Skip to main content
ငါးေမြးေတာင္သူမ်ားေခ်းေငြရရွိရန္ ဘဏ္မ်ားႏွင့္ညွိႏႈိင္းေပးမည္ဟု ငါးလုပ္ငန္းဦးစီးဌာနမွတိုင္းဦးစီးမွဴး ေျပာ 
Ads Block

ငါးေမြးေတာင္သူမ်ားေခ်းေငြရရွိရန္ ဘဏ္မ်ားႏွင့္ညွိႏႈိင္းေပးမည္ဟု ငါးလုပ္ငန္းဦးစီးဌာနမွတိုင္းဦးစီးမွဴး ေျပာ 

ငါးေမြးေတာင္သူမ်ားေတာင္းဆိုသည့္ေခ်းေငြရရွိရန္ ဘဏ္မ်ားႏွင့္ညွိႏႈိင္းၿပီး လိုအပ္သည္မ်ားကို ရွင္းလင္းေျပာၾကားေပးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးငါးလုပ္ငန္းဦးစီးဌာနမွ တိုင္းဦးစီးမွဴး ဦးလွဝင္းက ေျပာသည္။
ငါးေမြးေတာင္သူမ်ားအား ပံုမွန္ဘဏ္ေခ်းေငြစနစ္ျဖင့္ လုပ္ငန္းရင္းႏီွးျမွဳပ္ႏွံမႈလုပ္ကိုင္ႏိုင္ေရးႏွင့္ပတ္သက္၍ တြ႔ံေတးၿမိဳ႕နယ္ရွိငါးေမြးေတာင္သူမ်ားမွႏိုင္ငံေတာ္ဒုတိယသမၼၼတ ၁ သို႔တင္ျပထားေသာကိစၥႏွင့္ပတ္သက္၍ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ ေခ်းေငြရရွိဖို႔ဆိုတာက ဌာနရဲ႕လုပ္ငန္းမဟုတ္တဲ႔အတြက္ မလုပ္ေပးႏိုင္ပါဘူး။ ဆက္သြယ္ေပးတာပဲ လုပ္ေပးႏိုင္မယ္။ ဒါကလည္းစိုက္ဘဏ္နဲ႔ညွိၿပီးရင္ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္နဲ႔ ျဖစ္ျဖစ္၊ ငါးေမြးေတာင္သူေတြနဲ႔ ျဖစ္ျဖစ္ ေငြေခ်းတာက ဘာေတြလိုအပ္လဲဆိုတာကို တစ္ရက္ဖိတ္ၿပီးေတာ့ရွင္းျပပါမယ္” ဟု ရန္ကုန္တိုင္းေဒသႀကီးငါးလုပ္ငန္းဦးစီးဌာနမွတိုင္းဦးစီးမွဴး ဦးလွဝင္းက ေျပာသည္။
လက္ရွိတြင္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴဘဏ္ႏွင့္ JICA တို႔ပူးေပါင္း၍ JICA two step loan အစီအစဥ္ျဖင့္ က်ပ္သိန္း ၅၀၀ မွ က်ပ္သိန္း ၅၀၀၀ အထိ ေခ်းေငြေပးေနေၾကာင္း သိရသည္။ 
“ဌာနကလုပ္ေပးႏိုင္ကေတာ့ GAqP(ေကာင္းမြန္ေသာေမြးျမဴေရးက်င့္စဥ္ႏွင့္အညီေမြးျမဴျခင္းစနစ္)နဲ႔ သင္တန္းေတြေပးမယ္။ လက္မွတ္ေတြထုတ္ေပးမယ္။ ဒါေတြက ဌာနက အဓိကလုပ္ေပးႏိုင္တာေတြျဖစ္တယ္။ အခု တြ႔ံေတးမွာသင္တန္းေပးဖို႔ေျပာထားတယ္။ GAqP စနစ္နဲ႔ကေတာ့ သင္တန္းဖြင့္ခ်င္တယ္ဆိုရင္ သင္တန္းသားစုၿပီးရင္ေျပာပါလို႔ ေျပာထားတယ္” ဟု ဦးလွဝင္းက ဆက္ေျပာသည္။
လက္ရွိတြင္ ငါးေမြးျမဴသူမ်ားအေနျဖင့္ ေခ်းေငြလိုအပ္ေသာ္လည္း ေလွ်ာက္ထားရန္ အခက္အခဲမ်ား ႀကံဳေတြ႕ေနရေၾကာင္း သိရသည္။ 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

 

Unicode Version

ငါးမွေးတောင်သူများချေးငွေရရှိရန် ဘဏ်များနှင့်ညှိနှိုင်းပေးမည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှတိုင်းဦးစီးမှူး ပြော 

ငါးမွေးတောင်သူများတောင်းဆိုသည့်ချေးငွေရရှိရန် ဘဏ်များနှင့်ညှိနှိုင်းပြီး လိုအပ်သည်များကို ရှင်းလင်းပြောကြားပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးလှဝင်းက ပြောသည်။
ငါးမွေးတောင်သူများအား ပုံမှန်ဘဏ်ချေးငွေစနစ်ဖြင့် လုပ်ငန်းရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နိုင်ရေးနှင့်ပတ်သက်၍ တွံ့တေးမြို့နယ်ရှိငါးမွေးတောင်သူများမှနိုင်ငံတော်ဒုတိယသမ္မ္မတ ၁ သို့တင်ပြထားသောကိစ္စနှင့်ပတ်သက်၍ ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ ချေးငွေရရှိဖို့ဆိုတာက ဌာနရဲ့လုပ်ငန်းမဟုတ်တဲ့အတွက် မလုပ်ပေးနိုင်ပါဘူး။ ဆက်သွယ်ပေးတာပဲ လုပ်ပေးနိုင်မယ်။ ဒါကလည်းစိုက်ဘဏ်နဲ့ညှိပြီးရင် ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ဖြစ်ဖြစ်၊ ငါးမွေးတောင်သူတွေနဲ့ ဖြစ်ဖြစ် ငွေချေးတာက ဘာတွေလိုအပ်လဲဆိုတာကို တစ်ရက်ဖိတ်ပြီးတော့ရှင်းပြပါမယ်” ဟု ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှတိုင်းဦးစီးမှူး ဦးလှဝင်းက ပြောသည်။
လက်ရှိတွင် စိုက်ပျိုးရေးနှင့်မွေးမြူဘဏ်နှင့် JICA တို့ပူးပေါင်း၍ JICA two step loan အစီအစဉ်ဖြင့် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ ချေးငွေပေးနေကြောင်း သိရသည်။ 
“ဌာနကလုပ်ပေးနိုင်ကတော့ GAqP(ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီမွေးမြူခြင်းစနစ်)နဲ့ သင်တန်းတွေပေးမယ်။ လက်မှတ်တွေထုတ်ပေးမယ်။ ဒါတွေက ဌာနက အဓိကလုပ်ပေးနိုင်တာတွေဖြစ်တယ်။ အခု တွံ့တေးမှာသင်တန်းပေးဖို့ပြောထားတယ်။ GAqP စနစ်နဲ့ကတော့ သင်တန်းဖွင့်ချင်တယ်ဆိုရင် သင်တန်းသားစုပြီးရင်ပြောပါလို့ ပြောထားတယ်” ဟု ဦးလှဝင်းက ဆက်ပြောသည်။
လက်ရှိတွင် ငါးမွေးမြူသူများအနေဖြင့် ချေးငွေလိုအပ်သော်လည်း လျှောက်ထားရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ 

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။