတင္ 
Ads Block

ထုိင္းႏွစ္သစ္ကူးပြဲေတာ္ရဲ ့ ဆင္ေတြနဲ ့ အၿပိဳင္ေရပက္ကစားျခင္း စတင္ 

ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ ထုိင္းႏုိင္ငံ ရုိးရာႏွစ္သစ္ကူး အခါသမယအတြင္း ဧၿပီ ၁၁ ရက္ေန ့မွာေတာ့ ခႏၶာကုိယ္မွာ အသည္းပုံေတြ၊ ပန္းပြင့္ပုံေတြ ေရးဆြဲေပးထားတဲ့ ဆင္ေတြက ပြဲေတာ္ ဆင္ႏႊဲသူေတြကုိ ေရေတြနဲ ့ပက္ဖ်န္းေဆာ့ကစားခဲ့ၾကပါတယ္။ 
ေရွးဘုရားေက်ာင္းအေဆာက္အအုံေတြနဲ ့ နာမည္ေက်ာ္ ခရီးသြားေဒသတစ္ခုျဖစ္တဲ့ ထုိင္းႏုိင္ငံရဲ ့ ၿမိဳ ့ေတာ္ေဟာင္း အယုဒၶယက လမ္းေတြေပၚမွာ ဆင္ထိန္းေတြ အသီးသီးလုိက္ပါလာတဲ့ ဆင္တစ္ဒါဇင္ေလာက္က ပူျပင္းတဲ့ေနပူရွိန္ေအာက္က ေဒသခံေတြနဲ ့ႏုိင္ငံျခားသားေတြကုိ ေရေတြနဲ ့ပက္ဖ်န္းခဲ့ပါတယ္။ ဧၿပီ ၁၃ ရက္ေန ့မွာ တရား၀င္စတင္မွာျဖစ္တဲ့ ဗုဒၶဘာသာ၀င္ေတြရဲ ့ ရုိးရာႏွစ္သစ္ကူးပြဲေတာ္တစ္ခုျဖစ္တဲ့ သီတင္းတစ္ပတ္ၾကာ ေဆာင္ခရန္ေရပြဲေတာ္ကုိ ဆင္ႀကီးေတြရဲ ့ ေရပက္ဆင္ႏႊဲမႈနဲ ့ စတင္လုိက္တာျဖစ္ပါတယ္။ 

ထုိင္းႏွစ္သစ္ကူးပြဲေတာ္ရဲ ့ ဆင္ေတြနဲ ့ အၿပိဳင္ေရပက္ကစားျခင္း စတင္ 


“ မနက္ပုိင္းမွာ ဗုဒၶဘုရားရွင္ကုိ ဦးခုိက္ပူေဇာ္ကာ သံဃာေတာ္ေတြကုိ လႈဖြယ္ပစၥည္းေတြ ဆက္ကပ္လွဴဒါန္းၾကဖုိ ့နဲ ့ ေန ့လည္ပုိင္းမွာ ဆင္ႀကီးေတြနဲ ့အတူ ေရပက္ကစားၾကဖုိ ့ လာေရာက္ႏုိင္ပါတယ္” လုိ ့ အယုဒၶယဆင္စခန္းပုိင္ရွင္က ပြဲေတာ္ဆင္ႏႊဲသူေတြကုိ ဖိတ္ေခၚခဲ့ပါတယ္။ “ႏွာေမာင္းေတြသုံး ေရပက္ကစားတာဟာ ဆင္ေတြ ဘာသာဘာ၀ ကစားနည္းတစ္မ်ဳိးျဖစ္ပါတယ္” လုိ ့ ၄င္းက ဆက္လက္ ေျပာဆုိခဲ့ပါတယ္။ 
ရုိးရာထုံးတမ္းစဥ္လာအရ သက္ႀကီးရြယ္အုိေတြကုိ ျပဳစုအရုိအေသေပးျခင္း၊ ဘုန္းေတာ္ႀကီးေက်ာင္းေတြရွိ ဗုဒၶရုပ္ပြားေတာ္ေတြကုိ ေရသပၸါယ္ျခင္းျပဳေလ့ရွိၾကတဲ့ ေဆာင္ခရန္ ႏွစ္သစ္ကူးပြဲေတာ္ဟာ ပြက္ေလာညံေနတဲ့ ေရတုိက္ပြဲတစ္ခုအျဖစ္လည္း အရွိန္အဟုန္နဲ ့ အသြင္ေျပာင္းသြားခဲ့ပါတယ္။ 

ထုိင္းႏွစ္သစ္ကူးပြဲေတာ္ရဲ ့ ဆင္ေတြနဲ ့ အၿပိဳင္ေရပက္ကစားျခင္း စတင္ 


ေနကာမ်က္မွန္ေတြတပ္ကာ ေရေသနတ္ေတြ ကုိယ္စီကုိင္ထားၾကတဲ့ ထုိင္း လူထုနဲ ့ ႏုိင္ငံျခားသားေတြဟာ စုိစုိရႊဲေနတဲ့ လမ္းေတြတေလွ်ာက္ လည္ပတ္ကာ ေရပက္ကစားၾကေလ့ရွိပါတယ္။ ႏွစ္သစ္ကူးပြဲေတာ္ကာလအတြင္း တစ္ႏုိင္ငံလုံးနီးပါး လုပ္ငန္းေဆာင္တာေတြ ရပ္တန္ ့ထားၾကရပါတယ္။ 
- ကိုလင္း (အကုန္သိသတင္းဌာန) | Ref : CNA

