Skip to main content
စားေသာက္မႈပုံစံ မွားယြင္းခ်ိဳ႕တဲ့ျခင္းဟာ က်န္းမာေရးကုိ ေဆးလိပ္ေသာက္ျခင္းထက္ ပုိထိခုိက္ေၾကာင္း ထပ္မံေတြ႕ရွိ
Ads Block

စားေသာက္မႈပုံစံ မွားယြင္းခ်ိဳ႕တဲ့ျခင္းဟာ က်န္းမာေရးကုိ ေဆးလိပ္ေသာက္ျခင္းထက္ ပုိထိခုိက္ေၾကာင္း ထပ္မံေတြ႕ရွိ

စားေသာက္မႈပုံစံ မွားယြင္းခ်ဳိ႕တဲ့ျခင္းဟာလည္း က်န္းမာေရးျပႆနာတစ္ရပ္ျဖစ္ေနၿပီး ၄င္းေၾကာင့္ ႏွစ္စဥ္ လူ ၁၁ သန္းခန္႔ အ႐ြယ္မတုိင္ခင္ေသဆုံးေနရေၾကာင္း ေလ့လာမႈတစ္ခုမွာ က်န္းမာေရး ပညာရွင္ေတြ ေတြ႕ရွိခဲ့ၾကပါတယ္။
The Lancet ေဆးသိပၸံဂ်ာနယ္က ျပဳစုခဲ့တဲ့ ေလ့လာဆန္းစစ္မႈအရ ေန႔စဥ္စားေသာက္မႈပုံစံဟာ က်န္းမာေရးကုိ ေဆးလိပ္ေသာက္ျခင္းထက္ ပုိထိခုိက္ေစႏုိင္တဲ့အျပင္ အ႐ြယ္မတုိင္ခင္ေသဆုံးရသူ ငါးေယာက္လွ်င္ တစ္ေယာက္ႏႈန္းျဖင့္ ပါဝင္ဆက္ႏြယ္ေနေၾကာင္း ေတြ႕ရပါတယ္။
ထုိေလ့လာမႈဟာ အဝလြန္ျခင္းအေၾကာင္းမဟုတ္ဘဲ အရည္အေသြးမျပည့္မီတဲ့ စားေသာက္မႈပုံစံနဲ႔ ႏွလုံးေရာဂါ၊ ကင္ဆာေရာဂါတုိ႔ၾကား ဆက္စပ္မႈကုိ ေဖၚထုတ္ဆက္စပ္ၾကည့္ခဲ့တာပါ။

စားေသာက္မႈပုံစံ မွားယြင္းခ်ိဳ႕တဲ့ျခင္းဟာ က်န္းမာေရးကုိ ေဆးလိပ္ေသာက္ျခင္းထက္ ပုိထိခုိက္ေၾကာင္း ထပ္မံေတြ႕ရွိ

၄င္းမွာ ဆားအစား လြန္ကဲျခင္းဟာ အဓိကလက္သည္ျဖစ္ၿပီး ႏွစ္စဥ္ လူ ၃ သန္းကုိ ေသေစ ေနေၾကာင္း ေတြ႕ခဲ့ရပါတယ္။ အႏွံနဲ႔သစ္သီးစားသုံးမႈ နည္းလြန္းျခင္းဟာလည္း ၃ သန္းနဲ႔ ၂ သန္းႏႈန္း အသီးသီးျဖင့္ ေသေစေနပါတယ္။
အဆံ၊ အေစ့၊ အမွ်င္၊ ဟင္းသီးဟင္း႐ြက္နဲ႔ Omega-3 အဆီဓါတ္ စားသုံးမႈ နည္းလြန္းျခင္းတုိ႔ကလည္း အျခားအဓိကအေၾကာင္းအရင္းမ်ားမွာ ျဖစ္ေနပါတယ္။
စားေသာက္မႈပုံစံေၾကာင့္ ေသဆုံးရသူ ၁၁ သန္းတြင္ ၁၀ သန္းခန္႔ဟာ ႏွလုံးေသြးေၾကာေရာဂါမ်ားျဖင့္ ေသဆုံးခဲ့ရၿပီး က်န္ ၁ သန္းကေတာ့ ကင္ဆာနဲ႔ဆီးခ်ိဳေၾကာင့္ ေသဆုံးခဲ့ရပါတယ္။
ႏွလုံးေသြးေၾကာေရာဂါအတြက္မွာ ဆားက အဓိကလက္သည္ျဖစ္ေနၿပီး ၄င္းကုိ လြန္ကဲစြာစားသုံးပါက ႏွလုံးေရာဂါအျပင္ ေလျဖတ္ႏုိင္ပါတယ္။ အႏွံ၊ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြကေတာ့ ဆားနဲ႔ ဆန္႔က်င္ဖက္ျဖစ္ၿပီး ႏွလုံးေရာဂါျဖစ္ပြားႏုိင္ေျခေတြကုိ ေလွ်ာ့ခ်ေပးပါတယ္။

