Skip to main content
ဘန္ေကာက္ CentralWorld ေရွာ့ပင္းေမာလ္မွာ မီးေလာင္မႈျဖစ္ပြားလို႔ ၂ ဦးေသ ၂၀ ဒဏ္ရာရ 
Ads Block

ဘန္ေကာက္ CentralWorld ေရွာ့ပင္းေမာလ္မွာ မီးေလာင္မႈျဖစ္ပြားလို႔ ၂ ဦးေသ ၂၀ ဒဏ္ရာရ 

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္ရွိ CentralWorld ေရွာ့ပင္းအေဆာက္အအုံႀကီးမွာ ဗုဒၶဟူးေန႔ညေနပိုင္းက မီးေလာင္မႈျဖစ္ခဲ့တာေၾကာင့္ လူ ၂ ဦးေသဆုံးကာ ၂၀ ခန္႔ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။ 
ဘန္ေကာက္ၿမိဳ႕လယ္မွာရွိတဲ့ ယင္း အေဆာက္အအုံဟာ ႐ုံးခန္းေတြနဲ႔ Centara Grand ဟိုတယ္တို႔တည္ရွိေနကာ ၿမိဳ႕ရဲ႕ နာမည္အႀကီးဆုံးနဲ႔ လူအစည္ကားဆုံး ေဈးဝယ္စင္တာေတြထဲက တစ္ခုျဖစ္ပါတယ္။ လူမႈကြန္ရက္မွာတင္ခဲ့တဲ့ ဗီဒီယို ဓါတ္ပုံေတြမွာ မီးေလာင္အေဆာက္အအုံကေန မီးခိုးမဲေတြ လိမ့္တက္ေနတာေတြ႕ရပါတယ္။ အေဆာက္အအုံတြင္းရွိ လူေပါင္း ရာနဲ႔ခ်ီကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေပးခဲ့ရေၾကာင္း သိရပါတယ္။ 

ဘန္ေကာက္ CentralWorld ေရွာ့ပင္းေမာလ္မွာ မီးေလာင္မႈျဖစ္ပြားလို႔ ၂ ဦးေသ ၂၀ ဒဏ္ရာရ 


အခင္းျဖစ္ေနရာမွာ တစ္ေယာက္ ေသဆုံးၿပီး ေနာက္တစ္ဦးကေတာ့ အနီးက ေဆး႐ုံကိုတင္ေပးစဥ္ ေသဆုံးခဲ့ပါတယ္လို႔ Erawan အေရးေပၚေဆးဘက္ဆိုင္ရာစင္တာမွ ေျပာေရးဆိုခြင့္ရွိသူက သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့သူဟာ အေဆာက္အအုံေပၚက ခုန္ခ်ခဲ့တဲ့ ႐ုံးဝန္ထမ္းတစ္ဦးျဖစ္ေၾကာင္းလည္း ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက ေျပာဆိုပါတယ္။ 

ဘန္ေကာက္ CentralWorld ေရွာ့ပင္းေမာလ္မွာ မီးေလာင္မႈျဖစ္ပြားလို႔ ၂ ဦးေသ ၂၀ ဒဏ္ရာရ 


မီးေလာင္ အေဆာက္အအုံကို လုံၿခဳံေဘးကင္းမႈ ေသခ်ာတဲ့အထိ ပိတ္ထား ဦးမွာျဖစ္ေၾကာင္း ဘန္ေကာက္အုပ္ခ်ဳပ္ေရးမႉး အက္စ္ဝင္ ကြမ္ေျမာင္ က ေျပာဆိုခဲ့ပါတယ္။ အေဆာက္အအုံရဲ႕ တည္ေဆာက္မႈပိုင္းအေပၚ သက္ေရာက္ခဲ့မႈကို စစ္ေဆးရဦးမွာျဖစ္သလို ရဲတပ္ဖြဲ႕ကလည္း လိုအပ္တဲ့ စုံစမ္းစစ္ေဆးမႈေတြ လုပ္ဦးမွာျဖစ္ေၾကာင္း ၎က ဆိုပါတယ္။ 
ေဒသစံေတာ္ခ်ိန္ ညေန ၆ နာရီေလာက္မွာ မီးစတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ကာ ယာဥ္အသြားအလာ ရႈပ္ေထြးလွတဲ့အခ်ိန္မွာ မီးသတ္ကားေတြဟာ ဥၾသသံအၿပိဳင္ေပးကာ မီးေလာင္အေဆာက္အအုံဆီ အလ်င္အျမန္ေမာင္းႏွင္ခဲ့ၾကပါတယ္။ ဟိုတယ္ ၈ လႊာမွ စာ႐ြက္စာတမ္း သိုေလွာင္ခန္းတစ္ခုကေန မီးစတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း ေဒသဆိုင္ရာ ရဲမွဴးတစ္ဦးရဲ႕ အေျပာကို Khaosod ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။ 
- ကိုလင္း (အကုန္သိ သတင္းဌာန) | Ref : CNA

