Skip to main content
ရခုိင္
Ads Block

အက်ဳိးစီးပြားကိုယ္စီနဲ ့ရခုိင္ျပည္နယ္ ဘယ္ေတာ့ ေအးခ်မ္းမယ္ထင္သလဲ

" ရခုိင္မွာ စစ္ေဘးေရွာင္မယ္ဆုိရင္ ပုိက္လုိင္းၾကီးနားကုိသြား၊ ေသနတ္က်ည္ တစ္ခ်က္ေတာင္ မက်ေစရဘူး " 
ရခုိင္ျပည္နယ္ထဲမွာ AA လက္နက္ကုိင္အဖြဲ ့နဲ ့တပ္မေတာ္တုိ ့ထိေတြ ့တုိက္ပြဲေတြ ဆက္တုိက္ျဖစ္ေနေတာ့ စစ္ေဘးေရွာင္ေတြဆုိတာ ေပၚလာရျပန္ပါတယ္။ ဒီလုိ စစ္ေဘးေရွာင္ေတြအတြက္ ေသခ်ာေပါက္ ေသနတ္က်ည္မက်မယ့္ ေနရာက ေက်ာက္ျဖဴ-ကူမင္း ေရနံနဲ ့သဘာ၀ဓါတ္ေငြ ့ပုိက္လုိင္းၾကီး ရွိရာအနီးတစ္၀ုိက္လုိ ့ဟာသဆန္ဆန္နဲ ့ပဲ တကယ့္ေျမျပင္အေျခအေနကုိ ေျပာဆုိေရးသားလာၾကသူေတြ ရွိလာပါတယ္။ တကယ္လည္း ႏွစ္ဖက္ထိေတြ ့တုိက္ပြဲေတြမွာ ေက်ာက္ျဖဴ-ကူမင္း ေရနံပုိက္လုိင္းၾကီးေတြအနီးတစ္၀ုိက္ကုိ ေသနတ္က်ည္ဆန္က်တာမ်ဳိး ၾကားလည္း မၾကားဖူးခဲ့ေလေတာ့ ဟာသဆန္ဆန္ျမင္တတ္သူေတြကလည္း ျမင္တတ္လာတာ မဆန္းပါဘူး။

AA လက္နက္ကုိင္အဖြဲ ့ဘယ္က စတင္သလဲ
ဒါကေတာ့ ေတာ္ေတာ္မ်ားမ်ား သတိျပဳမိထားတဲ့ကိစၥပါ။ အလြယ္ေျပာရရင္ေတာ့ ကခ်င္ KIA ဆီကေနတစ္ဆင့္ စစ္ပညာသင္ၾကားျပီးေတာ့ ထြန္းျမတ္ႏုိင္ဆုိတဲ့ ရခုိင္တုိင္းရင္းသား ပညာတတ္တစ္ဦးက ဗုိလ္ခ်ဳပ္ဘြဲ ့ခံျပီး စတင္ျမစ္ဖ်ားခံလာတာလုိ ့ဆုိႏုိင္ပါတယ္။ တကယ္ေတာ့ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ဆုိတာဟာလည္း AA လက္နက္ကုိင္အဖြဲ ့ကုိ စတင္ထူေထာင္သူ မဟုတ္ခဲ့ပါဘူး။ သူ ့အရင္ကတည္းက KIA ရဲ ့လက္ေအာက္ခံျဖစ္ေနတဲ့ ေက်ာ္ဟန္ဆုိသူက ၂၀၀၉ ခုႏွစ္မွာပဲ ထြန္းျမတ္ႏုိင္နဲ ့ညိဳထြန္းေအာင္တုိ ့အပါအ၀င္(၉)ဦးကုိ ဆက္သြယ္ေခၚယူျပီးေတာ့ ေတာခုိခဲ့ၾကတာမ်ဳိးပါ။ အဲဒါအျပင္ ဖားကန္ ့နယ္ေျမမွာ ေက်ာက္တူးေနတဲ့ လင္းသစ္နဲ ့ေစာမြန္ေအာင္တုိ ့ကုိေရာ အျခားသူေတြကုိပါ ဆက္သြယ္ေခၚယူျပီးေတာ့ KIA ရဲ ့လက္ေအာက္ခံ AA လက္နက္ကုိင္တပ္ဖြဲ ့အျဖစ္နဲ ့အင္အား ၂၆ ဦးထက္မနည္း စတင္ဖြဲ ့စည္းခဲ့တာမ်ဳိးလုိ ့သိရပါတယ္။ ေခတ္ပညာတတ္ျဖစ္တဲ့ ထြန္းျမတ္ႏုိင္နဲ ့ညိဳထြန္းေအာင္ကေတာ့ AA အဖြဲ ့မွာ ေခါင္းေဆာင္၊ ဒုေခါင္းေဆာင္အျဖစ္နဲ ့ေရြးခ်ယ္တင္ေျမွာက္ခံရျပီးေတာ့မွ သူတုိ ့ကုိယ္တုိင္ကလည္း တကယ့္ AA လက္နက္ကုိင္အဖြဲ ့ၾကီးတစ္ခုလုိ တည္ေဆာက္လာခ်ိန္မွာပဲ စစ္ဦးစီးခ်ဳပ္နဲ ့ဒုတိယစစ္ဦးစီးခ်ဳပ္ေတြအျဖစ္ ကုိယ္တုိင္ခန္ ့အပ္တာ၀န္ယူခဲ့ၾကတာမ်ဳိးလုိ ့လည္း သတင္းအခ်က္အလက္ေတြမွာ ေတြ ့ေနရပါတယ္။ AA အဖြဲ ့ဟာ ကခ်င္ျပည္နယ္ထဲမွာ ေက်ာက္တူးဖုိ ့လာတဲ့ ရခုိင္တုိင္းရင္းသားေတြကုိ ရခုိင္ဘုရင့္ႏုိင္ငံေတာ္ဆုိတဲ့ေခါင္းစဥ္နဲ ့စည္းရုံးျပီးေတာ့ လူသစ္စုေဆာင္းၾကပါတယ္။ AA အဖြဲ ့မူလ ေပၚေပါက္လာပုံကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္းက ျဖစ္ခဲ့တာဆုိေပမယ့္ ၂၀၀၉ ကေန ၂၀၁၄ ေလာက္အထိ AA ကုိ ဘယ္အဖြဲ ့အစည္းကမွ တူတူတန္တန္သေဘာထားခဲ့တာမ်ဳိး မရွိပါဘူး။ အထူးသျဖင့္ အစုိးရနဲ ့တပ္မေတာ္ဘက္ကဆုိရင္ AA ကုိ ရွိတယ္လုိ ့မမွတ္ဘဲ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ စာရင္းထဲကုိ မသြင္းတဲ့အျပင္ သူပုန္ဓါးျမအဖြဲ ့၊ KIA ေနာက္ဆြဲ ခုိင္းဘက္အဖြဲ ့သေဘာမ်ဳိး သတ္မွတ္ခဲ့ၾကတာပါ။ KIA သာ ျငိမ္းခ်မ္းေရးမွာ ပါလာရင္ AA ဆုိတာ အလုိလုိ ေပ်ာက္သြားလိမ့္မယ္လုိ ့အထင္ရွိခဲ့ပုံပါပဲ။ 

AA လက္နက္ကုိင္အဖြဲ ့ရဲ ့ေျခလွမ္းမ်ား