စားေသာက္မႈပုံစံ မွားယြင္းခ်ိဳ႕တဲ့ျခင္းဟာ က်န္းမာေရးကုိ ေဆးလိပ္ေသာက္ျခင္းထက္ ပုိထိခုိက္ေၾကာင္း ထပ္မံေတြ႕ရွိ

အေစ့အဆံေတြဟာလည္း က်န္းမာေရးနဲ႔ ညီၫြတ္ေပမယ့္ ေစ်းႀကီး ၊ တကူးတကဆန္လြန္းတဲ့အျပင္ အဆီဓါတ္မ်ားသည္ဟု ထင္ျမင္ၾကတာေၾကာင့္ စားသုံးမႈ မတြင္က်ယ္လွပါဘူး။
အဆီ၊ သၾကားနဲ႔ အသင့္စားႏုိင္ရန္ စီမံထားတဲ့ အသားေတြဟာ က်န္းမာေရးကုိ ထိခုိက္ေစေၾကာင္း လူသိမ်ားေပမယ့္ တကယ္တမ္းမွာ အႏွံ၊ သစ္သီး၊ အေစ့၊ အဆံနဲ႔ ဟင္းသီးဟင္း႐ြက္စားသုံးမႈ နည္းပါးျခင္းက ပုိၿပီးျပႆနာေပးေနတယ္လုိ႔ ကမာၻ႕က်န္းမာေရးသုေတသီ ပါေမာကၡ ခရစၥတုိဖာ ေမာ္ေရးက ေျပာၾကားခဲ့ပါတယ္။
သုိ႔ရာတြင္ ၄င္းကုိ ကုိင္တြယ္ရာမွာ ေငြဟာ အတားအဆီးႀကီးတစ္ခု ျဖစ္ေနပါတယ္။ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္မ်ား မွန္မွန္စားသုံးျခင္းဟာ မဖြံ႕ၿဖိဳးေသးတဲ့ႏုိင္ငံေတြရဲ႕ မိသားစုေတြအဖုိ႔ ေန႔စဥ္ေစ်းဖုိးရဲ႕တစ္ဝက္ခန္႔ ပုိကုန္က်ႏုိင္ေနပါတယ္။

 - ZHO (အကုန္သိ သတင္းဌာန)

Unicode version

စားသောက်မှုပုံစံ မှားယွင်းချို့တဲ့ခြင်းဟာ ကျန်းမာရေးကို ဆေးလိပ်သောက်ခြင်းထက် ပိုထိခိုက်ကြောင်း ထပ်မံတွေ့ရှိ

