Skip to main content
KNU ႏွင့္ တပ္မေတာ္တုိ႔ ဧၿပီလ ၁၂ ရက္တြင္ေတြ႔ဆုံမည္
Ads Block

KNU ႏွင့္ တပ္မေတာ္တုိ႔ ဧၿပီလ ၁၂ ရက္တြင္ေတြ႔ဆုံမည္

ကရင္အမ်ဳိးသားအစည္းအရုံး KNU ႏွင့္တပ္မေတာ္တုိ႔ တပ္ပုိင္းဆုိင္ရာကိစၥမ်ားေဆြးေႏြးရန္ ဧၿပီလ ၁၂ ရက္၌ ေနျပည္ေတာ္တြင္ ေတြ႔ဆုံမည္ျဖစ္ေၾကာင္း NRPC မွသတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ံုး (KNU)အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ပဒိုေစာတာဒိုမွဴး ဦးေဆာင္ေသာ ေတြ႕ဆံုေဆြးေႏြးေရးအဖြဲ႕သည္ လက္ရွိေျမျပင္တြင္ ျဖစ္ပြားေနသည့္ တပ္ပိုင္းဆိုင္ရာ အျငင္းပြားမႈမ်ား၏ အေျခခံအေၾကာင္းတရားမ်ားကိုအေျဖရွာ၍ တပ္ပိုင္းဆိုင္ရာေဆြးေႏြးပြဲမ်ား ျဖစ္ေပၚလာႏိုင္ေရး ရည္ရြယ္ကာ တပ္မေတာ္ဘက္မွတပ္ပိုင္းဆိုင္ရာညႇိႏိႈင္းေရးအဖြဲ႕ႏွင့္ ဧၿပီလ ၁၂ ရက္တြင္ ေတြ႕ဆံုသြားရန္ အဆိုျပဳထားေၾကာင္းသိရသည္။

KNU ႏွင့္ တပ္မေတာ္တုိ႔ ဧၿပီလ ၁၂ ရက္တြင္ေတြ႔ဆုံမည္


ဧၿပီ ၁၁ ရက္တြင္ NRPC ႏွင့္ေနျပည္ေတာ္တြင္ အလြတ္သေဘာေတြ႔ဆုံေဆြးေႏြးရာ၌ KNU အေနျဖင့္ NCA အပစ္ရပ္လမ္းေၾကာင္းအတုိင္းခုိင္ခုိင္မာမာဆက္လက္သြားရန္သံႏၷိဌာန္ခ်ထားေၾကာင္း၊ ႏုိင္ငံေရးယဥ္ေက်းမႈ အသစ္တစ္ရပ္အေနျဖင့္အခ်င္းခ်င္းအျပန္အလွန္အသိအမွတ္ျပဳမႈ ၊တူညီသည့္နားလည္မႈမ်ားျဖင့္ ေရွ႔ဆက္ တည္တံ့ခုိင္ၿမဲသည့္ၿငိမ္းခ်မ္းေရးကုိမည္သုိ႔သြားမည္ကုိေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း KNU မွ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ဖဒုိေစာတာဒုိမွဴးက ေျပာသည္။

KNU ႏွင့္ တပ္မေတာ္တုိ႔ ဧၿပီလ ၁၂ ရက္တြင္ေတြ႔ဆုံမည္


KNUသည္ ၂၀၁၅ ခုနွစ္၊ ေအာက္တုိဘာလ ၁၅ ရက္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ သေဘာတူစာခ်ဳပ္တြင္ ပါ၀င္လက္မွတ္ေရးထုိးသည့္တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၈ ဖြဲ႔တြင္ တစ္ဖြဲ႔ အပါအ၀င္ျဖစ္ၿပီး ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံတြင္ အေၾကာင္းအရာအခ်ိဳ႕ကိုလက္ခံရန္ ဆုိင္းငံ့ရာမွ ေဆြးေႏြးမႈမွယာယီရပ္ဆုိင္းခဲ့ျခင္းျဖစ္ၿပီးလက္ရွိတြင္ အလြတ္သေဘာေဆြးေႏြးမႈမ်ား၊ တရား၀င္ေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။
KNU မွ တပ္မဟာ ၅ ႏွင့္ တပ္မေတာ္တုိ႔သည္ ၂၀၁၈ ခုႏွစ္အတြင္း လမ္းေဖာက္မႈကိစၥႏွင့္ထိေတြ႔မႈ အနည္းငယ္ ရွိခဲ့သည္။


- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode Version

KNU နှင့် တပ်မတော်တို့ ဧပြီလ ၁၂ ရက်တွင်တွေ့ဆုံမည်

ကရင်အမျိုးသားအစည်းအရုံး KNU နှင့်တပ်မတော်တို့ တပ်ပိုင်းဆိုင်ရာကိစ္စများဆွေးနွေးရန် ဧပြီလ ၁၂ ရက်၌ နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း NRPC မှသတင်းထုတ်ပြန်ချက်အရ သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး ဦးဆောင်သော တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် လက်ရှိမြေပြင်တွင် ဖြစ်ပွားနေသည့် တပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများ၏ အခြေခံအကြောင်းတရားများကိုအဖြေရှာ၍ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ရေး ရည်ရွယ်ကာ တပ်မတော်ဘက်မှတပ်ပိုင်းဆိုင်ရာညှိနှိုင်းရေးအဖွဲ့နှင့် ဧပြီလ ၁၂ ရက်တွင် တွေ့ဆုံသွားရန် အဆိုပြုထားကြောင်းသိရသည်။
ဧပြီ ၁၁ ရက်တွင် NRPC နှင့်နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးရာ၌ KNU အနေဖြင့် NCA အပစ်ရပ်လမ်းကြောင်းအတိုင်းခိုင်ခိုင်မာမာဆက်လက်သွားရန်သံန္နိဌာန်ချထားကြောင်း၊ နိုင်ငံရေးယဉ်ကျေးမှု အသစ်တစ်ရပ်အနေဖြင့်အချင်းချင်းအပြန်အလှန်အသိအမှတ်ပြုမှု ၊တူညီသည့်နားလည်မှုများဖြင့် ရှေ့ဆက် တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးကိုမည်သို့သွားမည်ကိုဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU မှ အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောတာဒိုမှူးက ပြောသည်။
KNUသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တွင် တစ်ဖွဲ့ အပါအဝင်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အကြောင်းအရာအချို့ကိုလက်ခံရန် ဆိုင်းငံ့ရာမှ ဆွေးနွေးမှုမှယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင် အလွတ်သဘောဆွေးနွေးမှုများ၊ တရားဝင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
KNU မှ တပ်မဟာ ၅ နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်အတွင်း လမ်းဖောက်မှုကိစ္စနှင့်ထိတွေ့မှု အနည်းငယ် ရှိခဲ့သည်။


- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။