ဗုိလ္ခ်ဳပ္ ထြန္းျမတ္ႏုိင္နဲ ့ညိဳထြန္းေအာင္တုိ ့ဟာ AA လက္နက္ကုိင္အဖြဲ ့အတြက္ တကယ္ကုိပဲ ထက္ျမက္တဲ့ေခါင္းေဆာင္မႈ ေပးႏုိင္သူေတြလုိ ့ဆုိရမွာပါ။ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၄ ေလာက္အထိ ဘယ္သူမွအသိအမွတ္ျပဳမခံရတဲ့ သာမန္အဖြဲ ့ငယ္ေလးဘ၀ကေန ယေန ့၂၀၁၉ မွာ အားလုံးက သတိထားလာရတဲ့ လက္နက္ကုိင္အဖြဲ ့ၾကီးတစ္ခုလုိမ်ဳိး ျဖစ္လာတာဟာ ေညာင္ျမစ္ဥပမာလုိမ်ဳိး ျဖည္းျဖည္းခ်င္း စိတ္ရွည္လက္ရွည္ရစ္ပတ္လာခဲ့တာေၾကာင့္လုိ ့ ဆုိႏုိင္ပါတယ္။ သမၼတဦးသိန္းစိန္လက္ထက္ ၂၀၁၁ တုန္းကတည္းက စတင္ခဲ့တဲ့ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ AA လက္နက္ကုိင္အဖြဲ ့ပါ၀င္ေဆြးေႏြးခြင့္ရေစဖုိ ့အတြက္ ၀ုိင္း၀န္းၾကိဳးပမ္းေပးခဲ့ၾကတဲ့အဖြဲ ့ေတြလည္း ရွိခဲ့ပါတယ္။ အဲဒီတုန္းကတည္းက AA ဟာ ႏုိင္ငံေရးရည္မွန္းခ်က္ သိပ္ၾကီးလြန္းတယ္ဆုိတာကုိ သိသာေစခဲ့ပါတယ္။ သမၼတ ဦးသိန္းစိန္သက္တမ္းသာ ကုန္သြားခဲ့ေပမယ့္ AA ဟာ တူတူတန္တန္ဖိတ္ၾကားမခံခဲ့ရသလုိ ၊ AA ေခါင္းေဆာင္ ထြန္းျမတ္ႏုိင္ဟာလည္း တရုတ္နယ္စပ္နဲ ့ထုိင္းနယ္စပ္တစ္လႊားမွာ က်င္းပခဲ့ၾကတဲ့ လက္နက္ကုိင္အဖြဲ ့အစည္းေတြရဲ ့အစည္းအေ၀းေတြကုိသာ လွည့္ပတ္တက္ရင္း အခ်ိန္ကုန္ေနခဲ့ရတာပါ။ မွတ္မွတ္ရရ တစ္ေခါက္မွာေတာ့ တရုတ္အစုိးရရဲ ့အေရးပါဆုံး ျငိမ္းခ်မ္းေရးပြဲစားၾကီး ဆုန္ ့ေကာ္ရွင္းနဲ ့" ၀ " နယ္ေျမထဲမွာ ဆုံျဖစ္ခဲ့တာဟာ AA ကုိပုိျပီး သန္မာလာေစဖုိ ့လမ္းစျဖစ္ခဲ့တယ္လုိ ့ဆုိႏုိင္ပါတယ္။ ဒါေပမဲ့ ျငိမ္းခ်မ္းေရးစားပြဲ၀ုိင္းမွာ ၀င္ထုိင္ဖုိ ့အတြက္ နယ္ေျမဆုိတဲ့ ထုိင္ခုံမရွိတာဟာ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္အတြက္ ေသခ်ာေပါက္လုပ္ရမယ့္အလုပ္ကုိ သိသြားေစခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ၂၀၁၅ ေလာက္ကတည္းက ကခ်င္နယ္ေျမထဲကေန တျဖည္းျဖည္းခ်င္း ဆုတ္ခြာျပီးေတာ့ ရခုိင္ျပည္နယ္နဲ ့ဘဂၤလားေဒ့ရွ္နယ္စပ္၊ ခ်င္းျပည္နယ္ နယ္စပ္တစ္ေက်ာမွာ နယ္ေျမေျခကုပ္ရဖုိ ့ၾကိဳးစားလာခဲ့လုိ ့တြက္ဆရမွာပါ။ တကယ္ေတာ့ ဒီမတုိင္မီကတည္းက ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ ့AA လက္နက္ကုိင္အဖြဲ ့မူ၀ါဒနဲ ့ေရွ ့လုပ္ငန္းစဥ္ထဲမွာ ရခုိင္ျပည္နယ္အတြင္း တစ္ေနရာမွာ နယ္ေျမေျခကုပ္ရဖုိ ့ဆုိတာ ပါကုိပါလာတဲ့သေဘာပါ။ အခ်ိန္ကုိက္ဆုိသလုိ တရုတ္ မင္းသားၾကီး ဆုန္ ့ေကာ္ရွင္းနဲ ့ေတြ ့ဆုံမႈေတြ ခပ္စိတ္စိတ္ျဖစ္လာခဲ့ခ်ိန္မွာေတာ့ တရုတ္-ျမန္မာ ပုိက္လုိင္းစီမံကိန္းရဲ ့ရခုိင္ျပည္နယ္အျခမ္း ေတာတြင္းေဒသေတြဟာ AA အတြက္ မ်က္စိက်စရာျဖစ္လာခဲ့ပါတယ္။ သူတုိ ့အခ်င္းခ်င္းၾကားမွာ အေပးအယူေတြကေတာ့ ေသခ်ာေပါက္ ရွိေနႏုိင္ပါတယ္။ ေက်ာက္ျဖဴ-ကူမင္း ေရနံနဲ ့သဘာ၀ဓါတ္ေငြ ့ပုိက္လုိင္းစီမံကိန္းဟာ ၂၀၁၃ ႏွစ္ကုန္ပုိင္းမွာ ေရနံေတြစျပီး တရုတ္ကုိ ပုိ ့လႊတ္ပါတယ္။ အလားတူပဲ ေနာက္တစ္ႏွစ္ေတာင္မၾကာခင္မွာပဲ သဘာ၀ဓါတ္ေငြ ့ေတြပါ ပုိ ့လႊတ္ပါတယ္။ ဒီပုိက္လုိင္းၾကီးကုိ ဘယ္သူကမွ လာေရာက္ဒုကၡမေပးႏုိင္ေအာင္ တရုတ္ႏုိင္ငံဘက္က စဥ္းစားပုံစဥ္းစားနည္းေတြ ရွိမွာပါ။ ဒီအတြက္ AA က ထုိက္တန္တဲ့ေငြေၾကးနဲ ့တာ၀န္ထမ္းေဆာင္ဖုိ ့စိတ္၀င္စားပုံလည္း ရႏုိင္ပါတယ္။ AA အတြက္ကေတာ့ နယ္ေျမထုိင္ခုံလည္း ရမွာျဖစ္သလုိ ေနာက္ခံေငြေၾကးလည္း အတုိင္းအတာတစ္ခုအထိ အဆင္ေျပေစမွာျဖစ္တဲ့အတြက္ လက္နက္ကုိင္အဖြဲ ့ၾကီးတစ္ခု ျဖစ္လာေလေလ စီးပြားေရးအားက ေကာင္းလာေလေလ ဆုိတဲ့ေခါင္းစဥ္ေအာက္ကို တစ္ဆင့္ျပီးတစ္ဆင့္ ေရာက္သြားတဲ့သေဘာမ်ဳိးပါ။ ဒီအတြက္ AA ဟာ ရခုိင္ျပည္နယ္ထဲက ႏုိင္ငံေရးပါတီထိပ္တန္းေခါင္းေဆာင္ေတြနဲ ့လည္း ထိေတြ ့မႈ လုပ္ပါတယ္။ ဥပမာအားျဖင့္ ၂၀၁၆ ခုႏွစ္ ဧျပီလကုန္ပုိင္းမွာ က်င္းပတဲ့ ေက်ာက္ျဖဴညီလာခံ(ရခုိင္ႏုိင္ငံေတာ္) ကုိ တက္ေရာက္ျပီးေတာ့ ရခုိင္ႏုိင္ငံေရးေခါင္းေဆာင္ေတြျဖစ္တဲ့ ေဒါက္တာေအးေမာင္တုိ ့ကုိပါ ေတြ ့ဆုံစကားေျပာဆုိ ရင္ခ်င္းကပ္ထားႏုိင္ခဲ့တာမ်ဳိးပါ။ ဒီေတာ့ AA လက္နက္ကုိင္အဖြဲ ့နဲ ့ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ဟာ တကယ္ကုိပဲ ႏုိင္ငံေရးရည္မွန္းခ်က္ၾကီးတဲ့ လက္နက္ကုိင္အဖြဲ ့တစ္ခု ျဖစ္လာသလုိ လက္ရွိ NLD အစုိးရလက္ထက္မွာေတာ့ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ ့ေတြထဲမွာ အစြာဆုံးအဖြဲ ့ျဖစ္လာပါတယ္။

AA လက္နက္ကုိင္အဖြဲ ့နဲ ့ရခုိင္တုိင္းရင္းသားတုိ ့ရဲ ့စိတ္ဆႏၵမ်ား
