Skip to main content
သႀကၤန္အတြင္း sexy ဆန္ဆန္ ဓါတ္ပုံ ဗီဒီယုိနဲ႔ အရက္ေသာက္စားပုံေတြ လူမႈကြန္ရက္မွာတင္ရင္ ေထာင္ခ်မည္ 
Ads Block

သႀကၤန္အတြင္း sexy ဆန္ဆန္ ဓါတ္ပုံ ဗီဒီယုိနဲ႔ အရက္ေသာက္စားပုံေတြ လူမႈကြန္ရက္မွာတင္ရင္ ေထာင္ခ်မည္ 

ေဆာင္ခရန္ေရပြဲေတာ္ကာလအတြင္း ထုိင္းႏုိင္ငံရဲ႕လူမႈကြန္ရက္ေတြေပၚမွာ sexy ဆန္ဆန္ ၀တ္လစ္စားလစ္ ဓါတ္ပုံ ဗီဒီယုိေတြ ရုိက္တင္ျခင္း၊ ရုိင္းပ်တဲ့ အျပဳအမူေတြ တင္ျခင္းနဲ ့ အရက္ေသစာ ေသာက္စားၾကဖုိ ့ အမ်ားျပည္သူကုိ တုိက္တြန္းလႈံ႔ေဆာ္ျခင္း မ်ဳိးေတြ မလုပ္ၾကဖုိ ့ လူထုကုိ သတိေပးခဲ့ေၾကာင္း သိရပါတယ္။ 

သႀကၤန္အတြင္း sexy ဆန္ဆန္ ဓါတ္ပုံ ဗီဒီယုိနဲ႔ အရက္ေသာက္စားပုံေတြ လူမႈကြန္ရက္မွာတင္ရင္ ေထာင္ခ်မည္ 


စိတ္လြတ္ကိုယ္လြတ္ ေပ်ာ္ပါးၾကတဲ့ အခမ္းအနားေတြ၊ ေရေသနတ္တုိက္ပြဲေတြနဲ ့ လူသိမ်ားၾကတဲ့ ႏွစ္သစ္ကူးပြဲေတာ္ကာလအႀကိဳ ယမန္ေန ့မွာ ရဲတပ္ဖြဲ ့က သတိေပးခဲ့ရာမွာ           ယင္းကဲ့သုိ ့အျပဳအမူေတြဟာ ဥပေဒနဲ ့မညီဘဲ ေထာင္ဒဏ္ သုိ ့မဟုတ္ ေငြဒဏ္ခ်မွတ္ႏုိင္တဲ့ ျပစ္မႈေျမာက္ေၾကာင္း ဆုိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြက ေဆာင္ခရန္ပြဲေတာ္ကာလေတြအတြင္း ထုိင္း အမ်ဳိးသမီးငယ္ေတြနဲ ့ေလဒီဘြဳိင္းေတြဟာ လူမႈကြန္ရက္ေတြေပၚမွာ အျမင္မသင့္တဲ့ post ေတြ တင္ၾကတာကုိ ေတြ ့ခဲ့ရေၾကာင္း ထုိင္း နည္းပညာဆုိင္ရာ ရာဇ၀တ္မႈ ႏွိမ္နင္းေရးရဲတပ္ဖြဲ ့မွ လက္ေထာက္ရဲခ်ဳပ္ ရဲမွဴးႀကီး ဆရီ၀ပ္ ဒီပါ က ေျပာဆုိပါတယ္။ ေရကစားၾကသူေတြအေနနဲ ့ထုိင္းႏုိင္ငံရဲ႕ရုိးရာႏွစ္သစ္ကူးမွာ ယဥ္ေက်းေဖာ္ေရြစြာ ျပဳမႈဆက္ဆံၾကဖုိ ့၊ ဆက္သြယ္ေရးဥပေဒကုိ ခ်ဳိးေဖာက္မႈျဖစ္ေစတဲ့ အႏၱရာယ္မ်ားတဲ့ လုပ္ရပ္ေတြ ေရွာင္ရွားၾကဖုိ ့ ၄င္းက တုိက္တြန္းခဲ့ပါတယ္။ 
ေဆာင္ခရန္ပြဲေတာ္ ေရကစားၾကသူေတြအေနနဲ ့ လွ်ပ္ေပၚေလာ္လီလြန္းတဲ့ sex ဆန္ဆန္ ၀တ္စားဆင္ယင္ကာ ဗီဒီယုိ ဓါတ္ပုံေတြ ရုိက္တင္ျခင္း၊ ယင္း ဗီဒီယုိ ဓါတ္ပုံေတြကုိ မွ်ေ၀ျခင္း ျပဳခဲ့ပါက ေထာင္ဒဏ္ အမ်ားဆုံး ၅ ႏွစ္နဲ ့ ဒဏ္ေငြ အမ်ားဆုံး ဘတ္ ၁ သိန္းထိ က်ခံရႏုိင္တဲ့ ဆက္သြယ္ေရးဥပေဒခ်ဳိးေဖာက္မႈစြဲခ်က္နဲ ့ ရင္ဆုိင္ရႏုိင္ေၾကာင္း ဆရီ၀ပ္က ရွင္းျပခဲ့ပါတယ္။ ဒါ့အျပင္ အျခားသူေတြကုိ အရက္ေသစာေသာက္စားၾကဖုိ ့ လူမႈကြန္ရက္ ေတြမွာ post တင္ကာ ဖိတ္ေခၚ ေဆာ္ၾသသူေတြဟာလည္း အေဖ်ာ္ယမကာ ထိန္းခ်ဳပ္ေရး ဥပေဒအရ ေထာင္ဒဏ္ အမ်ားဆုံး ၁ ႏွစ္နဲ ့ ဒဏ္ေငြ အမ်ားဆုံး ဘတ္ ၅ သိန္း က်ခံရႏုိင္တယ္လုိ ့ ၄င္းက ေျပာဆုိခဲ့ပါတယ္။ 
ထုိင္းႏုိင္ငံ ႏွစ္သစ္ကူး ေဆာင္ခရန္ေရပြဲေတာ္ကုိ ဧၿပီ ၁၂ ရက္ေန ့ကေန ၁၆ ရက္ေန ့အထိ က်င္းပသြားမွာျဖစ္ၿပီး ကမာၻလွည့္ခရီးသြားဧည့္သည္ သန္းခ်ီလာေရာက္ၾကမယ္လုိ ့ အာဏာပုိင္ေတြက ေမွ်ာ္မွန္းထားပါတယ္။