Unicode version

ထိုင်းနှစ်သစ်ကူးပွဲတော်ရဲ့ ဆင်တွေနဲ့ အပြိုင်ရေပက်ကစားခြင်း စတင် 

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ထိုင်းနိုင်ငံ ရိုးရာနှစ်သစ်ကူး အခါသမယအတွင်း ဧပြီ ၁၁ ရက်နေ့မှာတော့ ခန္ဓာကိုယ်မှာ အသည်းပုံတွေ၊ ပန်းပွင့်ပုံတွေ ရေးဆွဲပေးထားတဲ့ ဆင်တွေက ပွဲတော် ဆင်နွှဲသူတွေကို ရေတွေနဲ့ပက်ဖျန်းဆော့ကစားခဲ့ကြပါတယ်။ 
ရှေးဘုရားကျောင်းအဆောက်အအုံတွေနဲ့ နာမည်ကျော် ခရီးသွားဒေသတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ မြို့တော်ဟောင်း အယုဒ္ဓယက လမ်းတွေပေါ်မှာ ဆင်ထိန်းတွေ အသီးသီးလိုက်ပါလာတဲ့ ဆင်တစ်ဒါဇင်လောက်က ပူပြင်းတဲ့နေပူရှိန်အောက်က ဒေသခံတွေနဲ့နိုင်ငံခြားသားတွေကို ရေတွေနဲ့ပက်ဖျန်းခဲ့ပါတယ်။ ဧပြီ ၁၃ ရက်နေ့မှာ တရားဝင်စတင်မှာဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်တဲ့ သီတင်းတစ်ပတ်ကြာ ဆောင်ခရန်ရေပွဲတော်ကို ဆင်ကြီးတွေရဲ့ ရေပက်ဆင်နွှဲမှုနဲ့ စတင်လိုက်တာဖြစ်ပါတယ်။ 

ထုိင္းႏွစ္သစ္ကူးပြဲေတာ္ရဲ ့ ဆင္ေတြနဲ ့ အၿပိဳင္ေရပက္ကစားျခင္း စတင္ 


“ မနက်ပိုင်းမှာ ဗုဒ္ဓဘုရားရှင်ကို ဦးခိုက်ပူဇော်ကာ သံဃာတော်တွေကို လှုဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းကြဖို့နဲ့ နေ့လည်ပိုင်းမှာ ဆင်ကြီးတွေနဲ့အတူ ရေပက်ကစားကြဖို့ လာရောက်နိုင်ပါတယ်” လို့ အယုဒ္ဓယဆင်စခန်းပိုင်ရှင်က ပွဲတော်ဆင်နွှဲသူတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ “နှာမောင်းတွေသုံး ရေပက်ကစားတာဟာ ဆင်တွေ ဘာသာဘာ၀ ကစားနည်းတစ်မျိုးဖြစ်ပါတယ်” လို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။ 
ရိုးရာထုံးတမ်းစဉ်လာအရ သက်ကြီးရွယ်အိုတွေကို ပြုစုအရိုအသေပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းတွေရှိ ဗုဒ္ဓရုပ်ပွားတော်တွေကို ရေသပ္ပါယ်ခြင်းပြုလေ့ရှိကြတဲ့ ဆောင်ခရန် နှစ်သစ်ကူးပွဲတော်ဟာ ပွက်လောညံနေတဲ့ ရေတိုက်ပွဲတစ်ခုအဖြစ်လည်း အရှိန်အဟုန်နဲ့ အသွင်ပြောင်းသွားခဲ့ပါတယ်။ 
 

ထုိင္းႏွစ္သစ္ကူးပြဲေတာ္ရဲ ့ ဆင္ေတြနဲ ့ အၿပိဳင္ေရပက္ကစားျခင္း စတင္ 


နေကာမျက်မှန်တွေတပ်ကာ ရေသေနတ်တွေ ကိုယ်စီကိုင်ထားကြတဲ့ ထိုင်း လူထုနဲ့ နိုင်ငံခြားသားတွေဟာ စိုစိုရွှဲနေတဲ့ လမ်းတွေတလျှောက် လည်ပတ်ကာ ရေပက်ကစားကြလေ့ရှိပါတယ်။ နှစ်သစ်ကူးပွဲတော်ကာလအတွင်း တစ်နိုင်ငံလုံးနီးပါး လုပ်ငန်းဆောင်တာတွေ ရပ်တန့်ထားကြရပါတယ်။ 
- ကိုလင်း (အကုန်သိသတင်းဌာန) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။