AA လက္နက္ကုိင္အဖြဲ ့ေပၚေပါက္လာျပီးတဲ့ေနာက္ တစ္ႏွစ္ေက်ာ္အတြင္းမွာပဲ ရခုိင္တုိင္းရင္းသားေတြရဲ ့ရင္ထဲမွာ AA က အလုိလုိေရာက္သြားတာကေတာ့ အေသအခ်ာပါပဲ။ ရခုိင္တုိင္းရင္းသားေတြနဲ ့ပတ္သက္ရင္ အျခားေသာတုိင္းရင္းသားေတြဆီက လာတဲ့စကားသံေတြအရ ရခုိင္ေတြဟာ အျခားတုိင္းရင္းသားေတြထက္ ပုိျပီး စိတ္ဓါတ္အယူအဆျပင္းထန္ၾကတယ္ဆုိတာေလးပါ။ ဒါ့အျပင္ ရခုိင္တစ္ေယာက္က အျခားတုိင္းရင္းသားတစ္ေယာက္နဲ ့ေတြ ့ရင္ အထူးသျဖင့္ ဗမာတစ္ေယာက္နဲ ့ေတြ ့ရင္ ဗမာေတြမေကာင္းေၾကာင္းကုိ ရဲရဲ၀ံ့၀ံ့ေျပာရဲၾကသလုိ ရခုိင္ ႏွစ္ေယာက္သုံးေယာက္ျဖစ္သြားရင္ ရခုိင္ႏုိင္ငံေတာ္အေၾကာင္းနဲ ့ရခုိင္ျပည္ကေန ဗမာေတြ သိမ္းပုိက္သြားတယ္ဆုိတာေတြကုိ တရစပ္ေျပာေလ့ရွိၾကတယ္လုိ ့ဆုိပါတယ္။ ဒီျဖစ္စဥ္ေတြဟာ တကယ္ပဲလားဆုိေတာ့ တကယ္ပဲ ျဖစ္ေနတာပါ။ ရခုိင္တုိင္းရင္းသားတုိင္းလုိလုိမွာ ရခုိင္ႏုိင္ငံေတာ္ဆုိတဲ့ကိစၥဟာ အျမစ္တြယ္ရုံမက ကမၻာ့အျပင္ဘက္ကုိ ေဖာက္ထြက္ေနသလားလုိ ့ေတာင္ ယူဆစရာရွိပါတယ္။ ရခုိင္တုိင္းရင္းသားအခ်င္းခ်င္းမွာေတာင္ ေျမာက္ဦးရခုိင္နဲ ့အျခားေဒသက ရခုိင္ေတြဟာ အဆင့္အတန္းမတူသလုိမ်ဳိး ေျပာၾကဆုိၾကတာေတြလည္း ၾကားဖူးပါတယ္။ ရခုိင္ေတြေၾကာင့္ ျမန္မာျပည္အေနာက္ဘက္ကမ္းရုိးတန္းနဲ ့ဘဂၤါလီေတြရန္ကေန လုံျခဳံတာလုိ ့လည္း အားပါမာန္ပါ ေျပာေလ့ရွိၾကပါတယ္။ ဒီလုိအေနအထားေတြမွာ ရခုိင္တုိင္းရင္းသားေတြကုိ ရခုိင္တပ္မေတာ္ဆုိတဲ့ ေခါင္းစဥ္ေအာက္ကေန AA လက္နက္ကုိင္အဖြဲ ့က စည္းရုံးဖုိ ့လြယ္သလားေမးရင္ေတာ့ လက္ရွိျဖစ္ပ်က္ေနတဲ့အေျခအေနေတြက သက္ေသပါပဲ။ AA လက္နက္ကုိင္အဖြဲ ့ဟာ ရခုိင္ျပည္နယ္ကုိ လြတ္လပ္တဲ့ရခုိင္ႏုိင္ငံေတာ္အျဖစ္ ေဖာ္ေဆာင္ႏုိင္လိမ့္မယ္လုိ ့ရခုိင္တုိင္းရင္းသားေတာ္ေတာ္မ်ားမ်ားက ယုံၾကည္ေနၾကပါေသးတယ္။ ရခုိင္ႏုိင္ငံေရးေခါင္းေဆာင္ေတြကုိယ္တုိင္ကလည္း AA နဲ ့ပတ္သက္ရင္ ဘယ္ေသာအခါမွ AA လုပ္ထုံးလုပ္နည္းမမွန္ေၾကာင္း ေသးေသးေလးေတာင္မွတ္ခ်က္ျပဳတာမ်ဳိး မေတြ ့ဖူးေသးတဲ့အတြက္ ဒါကလည္း စိတ္၀င္စားစရာ အေျခအေနအျဖစ္ထည့္တြက္ရပါေတာ့မယ္။ ပုိျပီး စိတ္၀င္စားစရာ ျပဳံးခ်င္စရာေကာင္းတာေတြကေတာ့ AA လက္နက္ကုိင္အဖြဲ ့က ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ဟာ (၇)ႏွစ္သားအရြယ္ကတည္းက ႏုိင္ငံေရး၊ ဖြဲ ့စည္းပုံအေျခခံဥပေဒနဲ ့ဥပေဒဘာသာရပ္ေတြကုိ ေလ့လာေနခဲ့တယ္ဆုိတာရယ္၊ ဆယ္တန္းကုိ ဂုဏ္ထူး(၇)ဘာသာနဲ ့ေအာင္ျမင္ခဲ့တယ္ဆုိတာရယ္ ၊ ေက်ာင္းတက္ေနစဥ္အတြင္းမွာပဲ ဥပေဒနဲ ့အဂၤလိပ္ဘာသာရပ္ေတြကုိ တကၠသုိလ္က ပါေမာကၡေတြကုိပါ ျပန္သင္ေပးေနရတယ္ဆုိတာရယ္၊ မင္းေဆြမင္းမ်ဳိးျဖစ္ျပီး ခ်မ္းသာၾကြယ္၀ေပမယ့္ ေအာက္ေျခအလုပ္ကေနအစ အခ်ိန္ပုိင္းအဆုိေတာ္၊ အခ်ိန္ပုိင္းမင္းသားအလုပ္အထိ လုပ္ဖူးတဲ့အေၾကာင္းရယ္၊ ျဗိတိန္ေအာက္စ္ဖုိ ့တကၠသုိလ္က ပါရဂူဘြဲ ့ေပးတာကုိေတာင္ ျငင္းဆန္ခဲ့တယ္ဆုိတာရယ္ အပါအ၀င္ အခ်ဳိ ့ေသာ ေရးသားခ်က္ေတြပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေတြက သာမန္အားျဖင့္ ဖတ္လုိက္ရင္ေတာ့ ဟုတ္သေယာင္ေယာင္ ထင္ရေပမယ့္ တကယ္တန္းမွာ တစ္လြဲေတြျဖစ္ေနတာဟာ AA နဲ ့ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ကုိ ရခုိင္မဟုတ္တဲ့ အျခားတုိင္းရင္းသားေတြက ျပဳံးရႊင္စရာအေၾကာင္းအရာေတြအျဖစ္ ရႈျမင္ေစခဲ့ပါတယ္။ မည္သုိ ့ပင္ျဖစ္ေစ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ ့AA ကေတာ့ လက္ရွိအစုိးရလက္ထက္မွာပဲ နယ္ေျမထုိင္ခုံတစ္ေနရာအတြက္ ရဲရဲ၀့ံ၀့ံ တုိက္ခုိက္လာပါေတာ့တယ္။ အထူးသျဖင့္ ရဲတုိက္လုိ ့နာမည္ရသည္အထိ ရဲရဲ၀ံ့၀့ံနဲ ့ပဲ ရဲကင္းစခန္းေတြကုိ အလစ္အငုိက္တုိက္ခုိက္တာေတြ လုပ္လာတာပါ။ တပ္မေတာ္စစ္ေၾကာင္းေတြကုိလည္း ေခ်ာင္းေျမာင္းတုိက္ခုိက္တာေတြ လုပ္ပါတယ္။ AA ေထာက္ခံသူ လူမႈကြန္ရက္ ကီးဘုတ္ဖုိက္တာေတြရဲ ့အဆုိအရ AA လက္နက္ကုိင္အဖြဲ ့ဟာ တုိက္ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြနဲ ့ဒုံးလက္နက္အဆန္းေတြကုိပါ ပုိင္ဆုိင္ထားတယ္လုိ ့ဆုိေနၾကပါတယ္။ ဒါေတြဟာလည္း မွတ္တမ္းတင္ထားရမယ့္ ျပဳံးစရာျဖစ္ရပ္ေလးေတြလုိ ့ဆုိႏုိင္ပါတယ္။ သုိ ့ေသာ္လည္း AA လက္နက္ကုိင္အဖြဲ ့နဲ ့ရခုိင္တုိင္းရင္းသားေတြ သီးသန္ ့အတြက္ကေတာ့ သူတုိ ့မွန္ပါတယ္။