စားသောက်မှုပုံစံ မှားယွင်းချို့တဲ့ခြင်းဟာလည်း ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်နေပြီး ၎င်းကြောင့် နှစ်စဉ် လူ ၁၁ သန်းခန့် အရွယ်မတိုင်ခင်သေဆုံးနေရကြောင်း လေ့လာမှုတစ်ခုမှာ ကျန်းမာရေး ပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။
The Lancet ဆေးသိပ္ပံဂျာနယ်က ပြုစုခဲ့တဲ့ လေ့လာဆန်းစစ်မှုအရ နေ့စဉ်စားသောက်မှုပုံစံဟာ ကျန်းမာရေးကို ဆေးလိပ်သောက်ခြင်းထက် ပိုထိခိုက်စေနိုင်တဲ့အပြင် အရွယ်မတိုင်ခင်သေဆုံးရသူ ငါးယောက်လျှင် တစ်ယောက်နှုန်းဖြင့် ပါဝင်ဆက်နွယ်နေကြောင်း တွေ့ရပါတယ်။
ထိုလေ့လာမှုဟာ အဝလွန်ခြင်းအကြောင်းမဟုတ်ဘဲ အရည်အသွေးမပြည့်မီတဲ့ စားသောက်မှုပုံစံနဲ့ နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကြား ဆက်စပ်မှုကို ဖေါ်ထုတ်ဆက်စပ်ကြည့်ခဲ့တာပါ။
၎င်းမှာ ဆားအစား လွန်ကဲခြင်းဟာ အဓိကလက်သည်ဖြစ်ပြီး နှစ်စဉ် လူ ၃ သန်းကို သေစေ နေကြောင်း တွေ့ခဲ့ရပါတယ်။ အနှံနဲ့သစ်သီးစားသုံးမှု နည်းလွန်းခြင်းဟာလည်း ၃ သန်းနဲ့ ၂ သန်းနှုန်း အသီးသီးဖြင့် သေစေနေပါတယ်။
အဆံ၊ အစေ့၊ အမျှင်၊ ဟင်းသီးဟင်းရွက်နဲ့ Omega-3 အဆီဓါတ် စားသုံးမှု နည်းလွန်းခြင်းတို့ကလည်း အခြားအဓိကအကြောင်းအရင်းများမှာ ဖြစ်နေပါတယ်။
စားသောက်မှုပုံစံကြောင့် သေဆုံးရသူ ၁၁ သန်းတွင် ၁၀ သန်းခန့်ဟာ နှလုံးသွေးကြောရောဂါများဖြင့် သေဆုံးခဲ့ရပြီး ကျန် ၁ သန်းကတော့ ကင်ဆာနဲ့ဆီးချိုကြောင့် သေဆုံးခဲ့ရပါတယ်။
နှလုံးသွေးကြောရောဂါအတွက်မှာ ဆားက အဓိကလက်သည်ဖြစ်နေပြီး ၎င်းကို လွန်ကဲစွာစားသုံးပါက နှလုံးရောဂါအပြင် လေဖြတ်နိုင်ပါတယ်။ အနှံ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ဆားနဲ့ ဆန့်ကျင်ဖက်ဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေတွေကို လျှော့ချပေးပါတယ်။
အစေ့အဆံတွေဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ဈေးကြီး ၊ တကူးတကဆန်လွန်းတဲ့အပြင် အဆီဓါတ်များသည်ဟု ထင်မြင်ကြတာကြောင့် စားသုံးမှု မတွင်ကျယ်လှပါဘူး။
အဆီ၊ သကြားနဲ့ အသင့်စားနိုင်ရန် စီမံထားတဲ့ အသားတွေဟာ ကျန်းမာရေးကို ထိခိုက်စေကြောင်း လူသိများပေမယ့် တကယ်တမ်းမှာ အနှံ၊ သစ်သီး၊ အစေ့၊ အဆံနဲ့ ဟင်းသီးဟင်းရွက်စားသုံးမှု နည်းပါးခြင်းက ပိုပြီးပြဿနာပေးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးသုတေသီ ပါမောက္ခ ခရစ္စတိုဖာ မော်ရေးက ပြောကြားခဲ့ပါတယ်။
သို့ရာတွင် ၎င်းကို ကိုင်တွယ်ရာမှာ ငွေဟာ အတားအဆီးကြီးတစ်ခု ဖြစ်နေပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ မှန်မှန်စားသုံးခြင်းဟာ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေရဲ့ မိသားစုတွေအဖို့ နေ့စဉ်ဈေးဖိုးရဲ့တစ်ဝက်ခန့် ပိုကုန်ကျနိုင်နေပါတယ်။

 - ZHO (အကုန်သိ သတင်းဌာန)

Ref: bbc 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။