Skip to main content
သႀကၤန္ကာလအတြင္း Omni Focus မွ ယာဥ္လိုင္းေျပးဆြဲမႈ ရပ္နားမည္
Ads Block

သႀကၤန္ကာလအတြင္း Omni Focus မွ ယာဥ္လိုင္းေျပးဆြဲမႈ ရပ္နားမည္

သႀကၤန္ကာလ ဧၿပီလ ၁၃ ရက္မွ ၁၆ ရက္အထိ Omni Focus လက္ေအာက္တြင္ ေျပးဆြဲေနသည့္ ယာဥ္လိုင္းအားလံုး ရပ္နား ထားမည္ျဖစ္ ေၾကာင္း Omni Focus ကုမၸဏီလီမိတက္မွ သိရသည္။
ရန္ကုန္ေလဆိပ္သို႔ ေျပးဆြဲေနသည့္ Shuttle Bus ယာဥ္မ်ားအပါအဝင္ YBS ၂၀၊ YBS ၈၃၊ YBS ၉၉ ၊ YBS 56 ယာဥ္လိုင္းမ်ား ကို ဧၿပီလ ၁၂ ရက္ ညေန ၅ နာရီအထိ ေျပးဆြဲေပးမည္ျဖစ္ၿပီး သႀကၤန္ပြဲေတာ္ကာလတြင္ ရပ္နားထားမည္ျဖစ္ၿပီး ႏွစ္ဆန္း တစ္ ရက္တြင္ ျပန္လည္ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ေန႔ပိုင္းေရာ ညပိုင္းေရာ ဆြဲေနတဲ့ကားေတြ အကုန္လံုးကို မနက္ျဖန္ ၅ နာရီထိပဲ ေျပးဆြဲမွာျဖစ္ပါတယ္။ သႀကၤန္တြင္းေတာ့ ရပ္နားမယ္။ လမ္းေၾကာင္းအသစ္ေတြေတာ့ ထပ္တိုးေျပးဆြဲဖို႔ေတာ့ ရွိပါတယ္။ YRTA ကိုေတာ့ တင္ထားတယ္” ဟု Omni Focus ကုမၸဏီလီမိတက္မွ မန္းေနးဂ်င္းဒါရိုက္တာ ကိုထြန္းေတာက္၀င္းက ေျပာသည္။
လက္ရွိတြင္ Omni Focus လက္ေအာက္၌ ေျပးဆြဲေနေသာ ယာဥ္လိုင္းအားလံုး ၂၄ နာရီယာဥ္လိုင္းဝန္ေဆာင္မႈ ေပးရာတြင္ စီးနင္းသူ ခရီးသည္ဦးေရမွာ ၃၀၀၀ ေက်ာ္အထိ ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္၂၄ နာရီ ယာဥ္လိုင္းဝန္ေဆာင္မႈေပးရာတြင္လည္း ကုမၸဏီအေနျဖင့္ အရံႈးအျမတ္ တြက္မထားဘဲ လိုအပ္ခ်က္အရ ေျပးဆြဲေပးေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

သြင်္ကန်ကာလအတွင်း Omni Focus မှ ယာဉ်လိုင်းပြေးဆွဲမှု ရပ်နားမည်

သြင်္ကန်ကာလ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ Omni Focus လက်အောက်တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းအားလုံး ရပ်နား ထားမည်ဖြစ် ကြောင်း Omni Focus ကုမ္ပဏီလီမိတက်မှ သိရသည်။
ရန်ကုန်လေဆိပ်သို့ ပြေးဆွဲနေသည့် Shuttle Bus ယာဉ်များအပါအဝင် YBS ၂၀၊ YBS ၈၃၊ YBS ၉၉ ၊ YBS 56 ယာဉ်လိုင်းများ ကို ဧပြီလ ၁၂ ရက် ညနေ ၅ နာရီအထိ ပြေးဆွဲပေးမည်ဖြစ်ပြီး သြင်္ကန်ပွဲတော်ကာလတွင် ရပ်နားထားမည်ဖြစ်ပြီး နှစ်ဆန်း တစ် ရက်တွင် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“နေ့ပိုင်းရော ညပိုင်းရော ဆွဲနေတဲ့ကားတွေ အကုန်လုံးကို မနက်ဖြန် ၅ နာရီထိပဲ ပြေးဆွဲမှာဖြစ်ပါတယ်။ သြင်္ကန်တွင်းတော့ ရပ်နားမယ်။ လမ်းကြောင်းအသစ်တွေတော့ ထပ်တိုးပြေးဆွဲဖို့တော့ ရှိပါတယ်။ YRTA ကိုတော့ တင်ထားတယ်” ဟု Omni Focus ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။
လက်ရှိတွင် Omni Focus လက်အောက်၌ ပြေးဆွဲနေသော ယာဉ်လိုင်းအားလုံး ၂၄ နာရီယာဉ်လိုင်းဝန်ဆောင်မှု ပေးရာတွင် စီးနင်းသူ ခရီးသည်ဦးရေမှာ ၃၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင်၂၄ နာရီ ယာဉ်လိုင်းဝန်ဆောင်မှုပေးရာတွင်လည်း ကုမ္ပဏီအနေဖြင့် အရှုံးအမြတ် တွက်မထားဘဲ လိုအပ်ချက်အရ ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။