AA လက္နက္ကုိင္အဖြဲ ့ရဲ ့၀င္ေငြ လမ္းေၾကာင္း
ရခုိင္ (၂၆)ဦးနဲ ့စတင္ခဲ့တယ္ဆုိတဲ့ AA လက္နက္ကုိင္အဖြဲ ့ဟာ လက္နက္ေတြရဖုိ ့နဲ ့လူသစ္စုေဆာင္းမႈေတြတုိင္းမွာ သုံးစြဲဖုိ ့ေငြေၾကး၊ လက္နက္ကုိင္အဖြဲ ့ထဲက လူေတြအားလုံး ေန ့စဥ္ထမင္းနပ္မွန္ဖုိ ့အတြက္ေငြေတြကုိ မုိးေပၚက က်လာတယ္လုိ ့ထင္စရာရွိပါတယ္။ AA လက္နက္ကုိင္အဖြဲ ့ဘက္ကေန ကာကြယ္သူအခ်ဳိ ့ကေတာ့ AA လက္နက္ကုိင္အဖြဲ ့ဆီကုိ ရခုိင္တုိင္းရင္းသားမ်ဳိးခ်စ္ပုဂၢိဳလ္ေတြက ေငြေၾကးအလွဴေတြေပးပုိ ့ၾကတယ္လုိ ့ဆုိၾကသလုိ တခ်ဳိ ့ကေတာ့ ရခုိင္လက္နက္ကုိင္အဖြဲ ့ဟာ ေတာ္လွန္ေရးအတြက္ ဆင္းရဲပင္ပန္းခံျပီး ကုိယ္တုိင္ေတာထဲမွာ ရွာေဖြစားေသာက္ၾကတာလုိ ့ဆုိၾကပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ AA လက္နက္ကုိင္အဖြဲ ့လူ (၁၀၀၀)ရွိတယ္ဆုိရင္ေတာင္ လူတစ္ေယာက္အတြက္ စားစရိတ္တစ္ဦး က်ပ္(၅၀၀၀၀)ပဲ အနည္းဆုံးထားတြက္ရင္ေတာင္ တစ္လကုိ က်ပ္သိန္း (၅၀၀)လုိအပ္ပါတယ္။ တစ္ႏွစ္ဆုိရင္ သိန္း (၆၀၀၀)လုိပါမယ္။ သူတုိ ့ကုိင္ေဆာင္ထားတဲ့ လက္နက္ေတြဟာ တစ္လက္ကုိ က်ပ္တစ္သိန္းပဲ တန္တယ္ဆုိရင္ေတာင္ သိန္း(၁၀၀၀)ထက္မနည္း တန္ေၾကးရွိေနပါတယ္။ က်ည္ဆန္တစ္ေတာင့္ကုိ က်ပ္(၁၅၀၀)ဆုိရင္ေတာင္ ေသနတ္တစ္လက္မွာ က်ည္ဆန္(၁၀)ေတာင့္ပဲ သတ္မွတ္ၾကပါစုိ ့။ ေသနတ္အလက္ေပါင္း(၁၀၀၀)အတြက္ က်ပ္သိန္း(၁၅၀)အနည္းဆုံး ကုန္က်ပါတယ္။ က်ည္ဆန္(၁၀)ေတာင့္ဟာ တကယ္သုံးရင္ တစ္မိနစ္ပစ္စာေတာင္မရွိပါဘူး။ လူ(၁၀၀၀)၀တ္မယ့္ AA ၀တ္စုံအတြက္ တစ္ထည္ကုိ က်ပ္(၄၀၀၀) ပဲကုန္က်တယ္ဆုိရင္ေတာင္၊ တစ္ေယာက္တစ္ထည္ပဲေပးရင္ေတာင္ က်ပ္သိန္း(၄၀)ကုန္က်မွာပါ။ AA လက္နက္ကုိင္အဖြဲ ့မွာ လူ(၁၀၀၀)ပဲ ရွိတယ္ဆုိရင္ေတာင္ တစ္ႏွစ္ကုိက်ပ္သိန္း(၁၀၀၀၀)ေလာက္ ကုန္ေနမယ့္ ေငြေၾကးကို AA ေခါင္းေဆာင္ေတြ ဘယ္ကေန ရွာေဖြေနသလဲဆုိတာဟာ သိပ္ကုိစိတ္၀င္စားစရာေကာင္းလာပါတယ္။ ႏုိင္ငံတကာသတင္းအခ်ဳိ ့နဲ ့တရုတ္ႏုိင္ငံဘက္က သံတမန္လမ္းေၾကာင္းကေန လာတဲ့သတင္းေတြမွာေတာ့ AA လက္နက္ကုိင္အဖြဲ ့ဟာ ေငြေၾကးအတြက္ တရုတ္ႏုိင္ငံဆီကေန အေထာက္အပ့ံေတြယူေနရသလုိ ၊ မူးယစ္ေဆးကုန္သြယ္ေရာင္း၀ယ္ေဖာက္ကားေရးလမ္းေၾကာင္းကေန အဓိက၀င္ေငြလမ္းေၾကာင္းေတြအျဖစ္ ရယူေနတယ္လုိ ့ဆုိပါတယ္။ အတည္မျပဳဖုိ ့ခက္ခဲေနေသးတဲ့သတင္းေတြအရ(တစ္နည္းအားျဖင့္ AA ေခါင္းေဆာင္ေတြကုိယ္တုိင္၀န္ခံထြက္ဆုိမႈမျပဳသ၍မသိႏုိင္ေသးေသာသတင္းေတြအရ) AA အဖြဲ ့ဟာ တရုတ္ႏုိင္ငံဆီကေန ေငြေၾကးရယူထားသလုိ ၊ မူးယစ္ေဆး၀ါးအျပင္ ဘဂၤါလီအၾကမ္းဖက္အဖြဲ ့ARSA နဲ ့လည္း သေဘာတူပတ္သက္မႈေတြရွိထားတယ္လုိ ့ဆုိပါတယ္။ ဒီအခ်က္ေတြကုိလည္း တပ္မေတာ္ဘက္မွာေရာ အစုိးရဘက္မွာပါ အတိအလင္း ထုတ္ျပန္အသိေပးထားပါတယ္။ သုိ ့ေသာ္လည္း ဒါေတြအတြက္ AA ဘက္ကေန ထြက္လာမယ့္ အေမရိကန္ စႏုိဒင္လုိတစ္ေယာက္ရွိရင္ေတာ့ ေသခ်ာေပါက္အတည္ျပဳႏုိင္ျပီလုိ ့ဆုိႏုိင္ပါတယ္။ ဒါဆုိရင္ျဖင့္ AA နဲ ့ARSA တုိ ့က ဘာေတြသေဘာတူထားၾကသလဲဆုိတာနဲ ့တရုတ္ႏုိင္ငံတုိ ့ၾကားမွာ ဘယ္လုိပတ္သက္ေနလဲဆုိတာေတြက ျပည္သူေတြၾကားမွာ စိတ္၀င္စားစရာေကာင္းလာျပန္ပါတယ္။

AA ၊ ARSA ၊ တရုတ္ႏုိင္ငံနဲ ့ဘဂၤလားေဒ့ရွ္ႏုိင္ငံတုိ ့ၾကားမွာ ပတ္သက္ဖြယ္ရွိတဲ့အေၾကာင္းတရားအခ်ဳိ ့
