Skip to main content
Ads Block





“တိုင်းပြည်တည်ဆောက်တဲ့အခါမှာ ကယန်းအမျိုးသားများ ပါဝင်ရန်လိုအပ် ကြောင်း၊ ကိုယ့်အမျိုးကို ချစ်မြတ်နိုးတယ်ဆိုတဲ့နေရာမှာလည်းသူများတွေကိုမုန်းတီးရမယ်ဆိုတာမျိုးမဟုတ်ကြောင်း၊ မိမိပြည်နယ်တွင် ကယားတိုင်းရင်းသားလူမျိုးစု (၉)မျိုးရှိပြီး ပြည်နယ်ကျဉ်းကျဉ်းလေးမှာ ဒီ (၉) မျိုးကမတည့်ဘူးဆိုရင် တိုးတက်မှုအရွေ့ကိုရောက်ရှိနိုင်မည်မဟုတ်ကြောင်း၊ ပြည်ထောင်စု နိုင်ငံတော်မှာတိုင်းရင်းသားများစွာ မှီတင်းနေထိုင်တာ တစ်ဦးနဲ့တစ်ဦးမတည့်ဘူးဆိုအောင်မြင်မှာမဟုတ်ကြောင်း” ဟု ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ပြောသည်။ 





 

Unicode Version

ကိုယ့်အမျိုးကိုယ်ချစ်သည်ဆိုခြင်းမှာ အခြားသူများကိုမုန်းတီးရခြင်းမဟုတ်ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ပြော 

ကိုယ့်အမျိုးကိုယ်ချစ်သည်ဆိုခြင်းမှာ အခြားသူများကိုမုန်းတီးရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး မတည့်ပါက တိုးတက်မှုနှောင့်နှေးမည်ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ပြောလိုက်သည်။
ဧပြီလ ၁၀ ရက်၌ ကယန်းအမျိုးသားနေ့ကျင်းပသည့်အခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“တိုင်းပြည်တည်ဆောက်တဲ့အခါမှာ ကယန်းအမျိုးသားများ ပါဝင်ရန်လိုအပ် ကြောင်း၊ ကိုယ့်အမျိုးကို ချစ်မြတ်နိုးတယ်ဆိုတဲ့နေရာမှာလည်းသူများတွေကိုမုန်းတီးရမယ်ဆိုတာမျိုးမဟုတ်ကြောင်း၊ မိမိပြည်နယ်တွင် ကယားတိုင်းရင်းသားလူမျုးိစု (၉)မျိုးရှိပြီး ပြည်နယ်ကျဉ်းကျဉ်းလေးမှာ ဒီ (၉) မျိုးကမတည့်ဘူးဆိုရင် တိုးတက်မှုအရွေ့ကိုရောက်ရှိနိုင်မည်မဟုတ်ကြောင်း၊ ပြည်ထောင်စု နိုင်ငံတော်မှာတိုင်းရင်းသားများစွာ မှီတင်းနေထိုင်တာ တစ်ဦးနဲ့တစ်ဦးမတည့်ဘူးဆိုအောင်မြင်မှာမဟုတ်ကြောင်း” ဟု ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ပြောသည်။ 
ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်တုစိုက်ထူခြင်းကို ကယားပြည်နယ်မျိုးဆက်သစ်လူငယ်များမှ ကန့်ကွက်မှုများရှိခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်မှုများ၊ ပြန်လည်ရွှေ့ပြောင်းခိုင်းမှုများရှိခဲ့သည်။
သို့သော် ကယားပြည်နယ်၊ ကန္ဒာဟေဝန်ပန်းခြံတွင်ကန့်ကွက်မှုများကြားမှ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုကို စိုက်ထူဖွင့်လှစ်ခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။