- ကိုလင္း (အကုန္သိ သတင္းဌာန)  | Ref: The Nation 

 

Unicode Version

သြင်္ကန်အတွင်း sexy ဆန်ဆန် ဓါတ်ပုံ ဗီဒီယိုနဲ့ အရက်သောက်စားပုံတွေ လူမှုကွန်ရက်မှာတင်ရင် ထောင်ချမည် 

ဆောင်ခရန်ရေပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံရဲ့လူမှုကွန်ရက်တွေပေါ်မှာ sexy ဆန်ဆန် ဝတ်လစ်စားလစ် ဓါတ်ပုံ ဗီဒီယိုတွေ ရိုက်တင်ခြင်း၊ ရိုင်းပျတဲ့ အပြုအမူတွေ တင်ခြင်းနဲ့ အရက်သေစာ သောက်စားကြဖို့ အများပြည်သူကို တိုက်တွန်းလှုံ့ဆော်ခြင်း မျိုးတွေ မလုပ်ကြဖို့ လူထုကို သတိပေးခဲ့ကြောင်း သိရပါတယ်။ 
စိတ်လွတ်ကိုယ်လွတ် ပျော်ပါးကြတဲ့ အခမ်းအနားတွေ၊ ရေသေနတ်တိုက်ပွဲတွေနဲ့ လူသိများကြတဲ့ နှစ်သစ်ကူးပွဲတော်ကာလအကြို ယမန်နေ့မှာ ရဲတပ်ဖွဲ့က သတိပေးခဲ့ရာမှာ           ယင်းကဲ့သို့အပြုအမူတွေဟာ ဥပဒေနဲ့မညီဘဲ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှုမြောက်ကြောင်း ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဆောင်ခရန်ပွဲတော်ကာလတွေအတွင်း ထိုင်း အမျိုးသမီးငယ်တွေနဲ့လေဒီဘွိုင်းတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ အမြင်မသင့်တဲ့ post တွေ တင်ကြတာကို တွေ့ခဲ့ရကြောင်း ထိုင်း နည်းပညာဆိုင်ရာ ရာဇဝတ်မှု နှိမ်နင်းရေးရဲတပ်ဖွဲ့မှ လက်ထောက်ရဲချုပ် ရဲမှူးကြီး ဆရီဝပ် ဒီပါ က ပြောဆိုပါတယ်။ ရေကစားကြသူတွေအနေနဲ့ထိုင်းနိုင်ငံရဲ့ရိုးရာနှစ်သစ်ကူးမှာ ယဉ်ကျေးဖော်ရွေစွာ ပြုမှုဆက်ဆံကြဖို့၊ ဆက်သွယ်ရေးဥပဒေကို ချိုးဖောက်မှုဖြစ်စေတဲ့ အန္တရာယ်များတဲ့ လုပ်ရပ်တွေ ရှောင်ရှားကြဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။ 
ဆောင်ခရန်ပွဲတော် ရေကစားကြသူတွေအနေနဲ့ လျှပ်ပေါ်လော်လီလွန်းတဲ့ sex ဆန်ဆန် ဝတ်စားဆင်ယင်ကာ ဗီဒီယို ဓါတ်ပုံတွေ ရိုက်တင်ခြင်း၊ ယင်း ဗီဒီယို ဓါတ်ပုံတွေကို မျှဝေခြင်း ပြုခဲ့ပါက ထောင်ဒဏ် အများဆုံး ၅ နှစ်နဲ့ ဒဏ်ငွေ အများဆုံး ဘတ် ၁ သိန်းထိ ကျခံရနိုင်တဲ့ ဆက်သွယ်ရေးဥပဒေချိုးဖောက်မှုစွဲချက်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း ဆရီဝပ်က ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် အခြားသူတွေကို အရက်သေစာသောက်စားကြဖို့ လူမှုကွန်ရက် တွေမှာ post တင်ကာ ဖိတ်ခေါ် ဆော်သြသူတွေဟာလည်း အဖျော်ယမကာ ထိန်းချုပ်ရေး ဥပဒေအရ ထောင်ဒဏ် အများဆုံး ၁ နှစ်နဲ့ ဒဏ်ငွေ အများဆုံး ဘတ် ၅ သိန်း ကျခံရနိုင်တယ်လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။ 
ထိုင်းနိုင်ငံ နှစ်သစ်ကူး ဆောင်ခရန်ရေပွဲတော်ကို ဧပြီ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည် သန်းချီလာရောက်ကြမယ်လို့ အာဏာပိုင်တွေက မျှော်မှန်းထားပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref: The Nation 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။