ရခုိင္ျပည္နယ္ကုိ ရွင္းရွင္းလင္းလင္းၾကည့္ခ်င္တယ္ဆုိရင္ အေနာက္ဘက္ အိႏၵိယသမုဒၵရာထြက္ေပါက္ရဲ ့အေရးပါပုံကုိ ထဲထဲ၀င္၀င္ ျဖဲၾကည့္ဖုိ ့ေတာ့ လုိပါတယ္။ ရခုိင္ျပည္နယ္ဟာ အိႏၵိယသမုဒၵရာထြက္ေပါက္ျဖစ္ေနတာကေတာ့ အရွင္းသားအထင္းသားၾကီး ျမင္ရမွာျဖစ္သလုိ ကမၻာ့ပင္လယ္ေရေၾကာင္းကုန္သြယ္မႈရဲ ့၆၀ ရာခုိင္ႏႈန္းေလာက္ အေရးပါတဲ့ ဒီေဒသကုိ တည္ျငိမ္ေအးခ်မ္းျပီးဖြံ ့ျဖိဳးတုိးတက္မႈျဖစ္ေအာင္ ေဖာ္ေဆာင္ဖုိ ့လြယ္ကူမယ္လို ့ယူဆစရာရွိပါတယ္။ တစ္ဖက္မွာ လူဦးေရေပါက္ဖြားႏႈန္း တစ္ဟုန္ထုိးျမင့္တက္ေနတဲ့ ဘဂၤလားေဒ့ရွ္၊ တစ္ဖက္မွာ အိႏၵိယသမုဒၵရာနဲ ့ပစိဖိတ္သမုဒၵရာပင္လယ္ေရေၾကာင္းကုန္သြယ္ေရးအတြက္ အဓိကထြက္ေပါက္၊ အျခားတစ္ဖက္မွာေတာ့ ရခုိင္တုိင္းရင္းသားတုိ ့ရဲ ့စိတ္ေနစိတ္ထား စတဲ့အခ်က္ေတြဟာ ရခိုင္ျပည္နယ္ကုိ ဖြံ ့ျဖိဳးတုိးတက္ရမယ့္အစား စစ္မီးေတြ ေတာက္လာေစမယ္ဆုိတာ လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္ကတည္းက ႏုိင္ငံေရးမဟာဗ်ဳဟာတြက္ဆထားႏုိင္သူအခ်ဳိ ့က ၾကိဳျမင္ခဲ့ၾကပါတယ္။ တရုတ္ႏုိင္ငံဟာ ရခုိင္ျပည္နယ္ထဲမွာ ေက်ာက္ျဖဴ-ကူမင္း ေရနံနဲ ့သဘာ၀ဓါတ္ေငြ ့ပုိက္လုိင္းကုိ စစ္အစုိးရလက္ထက္မွာပဲ ျဖစ္ေအာင္ စာခ်ဳပ္ခ်ဳပ္ဆုိတည္ေဆာက္ႏုိင္ခဲ့သလုိ ကြင္းဆက္အျဖစ္ ရထားလမ္းနဲ ့ကားလမ္းကုိပါ ခ်ိတ္ဆက္ထားပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေက်ာက္ျဖဴမွာ အထူးစီးပြားေရးဇုန္နဲ ့ေရနက္ဆိပ္ကမ္းစီမံကိန္းၾကီးကုိ အေကာင္အထည္ေဖာ္ဖုိ ့ျပင္ဆင္ထားျပီးသား ျဖစ္ပါတယ္။ လက္ရွိအစုိးရလက္ထက္မွာေတာ့ စာခ်ဳပ္သစ္ျပန္လည္ခ်ဳပ္ဆုိမႈနဲ ့အတူ ပုိျပီးလမ္းပြင့္သြားပါတယ္။ ကုိကုိးကၽြန္းကုိ အလုိရွိခဲ့ဖူးတဲ့ တရုတ္ႏုိင္ငံဟာ ကုိကုိးကၽြန္းအစား ေက်ာက္ျဖဴစီမံကိန္းကုိ အရယူႏုိင္ခဲ့တဲ့အတြက္ တရုတ္ရဲ ့လုိလားခ်က္က ဘာကုိရည္ညႊန္းလဲဆုိတာ ရွင္းရွင္းလင္းလင္းေပၚလာႏုိင္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အိႏၵိယႏုိင္ငံကလည္း ေက်ာက္ျဖဴစီမံကိန္းနဲ ့အျပိဳင္ အိႏၵိယအေရွ ့ေျမာက္ဘက္ေဒသ ဖြံ ့ျဖိဳးတုိးတက္ေရးမဟာဗ်ဳဟာေခါင္းစဥ္နဲ ့အတူ ျမန္မာကိုျဖတ္သန္းမယ့္ လမ္းေၾကာင္းႏွစ္သြယ္ထြက္လာပါတယ္။ တစ္ခုကေတာ့ အိႏၵိယ-ျမန္မာ-ထုိင္း(ေနာက္ပုိင္းတြင္ ထုိင္းမွတစ္ဆင့္ လာအုိ၊ ကေမၻာဒီးယား၊ ဗီယက္နမ္အထိ) သုံးႏုိင္ငံကုန္သြယ္ေရးလမ္းမၾကီးနဲ ့စစ္ေတြကုိ ဦးတည္ထားတဲ့ ကုလားတန္ျမစ္ေၾကာင္း စီမံကိန္းပဲ ျဖစ္ပါတယ္။ ကုလားတန္ျမစ္ေၾကာင္း စီမံကိန္းဟာ ကုန္းတြင္းပိတ္ အိႏၵိယျပည္နယ္ေတြျဖစ္တဲ့ ထရိပူရ၊ မီဇုိရမ္၊ မဏိပူရ၊ နာဂလန္၊ အရူနာခ်ယ္ပရာဒတ္ရွ္၊ အာသံ၊ မာဂၢါလာရစတဲ့ျပည္နယ္ေတြကုိ ပင္လယ္ေရေၾကာင္းကုန္သြယ္ေရးကေနတစ္ဆင့္ စီးပြားေရးတုိးတက္လာေစဖုိ ့ရည္ညႊန္းတယ္လုိ ့အိႏၵိယႏုိင္ငံထဲမွာလည္း ခ်ျပထားသလုိ ႏုိင္ငံတကာကုိလည္း အသိေပးထားပါတယ္။ ေနာက္တစ္နည္းကေတာ့ အစဥ္အလာျပိဳင္ဘက္ တရုတ္ႏုိင္ငံကုိပါ ေထာက္ကြက္တစ္ကြက္အျဖစ္ ျမန္မာေျမေပၚမွာလာျပီး ေျခကုပ္ယူထားတာမ်ဳိးပါ။ တရုတ္ႏုိင္ငံရဲ ့အင္အားၾကီးထြားလာမႈနဲ ့ကမၻာပတ္လမ္း စီမံကိန္းေတြဟာ အိႏၵိယကုိမ်က္လုံးျပဴးသြားေစတာအျပင္ အေမရိကန္ကုိပါ မ်က္ျဖဴဆုိက္ေစတာေၾကာင့္ အေမရိကန္ကလည္း ရခုိင္ျပည္နယ္ၾကီး မွာ တရုတ္နဲ ့အိႏၵိယအျပိဳင္ စီမံကိန္းေတြလုပ္ၾကရင္းနဲ ့တည္ျငိမ္ေအးခ်မ္းတုိးတက္ေနမွာကုိ မလုိလားေတာ့တာက ၀န္မခံတဲ့ အမွန္တရားပါပဲ။ တရုတ္ကုိ ၀န္းရံပိတ္ဆုိ ့ေရး မဟာဗ်ဳဟာက ရခုိင္ျပည္နယ္မွာ လာျပီး ဆုံခ်က္က်ေနတဲ့အတြက္ အေမရိကန္တုိ ့ေကာက္ကုိင္ျပီး က်ား(ခ်က္စ္)ထုိးရမယ့္ ပြန္းေတြဟာ AA နဲ ့ARSA ျဖစ္လာပါတယ္။ ဒီအခ်ိန္မွာပဲ အစၥလာမ္၀ါဒလိႈင္းအတြက္ OIC အဖြဲ ့က ေငြေၾကးပုံေအာသုံးစြဲေနတဲ့အခ်ိန္ ၊ ဘဂၤလားေဒ့ရွ္ကလည္း ေပါက္ဖြားႏႈန္းျမင့္လာတဲ့ လူဦးေရကုိ ႏုိင္နင္းေအာင္ထမင္းေကၽြးဖုိ ့ခက္လာတဲ့အခ်ိန္၊ ေမာင္ေတာ၊ ဘူးသီးေတာင္ေဒသအတြင္းမွာ ဘဂၤါလီေတြ တုိးပြားႏႈန္းျမင့္တက္ေနတဲ့အခ်ိန္ေတြဟာ " မုိးေတြကလည္းသည္းထန္စြာရြာ ၊ ထမင္းေၾကာ္ကလည္း မွာထားျပီးသား၊ အခန္းတံခါးကလည္း ေလာ့က်သြားခ်ိန္ " ျဖစ္သြားျပီးေတာ့ ရခုိင္ဟာအပ်က္အပ်က္နဲ ့ႏွာေခါင္းေသြးထြက္ရုံတင္မက " Gravity အျပင္ဘက္ခုန္ထြက္ျပီး၊ သက္တန္ ့ေတြပါ ေကြးကုန္တယ္လုိ ့" ဆုိရမွာပါ။ အဓိကကေတာ့ အက်ဳိးစီးပြားကုိယ္စီဟာ တစ္ေနရာမွာ သြားဆုံၾကတာမ်ဳိးပါ။ ဆုံရပ္ကေတာ့ လြန္ခဲ့တဲ့ဆယ္စုႏွစ္ေက်ာ္ကတည္းက ၾကိဳတင္တြက္ခဲ့တဲ့အတုိင္း ရခုိင္ျပည္နယ္ျဖစ္ေနတာပါပဲ။ ဒီလုိအခ်ိန္မ်ဳိးမွာပဲ ေငြပုံၾကီးလုိျဖစ္ေနတဲ့ ရခုိင္ျပည္နယ္အေရး အလႈပ္အခတ္ကစားပြဲမွာ ရခုိင္ျပည္သူေတြကုိ ဆဲြေဆာင္ထားႏုိင္ဆုံး AA လက္နက္ကုိင္အဖြဲ ့က အကြက္ျမင္ျမင္ ၀င္ပါလာတာပဲျဖစ္ပါတယ္။ ဒီပြဲကုိ ၀င္ပါျခင္းအားျဖင့္ AA အတြက္ ထမင္းနပ္မွန္ဖုိ ့စိတ္ခ်သြားရသလုိ၊ ျငိမ္းခ်မ္းေရးအတြက္နယ္ေျမထုိင္ခုံပါ ခုိင္မာသြားခဲ့ပါတယ္။ ဒီအတြက္ AA လက္နက္ကုိင္အဖြဲ ့က ေခါင္းစဥ္တပ္စရာ သိပ္ခက္ခက္ခဲခဲမရွိပါဘူး။ အမ်ားနည္းတူ ရခုိင္အမ်ဳိးသားအက်ဳိးစီးပြားဆုိတာေလးပါပဲ။ နာမည္ကေတာ့ Arakan Army ဆုိတာေလးနဲ ့ပါ။ ဆုိရရင္ျဖင့္ လက္ရွိျဖစ္ေပၚေနတဲ့ ရဲတုိက္(ရဲစခန္းမ်ားကုိသာ အဓိကထား၍တုိက္ခုိက္ျခင္းကုိဆုိလုိသည္) ကိစၥကေတာ့ မဟာဗ်ဳဟာကစားကြက္ေတြထဲက သာမန္ျပဇာတ္ဆန္ဆန္ ၀င္ကျပတဲ့ ဇာတ္ကြက္တစ္ခုလုိ ့ပဲ ဆုိရမွာပါ။ AA လက္နက္ကုိင္အဖြဲ ့ဟာ နယ္ေျမေျခကုပ္တစ္ခုခုကုိ ရယူဖုိ ့အတြက္ ေယာင္ျပတုိက္ခုိက္မႈေတြကုိ ေနာက္လည္းလုပ္ေနဦးမွာပါပဲ။ ဘယ္သူေတြက ဘာေတြပဲေျပာေျပာ AA လုပ္ေနမယ့္အလုပ္က ရခုိင္ျပည္နယ္ထဲမွာ ေျခကုပ္ေတာတြင္းေျမေနရာတစ္ခုခုရဖုိ ့အတြက္ ျမိဳ ့ျပထဲက နယ္ေျမအခ်ဳိ ့မွာ ရဲတုိက္၊ ဗ်ဳဟာတုိက္၊ အလစ္အငုိက္ေခ်ာင္းေျမာင္းလိုက္နဲ ့ပဲ ေယာင္ျပေတြလုပ္ေနဦးမွာပါ။ ၾကားထဲက ဓါးစားခံကေတာ့ ရွင္းရွင္းေလးပါ။ ျပည္သူေတြပါပဲ။ 

တပ္မေတာ္ဘက္က AA အေပၚ သေဘာထား
" ဒါကေတာ့ လက္နက္ကုိင္ေသာင္းက်န္းသူဆုိတာကေတာ့ လက္နက္ကုိင္ေသာင္းက်န္းသူဆုိရင္ ရွင္းရမွာပါပဲ။ လက္နက္မကုိင္ဘဲနဲ ့ျငိမ္းျငိမ္းခ်မ္းခ်မ္းလုပ္တဲ့သူဆုိရင္ ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ ့သြားရမွာေပ့ါ " လုိ ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္က မတ္လ(၁၈)ရက္မွာ မီဒီယာေတြကုိ ေျပာခဲ့ပါတယ္။ AA လက္နက္ကုိင္အဖြဲ ့နဲ ့တပ္မေတာ္တုိ ့ၾကားက ထိေတြ ့တုိက္ပြဲေတြနဲ ့လူမႈကြန္ရက္ေပၚက လိႈင္းေတြအေၾကာင္းေမးၾကခ်ိန္မွာပဲ ေျဖၾကားခဲ့တာပါ။ AA ကုိ တုိက္ေနရတဲ့ တုိက္ပြဲမွာ တပ္မေတာ္ဘက္က ရႈံးေနသလားဆုိတာကုိေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သေဘာမေတြ ့တဲ့ပုံစံမ်ဳိးျပသခဲ့သလုိ လူမႈကြန္ရက္ေပၚမွာ ေရးသားလာသမွ်ေတြကုိ ထင္ရာေရးၾကတာေတြျဖစ္တယ္လုိ ့ပဲ သတ္မွတ္ထားေၾကာင္း ေျပာခဲ့ပါတယ္။ AA လက္နက္ကုိင္နဲ ့ပတ္သက္ရင္ အစုိးရနဲ ့တပ္မေတာ္တုိ ့ဟာ ေသာင္းက်န္းသူေတြလုိ ့သေဘာထားသလုိ AA ရဲ ့လုပ္ရပ္ေတြဟာ အဖ်က္အေမွာင့္လုပ္ရပ္ေတြလုိ ့ရႈျမင္ထားၾကပါတယ္။ ဒါေပမဲ့လည္း တုိင္းရင္းသားလက္နက္ကုိင္ျဖစ္ေနတဲ့အတြက္တစ္ေၾကာင္း၊ ျမိဳ ့ျပအိမ္ေျခအတြင္းထဲအထိ ဘယ္သူက AA မွန္းမသိေတာ့ေအာင္ျဖစ္ေနတာေတြက တစ္ေၾကာင္း အျခားေသာအေၾကာင္းေၾကာင္းေတြေၾကာင့္ အျပတ္ရွင္းႏုိင္ရင္ေတာင္ မရွင္းေတာ့ဘဲ လာပစ္ခ်ိန္တုိင္းမွာ လုိက္လံရွင္းလင္းတာေလာက္ပဲ လုပ္သြားမယ့္သေဘာမ်ဳိးေတာ့ ျမင္ရပါတယ္။ တကယ္တန္း ေတာတြင္းမွာ ယွဥ္ျပီးတုိက္ခုိက္ၾကစတမ္းဆုိရင္ေတာ့ AA လက္နက္ကုိင္အဖြဲ ့ဟာ အစအနေတာင္ က်န္ေလာက္မွာမဟုတ္တဲ့အထိ တပ္မေတာ္ဘက္က အစြမ္းျပခ်င္သူေတြ ရွိေနပါတယ္။ သည္းခံေပးရမယ့္အတုိင္းအတာေတြေၾကာင့္ အျပတ္မရွင္းဘဲ ျငိမ္းခ်မ္းေရးစားပြဲ၀ုိင္းကုိ လွမ္းေခၚေနတာမ်ဳိးျဖစ္ျပီးေတာ့ ႏုိင္ငံေရးျပသနာကုိ ႏုိင္ငံေရးနည္းလမ္းနဲ ့ရွင္းဖုိ ့၊ ကုိယ္တုိင္အက်ဳိးစီးပြားေတြကုိ ထားခဲ့ၾကဖုိ ့တုိက္တြန္းေနတာလုိ ့ယူဆပါတယ္။ ေဖေဖာ္၀ါရီ ေနာက္ဆုံးပတ္မွာ လုပ္သြားတဲ့ တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာဆုိရင္ AA ကုိ အျပဳတ္တုိက္ႏုိင္ေပမယ့္ တုိင္းရင္းသားညီအစ္ကုိေတြျဖစ္ေနလုိ ့အျပဳတ္မတုိက္ေသးဘဲ ျငိမ္းခ်မ္းေရးစားပြဲ၀ုိင္းကုိ ေခၚေနတာျဖစ္တယ္လုိ ့အတိအလင္းေျပာခဲ့ၾကပါတယ္။ ဒါေပမဲ့ လူမႈကြန္ရက္လိႈင္းေတြမွာေတာ့ AA ဘက္ကေန အသည္းအသန္၀ုိင္း၀န္းေရးသားေနၾကတဲ့ အုပ္စုတစ္စုက သိသိသာသာထုိးထြက္လာျပီးေတာ့ တပ္မေတာ္ဟာ ရခုိင္ေတြကုိ သတ္ျဖတ္ေနပါတယ္ဆုိတဲ့ပုံစံမ်ဳိး ေဖာ္ေဆာင္ေရးသားေနတာေတြ ေတြ ့ရျပန္ပါတယ္။ တပ္မေတာ္ကေတာ့ ထုိးစစ္ဆင္ေနတဲ့ေနရာမွာ ျမင္ေနၾကားေနရတဲ့ ျမင္ကြင္းေတြအရ ေတာ္ေတာ္ေလး ထိန္းထိန္းသိမ္းသိမ္းလုပ္ေနတာကုိ ျမင္ရပါတယ္။ ဘာေၾကာင့္ဒီလုိေျပာႏုိင္သလဲဆုိရင္ တပ္မေတာ္မွာရွိထားတဲ့ တုိက္ေလယာဥ္ေတြ၊ ဒုံးလက္နက္ေတြဟာ ေခ်မႈန္းအားေကာင္းေနျပီျဖစ္သလုိ လက္ေတြ ့မွာ ရခုိင္နယ္ထဲကုိ ထိထိမိမိ ခ်မသုံးေသးဘူးလုိ ့ဆုိႏုိင္တာေၾကာင့္ပါ။ 

စိတ္၀င္စားဖြယ္ အခ်က္အလက္အခ်ဳိ ့
ရခုိင္ျပည္နယ္ထဲမွာ ARSA အဖြဲ ့က အစုိးရအခ်ဳပ္အျခာကုိ ထိပါးေစမယ့္ ေခ်ာင္းေျမာင္းတုိက္ခုိက္မႈနဲ ့ေပၚတင္တုိက္ခုိက္မႈေတြ လုပ္ထားသလုိ AA အဖြဲ ့ကလည္း ရခုိင္ျပည္နယ္ထဲမွာပဲ အလားတူလုပ္ရပ္ေတြ လုပ္ထားပါတယ္။ လုပ္ေဆာင္ၾကတဲ့ပုံစံကလည္း သိပ္မျခားနားသလုိ လုပ္ေဆာင္ဖုိ ့ထုိးထြက္လာတဲ့ နယ္ေျမေတြကလည္း ေမာင္ေတာ၊ ဘူးသီးေတာင္နဲ ့နယ္စပ္ေတြမွာပဲ ျဖစ္ေနတာပါ။ လတ္တေလာေျခကုပ္ယူထားတာကေတာ့ ဘဂၤလားေဒ့ရွ္နယ္စပ္ျခံစည္းရုိးနဲ ့ျမန္မာနယ္စပ္ျခံစည္းရုိး ေတာနက္ေတြထဲမွာပဲ ျဖစ္ေနပါတယ္။ AA ေရာ ARSA ေရာရခုိင္ျပည္နယ္ထဲက အစုိးရအခ်ဳပ္အျခာအာဏာစက္ျဖန္ ့က်က္ရာ ရဲစခန္းနဲ ့တပ္မေတာ္လုံျခဳံေရးကင္းလွည့္အဖြဲ ့ေတြကုိ ေခ်ာင္းေျမာင္းတုိက္ခုိက္တာေတြ၊ ေပၚတင္တုိက္ခုိက္တာေတြကုိ လုပ္ေနတာ တူေနေပမယ့္ ထူးျခားတာက သူတုိ ့အခ်င္းခ်င္း တစ္ၾကိမ္မွ ထိေတြ ့တုိက္ပြဲ မျဖစ္ထားတာပါပဲ။ ပုိျပီးထူးျခားတာက ရခုိင္နဲ ့ဘဂၤါလီဟာ တစ္သက္လုံးမတည့္ၾကမယ့္သူေတြ ျဖစ္ေနပါလွ်က္နဲ ့တစ္နည္းအားျဖင့္ ရခုိင္ေတြဟာ ဘဂၤါလီေတြကုိ တစ္ဆင့္နိမ့္ေတြ၊ ခုိင္းဘက္ေတြအျဖစ္သတ္မွတ္ျပီး ရခုိင္အမ်ဳိးသမီးေတြကုိ ထိကပါးရိကပါးလုပ္လာရင္ေတာင္ လုံး၀သည္းမခံတဲ့အုပ္စုအျဖစ္ အမ်ဳိးသားေရးစိတ္ဓါတ္ျပင္းထန္မႈရွိေနတဲ့ၾကားက AA နဲ ့ARSA တုိ ့လားရာတူ နယ္ေျမထဲမွာ ပြတ္တုိက္မႈတစ္ခုေတာင္ မျဖစ္တာဟာ သိပ္ကုိ စိတ္၀င္စားစရာ ေနာက္ကြယ္ကဇာတ္လမ္းမ်ား ရွိေနမလားလုိ ့ေတြးခ်င္မိပါတယ္။ ေနာက္ထပ္တစ္ခ်က္ကေတာ့ ရခုိင္ျပည္နယ္ထဲကေန ျဖတ္သန္းသြားတဲ့ ေက်ာက္ျဖဴ-ကူမင္းပုိက္လုိင္းၾကီးကုိ AA ေရာ ARSA တုိ ့ပါ တစ္ၾကိမ္ေတာင္ျဖစ္ေစ၊ က်ည္ဆန္တစ္ေတာင့္ေတာင္ျဖစ္ေစ သြားျပီးမက်ေစတာပဲ ျဖစ္ပါတယ္။ တရုတ္ပုိင္တဲ့ ဒီပုိက္လုိင္းၾကီးကုိသာ ပစ္ခတ္ေဖာက္ခြဲလုိက္ရင္ ရခုိင္ျပည္နယ္ဟာ တပ္မေတာ္အတြက္ေရာ အစုိးရအတြက္ပါ ထိန္းမရသိမ္းမရျဖစ္သြားႏုိင္သလုိ AA နဲ ့ARSA တုိ ့လုိခ်င္တဲ့ အရႈပ္အေထြးမ်ဳိးကစားကြက္မ်ဳိး ျဖစ္ႏုိင္ပါတယ္။ ဒါေပမဲ့ သူတုိ ့ဘာေၾကာင့္ တစ္ခ်က္ေတာင္ မထိရဲၾကသလဲဆုိတာ စဥ္းစားစရာပါ။ ထပ္ျပီး စိတ္၀င္စားစရာေကာင္းတာကေတာ့ ဘဂၤလားေဒ့ရွ္ဟာ တရား၀င္မဟုတ္တဲ့ လက္နက္ကုိင္အဖြဲ ့ေတြကုိ သူ ့နယ္ေျမထဲမွာ ေျခကုပ္မယူေစရဘူးလုိ ့မၾကာခဏ အသံေကာင္းဟစ္ခဲ့ေပမယ့္ ျမန္မာလုံျခဳံေရးတပ္ေတြ ေခ်ာင္းေျမာင္းပစ္ခတ္ခံေနရသမွ်ဟာ ဘဂၤလားေဒ့ရွ္ဘက္ျခမ္းကေန ျဖစ္ေနတာပါပဲ။ AA နဲ ့ARSA တုိ ့ရဲ ့ေငြရလမ္းေၾကာင္းျဖစ္တဲ့ မူးယစ္ေဆး၀ါးကိစၥမွာလည္း ဘဂၤလားေဒ့ရွ္ဘက္က အျပတ္အသတ္ျငင္းဆုိထားေပမယ့္ ဘဂၤါလီဒုကၡသည္စခန္းထဲမွာပါ မူးယစ္ေဆးေတြ မိေနတာက ဘယ္သူ ့လက္ခ်က္လဲလုိ ့ထပ္ေမးစရာ ျဖစ္လာျပန္ပါတယ္။ အထူးျခားဆုံးကေတာ့ ျမန္မာမွာလာျပီးအေျခစုိက္တဲ့ ႏုိင္ငံတကာသံရုံးေတြပဲ ျဖစ္ပါတယ္။ တုိင္းရင္းသားလက္နက္ကုိင္ေတြက တုိက္ခုိက္မႈမ်ဳိးစုံလုပ္တဲ့အခ်ိန္တုိင္းမွာ ဘယ္လုိအသံမွ မထြက္ခဲ့တာမ်ဳိးပါ။ အထူးသျဖင့္ အေမရိကန္သံရုံးက ဦးေဆာင္ပါတယ္။ 

ရခုိင္ျပည္နယ္ရဲ ့မဆုံးႏုိင္ေသာ ျဖစ္ႏုိင္ေျခအဆုံးသတ္