Unicode version

ဘန်ကောက် CentralWorld ရှော့ပင်းမောလ်မှာ မီးလောင်မှုဖြစ်ပွားလို့ ၂ ဦးသေ ၂၀ ဒဏ်ရာရ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ CentralWorld ရှော့ပင်းအဆောက်အအုံကြီးမှာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ခဲ့တာကြောင့် လူ ၂ ဦးသေဆုံးကာ ၂၀ ခန့်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ 
ဘန်ကောက်မြို့လယ်မှာရှိတဲ့ ယင်း အဆောက်အအုံဟာ ရုံးခန်းတွေနဲ့ Centara Grand ဟိုတယ်တို့တည်ရှိနေကာ မြို့ရဲ့ နာမည်အကြီးဆုံးနဲ့ လူအစည်ကားဆုံး ဈေးဝယ်စင်တာတွေထဲက တစ်ခုဖြစ်ပါတယ်။ လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ဗီဒီယို ဓါတ်ပုံတွေမှာ မီးလောင်အဆောက်အအုံကနေ မီးခိုးမဲတွေ လိမ့်တက်နေတာတွေ့ရပါတယ်။ အဆောက်အအုံတွင်းရှိ လူပေါင်း ရာနဲ့ချီကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။ 

ဘန္ေကာက္ CentralWorld ေရွာ့ပင္းေမာလ္မွာ မီးေလာင္မႈျဖစ္ပြားလို႔ ၂ ဦးေသ ၂၀ ဒဏ္ရာရ 


အခင်းဖြစ်နေရာမှာ တစ်ယောက် သေဆုံးပြီး နောက်တစ်ဦးကတော့ အနီးက ဆေးရုံကိုတင်ပေးစဉ် သေဆုံးခဲ့ပါတယ်လို့ Erawan အရေးပေါ်ဆေးဘက်ဆိုင်ရာစင်တာမှ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သူဟာ အဆောက်အအုံပေါ်က ခုန်ချခဲ့တဲ့ ရုံးဝန်ထမ်းတစ်ဦးဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။ 

ဘန္ေကာက္ CentralWorld ေရွာ့ပင္းေမာလ္မွာ မီးေလာင္မႈျဖစ္ပြားလို႔ ၂ ဦးေသ ၂၀ ဒဏ္ရာရ 


မီးလောင် အဆောက်အအုံကို လုံခြုံဘေးကင်းမှု သေချာတဲ့အထိ ပိတ်ထား ဦးမှာဖြစ်ကြောင်း ဘန်ကောက်အုပ်ချုပ်ရေးမှူး အက်စ်ဝင် ကွမ်မြောင် က ပြောဆိုခဲ့ပါတယ်။ အဆောက်အအုံရဲ့ တည်ဆောက်မှုပိုင်းအပေါ် သက်ရောက်ခဲ့မှုကို စစ်ဆေးရဦးမှာဖြစ်သလို ရဲတပ်ဖွဲ့ကလည်း လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဦးမှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။ 
ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ယာဉ်အသွားအလာ ရှုပ်ထွေးလှတဲ့အချိန်မှာ မီးသတ်ကားတွေဟာ ဥသြသံအပြိုင်ပေးကာ မီးလောင်အဆောက်အအုံဆီ အလျင်အမြန်မောင်းနှင်ခဲ့ကြပါတယ်။ ဟိုတယ် ၈ လွှာမှ စာရွက်စာတမ်း သိုလှောင်ခန်းတစ်ခုကနေ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲမှူးတစ်ဦးရဲ့ အပြောကို Khaosod ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ 
- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။