Skip to main content
ၾသကၤန္ကာလ နယ္ျပန္မည့္ ခရီးသည္ တစ္ရက္လွ်င္ ၆၀၀၀ ေက်ာ္ ရထားစီးနင္းေနဟုဆို
Ads Block

ၾသကၤန္ကာလ နယ္ျပန္မည့္ ခရီးသည္ တစ္ရက္လွ်င္ ၆၀၀၀ ေက်ာ္ ရထားစီးနင္းေနဟုဆို

မဟာၾသကၤန္ပြဲေတာ္ကာလ ႐ုံးပိတ္ရက္တြင္ နယ္သို႔ ျပန္မည့္ ခရီးသည္မ်ား အဆင္ေျပေစရန္အတြက္ ပုံမွန္ေျပးဆြဲေပးေနသည့္ ရထားထက္ ၾသကၤန္အထူးရထားမ်ားကိုပါ ေျပးဆြဲေပးေနၿပီး တစ္ရက္လွ်င္ ခရီးသည္ ၆၀၀၀ ေက်ာ္ စီးနင္းေန ဟု ျမန္မာ့ မီးရထားမွ သိရသည္။
နယ္ေဝးရထားမ်ားကို ဧၿပီလ ၈ ရက္မွ ၁၃ ရက္အထိေျပးဆြဲေပးမည္ျဖစ္ၿပီး ဧၿပီလ ၁၇ ရက္၊ ၁၈ ရက္ ႏွင့္ ၁၉ ရက္မ်ားတြင္ ျပန္ လည္ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ 
ႀကိဳတင္လက္မွတ္ေရာင္းခ်ရာတြင္လည္း ေဈးပိုေရာင္းခ်ျခင္းမ်ား မရွိေစရန္အတြက္ လက္မွတ္ေရာင္းဌာနတြင္ တိုက္႐ိုက္ဝယ္ယူ ႏိုင္ၿပီး ေမွာင္ခိုဝယ္ယူသည့္ လက္မွတ္မ်ားအတြက္ လုံးဝတာဝန္ယူမည္ မဟုတ္ေၾကာင္း သိရသည္။
“ ရထားလက္မွတ္ခေတြ ေဈးပိုေရာင္းခ်တဲ့ သူေတြမရွိေအာင္ လုံၿခဳံေရးကအစ ေသခ်ာေလးလုပ္ထားတယ္။ သုံရက္ႀကိဳေရာင္း ခ်ေပးပါတယ္။ ၈ ရက္ေန႔ကစၿပီး စီးတဲ့ခရီးသည္က ၆၀၀၀ ေက်ာ္ေလာက္ရွိတယ္။ ၾသကၤန္အႀကိဳေန႔ထိေတာ့ ေျပးဆြဲေပးမွာပါ။ လက္ရွိအခ်ိန္ထိေတာ့ လက္မွတ္ကို ေဈးပိုေပးဝယ္တာနဲ႔ ပတ္သက္ၿပီး တိုင္ၾကားခ်က္ေတာ့ မရွိေသးပါဘူး” ဟုျမန္မာ့မီးရထား၊ အမွတ္(၇) သြားလာေရးတိုင္းမွ မန္ေနဂ်ာ ဦးေဇာ္လြင္က ေျပာသည္။
ၾသကၤန္ကာလအတြင္း ၿမိဳ႕ပတ္ရထားတြဲဆိုင္း ၈ ဆိုင္း၊ ေခါက္ေရ ၉၀ ျဖင့္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ 
ထို႔အျပင္ ၾသကၤန္အထူးရထားမ်ား၏ လက္မွတ္ခႏႈန္းထားမွာ ခရီးစဥ္အစ၊ အဆုံး ႐ိုး႐ိုးတန္း ၄၆၅၀ က်ပ္၊ အထက္တန္း ၉၃၀၀ က်ပ္၊ အထက္တန္းအိပ္စင္ ၁၂၇၅၀ က်ပ္ သတ္မွတ္ေရာင္းခ်ေပးထားေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

သြင်္ကန်ကာလ နယ်ပြန်မည့် ခရီးသည် တစ်ရက်လျှင် ၆၀၀၀ ကျော် ရထားစီးနင်းနေဟုဆို

မဟာသြင်္ကန်ပွဲတော်ကာလ ရုံးပိတ်ရက်တွင် နယ်သို့ ပြန်မည့် ခရီးသည်များ အဆင်ပြေစေရန်အတွက် ပုံမှန်ပြေးဆွဲပေးနေသည့် ရထားထက် သြင်္ကန်အထူးရထားများကိုပါ ပြေးဆွဲပေးနေပြီး တစ်ရက်လျှင် ခရီးသည် ၆၀၀၀ ကျော် စီးနင်းနေ ဟု မြန်မာ့ မီးရထားမှ သိရသည်။
နယ်ဝေးရထားများကို ဧပြီလ ၈ ရက်မှ ၁၃ ရက်အထိပြေးဆွဲပေးမည်ဖြစ်ပြီး ဧပြီလ ၁၇ ရက်၊ ၁၈ ရက် နှင့် ၁၉ ရက်များတွင် ပြန် လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ကြိုတင်လက်မှတ်ရောင်းချရာတွင်လည်း ဈေးပိုရောင်းချခြင်းများ မရှိစေရန်အတွက် လက်မှတ်ရောင်းဌာနတွင် တိုက်ရိုက်ဝယ်ယူ နိုင်ပြီး မှောင်ခိုဝယ်ယူသည့် လက်မှတ်များအတွက် လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း သိရသည်။
“ ရထားလက်မှတ်ခတွေ ဈေးပိုရောင်းချတဲ့ သူတွေမရှိအောင် လုံခြုံရေးကအစ သေချာလေးလုပ်ထားတယ်။ သုံရက်ကြိုရောင်း ချပေးပါတယ်။ ၈ ရက်နေ့ကစပြီး စီးတဲ့ခရီးသည်က ၆၀၀၀ ကျော်လောက်ရှိတယ်။ သြင်္ကန်အကြိုနေ့ထိတော့ ပြေးဆွဲပေးမှာပါ။ လက်ရှိအချိန်ထိတော့ လက်မှတ်ကို ဈေးပိုပေးဝယ်တာနဲ့ ပတ်သက်ပြီး တိုင်ကြားချက်တော့ မရှိသေးပါဘူး” ဟုမြန်မာ့မီးရထား၊ အမှတ်(၇) သွားလာရေးတိုင်းမှ မန်နေဂျာ ဦးဇော်လွင်က ပြောသည်။
သြင်္ကန်ကာလအတွင်း မြို့ပတ်ရထားတွဲဆိုင်း ၈ ဆိုင်း၊ ခေါက်ရေ ၉၀ ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ထို့အပြင် သြင်္ကန်အထူးရထားများ၏ လက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစ၊ အဆုံး ရိုးရိုးတန်း ၄၆၅၀ ကျပ်၊ အထက်တန်း ၉၃၀၀ ကျပ်၊ အထက်တန်းအိပ်စင် ၁၂၇၅၀ ကျပ် သတ်မှတ်ရောင်းချပေးထားကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။