Skip to main content
နန္းၿမိဳင္ဟုိတယ္အမႈႏွင့္ပတ္သက္၍ ႏုိင္ငံေတာ္သမၼတကုိ သက္ေသအျဖစ္ေခၚထားဟု ဦးေဌးေအာင္ေျပာ
Ads Block

နန္းၿမိဳင္ဟုိတယ္အမႈႏွင့္ပတ္သက္၍ ႏုိင္ငံေတာ္သမၼတကုိ သက္ေသအျဖစ္ေခၚထားဟု ဦးေဌးေအာင္ေျပာ

နန္းၿမဳိင္ဟုိတယ္အမႈႏွင့္ပတ္သက္၍ ႏုိင္ငံေတာ္သမၼတ အပါအ၀င္ ႏုိင္ငံေတာ္အႀကီးအကဲမ်ားကုိ သက္ေသအျဖစ္ေခၚထားေၾကာင္း ေအာကစ္ေဟာက္စ္ပုိင္ရွင္ ဦးေဌးေအာင္ကေျပာလုိက္သည္။
ရန္ကုန္ၿမိဳ႕ရွိ ေအာကစ္ေဟာက္စ္တြင္ ဧၿပီလ ၁၀ ရက္က က်င္းပေသာသတင္းစာရွင္းလင္းပြဲအၿပီးတြင္ အကုန္သိသတင္းဌာနသုိ႔ ေျဖၾကားေပးျခင္းျဖစ္သည္။ 

နန္းၿမိဳင္ဟုိတယ္အမႈႏွင့္ပတ္သက္၍ ႏုိင္ငံေတာ္သမၼတကုိ သက္ေသအျဖစ္ေခၚထားဟု ဦးေဌးေအာင္ေျပာ


“အားလုံး သက္ေသ ၁၂ ေယာက္ေခၚတယ္။ တရားရံုးကုိတင္သြင္းတယ္။ တရားသူႀကီးကလည္း လက္ခံတယ္။ လြန္ခဲ့တဲ့ ၆ လေလာက္ကတင္လုိက္တာပါ။ ႏုိင္ငံေတာ္သမၼတပါတယ္။ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ပါတယ္။ ဘယ္သူသိသလဲဆုိသူတုိ႔သိတယ္ဆုိတာကုိ ကြ်န္ေတာ္ကတင္သြင္းထားျခင္းပဲျဖစ္တယ္။ သူတုိ႔ကုိယ္တုိင္မလာလည္း ကုိယ္စားလွယ္လာရင္လာမွာေပါ့’’ဟု ဦးေဌးေအာင္က ေျပာသည္။
ျဖစ္စဥ္မွာ ဟုိတယ္ႏွင့္ခရီးသြား ၀န္ႀကီးဌာနသည္ မူလ၌ မႏၱေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ရွိနန္းၿမိဳင္ဟုိတယ္ ငွားရမ္းလုပ္ကုိင္ခြင့္ကို ဦးေဌးေအာင္ထံခြင့္ျပဳေပးခဲ့ရာမွ ျပန္လည္ရုတ္သိမ္းခဲ့သျဖင့္ စာခ်ဳပ္ေဖာက္ဖ်က္သည္ ဆိုကာ ဦးေဌးေအာင္က တရားစြဲဆိုထားျခင္းျဖစ္သည္။ 

နန္းၿမိဳင္ဟုိတယ္အမႈႏွင့္ပတ္သက္၍ ႏုိင္ငံေတာ္သမၼတကုိ သက္ေသအျဖစ္ေခၚထားဟု ဦးေဌးေအာင္ေျပာ


ဦးေဌးေအာင္သည္ နန္းၿမဳိင္ဟုိတယ္ပိတ္သိမ္းခံရၿပီးေနာက္ပုိင္းတြင္ ဟုိတယ္ႏွင့္ခရီးသြား၀န္ႀကီးဌာနႏွင့္ အျငင္းပြားဖြယ္ရာကိစၥရပ္မ်ားျဖစ္ေပၚခဲ့ၿပီး ရန္ကုန္ၿမိဳ႕ရွိ ၄င္းပုိင္ေအာကစ္ဟုိတယ္ကုိလည္း ဟုိတယ္အျဖစ္မွ ေအာကစ္ေဟာက္စ္အျဖစ္ ေျပာင္းလဲခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode Version

နန်းမြိုင်ဟိုတယ်အမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကို သက်သေအဖြစ်ခေါ်ထားဟု ဦးဌေးအောင်ပြော

နန်းမြိုင်ဟိုတယ်အမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော်အကြီးအကဲများကို သက်သေအဖြစ်ခေါ်ထားကြောင်း အောကစ်ဟောက်စ်ပိုင်ရှင် ဦးဌေးအောင်ကပြောလိုက်သည်။
ရန်ကုန်မြို့ရှိ အောကစ်ဟောက်စ်တွင် ဧပြီလ ၁၀ ရက်က ကျင်းပသောသတင်းစာရှင်းလင်းပွဲအပြီးတွင် အကုန်သိသတင်းဌာနသို့ ဖြေကြားပေးခြင်းဖြစ်သည်။ 
“အားလုံး သက်သေ ၁၂ ယောက်ခေါ်တယ်။ တရားရုံးကိုတင်သွင်းတယ်။ တရားသူကြီးကလည်း လက်ခံတယ်။ လွန်ခဲ့တဲ့ ၆ လလောက်ကတင်လိုက်တာပါ။ နိုင်ငံတော်သမ္မတပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပါတယ်။ ဘယ်သူသိသလဲဆိုသူတို့သိတယ်ဆိုတာကို ကျွန်တော်ကတင်သွင်းထားခြင်းပဲဖြစ်တယ်။ သူတို့ကိုယ်တိုင်မလာလည်း ကိုယ်စားလှယ်လာရင်လာမှာပေါ့’’ဟု ဦးဌေးအောင်က ပြောသည်။
ဖြစ်စဉ်မှာ ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနသည် မူလ၌ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ရှိနန်းမြိုင်ဟိုတယ် ငှားရမ်းလုပ်ကိုင်ခွင့်ကို ဦးဌေးအောင်ထံခွင့်ပြုပေးခဲ့ရာမှ ပြန်လည်ရုတ်သိမ်းခဲ့သဖြင့် စာချုပ်ဖောက်ဖျက်သည် ဆိုကာ ဦးဌေးအောင်က တရားစွဲဆိုထားခြင်းဖြစ်သည်။ 
ဦးဌေးအောင်သည် နန်းမြိုင်ဟိုတယ်ပိတ်သိမ်းခံရပြီးနောက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနနှင့် အငြင်းပွားဖွယ်ရာကိစ္စရပ်များဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့ရှိ ၎င်းပိုင်အောကစ်ဟိုတယ်ကိုလည်း ဟိုတယ်အဖြစ်မှ အောကစ်ဟောက်စ်အဖြစ် ပြောင်းလဲခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။