Skip to main content
သင်္ကြန်ကာလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အရေးယူမည်မဟုတ်ဟုဆို
Ads Block
သင်္ကြန်ကာလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အရေးယူမည်မဟုတ်ဟုဆို
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ဘဲ ပညာပေး လုပ်ငန်းများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီးသိန်းဦးက ပြောသည်။
ရန်ကုန်သင်္ကြန်ပွဲတော်ကာလတွင် ဆောင်ရွက်မည့် မြေပြင်အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်အပါအဝင် မဏ္ဍပ်ပေါင်း ၃၅ ခု တည်ဆောက်သွားမည်ဖြစ်ပြီး ယာဉ်ကြောကျပ်တည်း မှုနှင့် ယာဉ်မတော်တဆမှုလျှော့ချနိုင်ရန်အတွက် လက်ရှိ ရှိနေသည့် ယာဉ်ထိန်းအင်အား ၁၀၀၀ အပြင် အင်အား ၁၀၀ ကျော်ကို ဖြည့်တင်းပေးထားကြောင်း သိရသည်။ 
Unicode version
သြင်္ကန်ကာလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အရေးမည်မဟုတ်ဟုဆို
မဟာသြင်္ကန်ပွဲတော်ကာလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ဘဲ ပညာပေး လုပ်ငန်းများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီးသိန်းဦးက ပြောသည်။
ရန်ကုန်သြင်္ကန်ပွဲတော်ကာလတွင် ဆောင်ရွက်မည့် မြေပြင်အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“သြင်္ကန်တွင်း ကာလမှာ အရေးယူတာမရှိဘူး။ ကြိုတင်ကာကွယ်မှုတွေတော့ လုပ်သွားမယ်။ ရေပက်ခံထွက်တဲ့ ကားတွေကို လိုက်နာရမယ့် အချက်တွေတော့ ထုတ်ပြန်ပေးထားတယ်။ မနှစ်ကတော့ အရေးယူဆောင်ရွက်ထားတာ နှစ်မှုပဲရှိတယ်”ဟု ဒုတိယရဲမှူးကြီး သိန်းဦးက ပြောသည်။
ရန်ကုန်သြင်္ကန်တွင် လမ်းလျှောက်သြင်္ကန်အပါအဝင် မဏ္ဍပ်ပေါင်း ၃၅ ခု တည်ဆောက်သွားမည်ဖြစ်ပြီး ယာဉ်ကြောကျပ်တည်း မှုနှင့် ယာဉ်မတော်တဆမှုလျှော့ချနိုင်ရန်အတွက် လက်ရှိ ရှိနေသည့် ယာဉ်ထိန်းအင်အား ၁၀၀၀ အပြင် အင်အား ၁၀၀ ကျော်ကို ဖြည့်တင်းပေးထားကြောင်း သိရသည်။ 
ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွားစေရန်အတွက် ကရိန်းဆွဲယာဉ်များကိုပါ အသင့်ထားရှိသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
- စုသက်နှင်း(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။