ရခုိင္ျပည္နယ္ တုိးတက္ေရးဟာ တကယ္ေတာ့ ထင္သေလာက္မလြယ္ကူေတာ့ပါဘူး။ ဒါက ရွင္းလင္းစြာျမင္မိတဲ့ ရႈေထာင့္အရပါ။ ရခုိင္ျပည္နယ္ထဲမွာ အက်ဳိးစီးပြားေတြက လာဆုံေနတဲ့အတြက္ ကုိယ္က်ဳိးစီးပြားေတြ ဆုံေနတဲ့ေနရာတုိင္းဟာ ဖြံ ့ျဖိဳးတုိးတက္ဖုိ ့အတားအဆီးေတြမ်ားစြာ ျဖစ္ေပၚတတ္ပါတယ္။ ကခ်င္ျပည္နယ္ ဖားကန္ ့ေဒသနဲ ့ကခ်င္ျပည္နယ္ ဖြံ ့ျဖိဳးတုိးတက္မႈ ရွိမရွိကုိ ၾကည့္ျမင္ႏုိင္ပါတယ္။ ရခုိင္ျပည္နယ္ထဲမွာ တရုတ္ကလည္း အက်ဳိးစီးပြားေတြရွိပါတယ္။ အိႏၵိယကလည္း ရွိပါတယ္။ တရုတ္ကုိ ၀န္းရံပိတ္ဆုိ ့ခ်င္တဲ့ အေမရိကန္မွာလည္း သူတုိ ့လုိခ်င္တဲ့ အက်ဳိးစီးပြားေတြရွိပါတယ္။ ARSA ဘဂၤါလီအၾကမ္းဖက္အဖြဲ ့ကလည္း အစၥလာမ္ျပည္နယ္ျဖစ္ေရးအက်ဳိးစီးပြားေမွ်ာ္လင့္ခ်က္ေတြ ရွိပါတယ္။ ရခုိင္အမ်ဳိးသားအက်ဳိးစီးပြားအတြက္ဆုိတဲ့ ပု၀ါကုိ ေကာက္ျခဳံလုိက္တဲ့ AA လက္နက္ကုိင္အဖြဲ ့ေခါင္းေဆာင္ေတြဆီမွာလည္း ကုိယ္ပုိင္အက်ဳိးစီးပြားရွိပါတယ္။ ရခုိင္တုိင္းရင္းသားႏုိင္ငံေရးသမားေတြမွာလည္း ကုိယ္ပုိင္အက်ဳိးစီးပြားရွိပါတယ္။ အနီးကပ္ဆုံး ၂၀၂၀ ေရြးေကာက္ပြဲနဲ ့ရခုိင္မွာ မဲဆႏၵနယ္ေျမရဖုိ ့ေမွ်ာ္လင့္ေနတဲ့ ႏုိင္ငံေရးပါတီေတြမွာလည္း ကုိယ္တုိင္ေမွ်ာ္လင့္ထားတဲ့ အက်ဳိးစီးပြားရွိပါတယ္။ ရခုိင္ျပည္သူေတြကလည္း AA နဲ ့ရခုိင္ႏုိင္ငံေရးသမားေတြဆီကေန ဆင့္ပြားသြားတဲ့ ေမွ်ာ္လင့္ခ်က္အက်ဳိးစီးပြားေတြ ရွိပါတယ္။ တပ္မေတာ္ကလည္း ျမန္မာႏုိင္ငံေရးမွာ ကယ္တင္ရွင္ၾကီးဆုိတဲ့ ေခါင္းစဥ္နဲ ့အတူ တုိင္းျပည္နယ္နိမိတ္ေတြအားလုံးကုိ ထိန္းထားႏုိင္ရမယ္ဆုိတဲ့ အက်ဳိးစီးပြားေတြ ရွိေနျပန္ပါတယ္။ ဒီလုိမ်ဳိး ကုိယ္စီအက်ဳိးစီးပြားေတြ တန္းစီေနတဲ့ ရခုိင္ျပည္နယ္ဟာ ၂၀၂၀ ျပီးသြားရင္ေတာင္ ထိေတြ ့တုိက္ပြဲေတြနဲ ့အျခားေသာ မထင္မွတ္ထားတဲ့ ပဋိပကၡေတြပါ ဆက္လက္ရွိေနဦးမယ္လုိ ့ပဲ ႏုိင္ငံသားအားလုံးကုိ အသိေလး ေပးလုိက္ပါရေစ။ ကၽြန္ေတာ္တုိ ့အားလုံး ဘာကုိလုိခ်င္သလဲဆုိတဲ့အေပၚမွာ ၀ုိင္း၀န္း ရႈျမင္တတ္ၾကဖုိ ့နဲ ့၀ုိင္း၀န္းေဖာ္ေဆာင္ေပးၾကဖုိ ့တာ၀န္ရွိေၾကာင္းပါ။

Unicode Version

" ရခိုင်မှာ စစ်ဘေးရှောင်မယ်ဆိုရင် ပိုက်လိုင်းကြီးနားကိုသွား၊ သေနတ်ကျည် တစ်ချက်တောင် မကျစေရဘူး " 
ရခိုင်ပြည်နယ်ထဲမှာ AA လက်နက်ကိုင်အဖွဲ့နဲ့တပ်မတော်တို့ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ စစ်ဘေးရှောင်တွေဆိုတာ ပေါ်လာရပြန်ပါတယ်။ ဒီလို စစ်ဘေးရှောင်တွေအတွက် သေချာပေါက် သေနတ်ကျည်မကျမယ့် နေရာက ကျောက်ဖြူ-ကူမင်း ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြီး ရှိရာအနီးတစ်ဝိုက်လို့ဟာသဆန်ဆန်နဲ့ပဲ တကယ့်မြေပြင်အခြေအနေကို ပြောဆိုရေးသားလာကြသူတွေ ရှိလာပါတယ်။ တကယ်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမှာ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းကြီးတွေအနီးတစ်ဝိုက်ကို သေနတ်ကျည်ဆန်ကျတာမျိုး ကြားလည်း မကြားဖူးခဲ့လေတော့ ဟာသဆန်ဆန်မြင်တတ်သူတွေကလည်း မြင်တတ်လာတာ မဆန်းပါဘူး။

AA လက်နက်ကိုင်အဖွဲ့ဘယ်က စတင်သလဲ
ဒါကတော့ တော်တော်များများ သတိပြုမိထားတဲ့ကိစ္စပါ။ အလွယ်ပြောရရင်တော့ ကချင် KIA ဆီကနေတစ်ဆင့် စစ်ပညာသင်ကြားပြီးတော့ ထွန်းမြတ်နိုင်ဆိုတဲ့ ရခိုင်တိုင်းရင်းသား ပညာတတ်တစ်ဦးက ဗိုလ်ချုပ်ဘွဲ့ခံပြီး စတင်မြစ်ဖျားခံလာတာလို့ဆိုနိုင်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုတာဟာလည်း AA လက်နက်ကိုင်အဖွဲ့ကို စတင်ထူထောင်သူ မဟုတ်ခဲ့ပါဘူး။ သူ့အရင်ကတည်းက KIA ရဲ့လက်အောက်ခံဖြစ်နေတဲ့ ကျော်ဟန်ဆိုသူက ၂၀၀၉ ခုနှစ်မှာပဲ ထွန်းမြတ်နိုင်နဲ့ညိုထွန်းအောင်တို့အပါအဝင်(၉)ဦးကို ဆက်သွယ်ခေါ်ယူပြီးတော့ တောခိုခဲ့ကြတာမျိုးပါ။ အဲဒါအပြင် ဖားကန့်နယ်မြေမှာ ကျောက်တူးနေတဲ့ လင်းသစ်နဲ့စောမွန်အောင်တို့ကိုရော အခြားသူတွေကိုပါ ဆက်သွယ်ခေါ်ယူပြီးတော့ KIA ရဲ့လက်အောက်ခံ AA လက်နက်ကိုင်တပ်ဖွဲ့အဖြစ်နဲ့အင်အား ၂၆ ဦးထက်မနည်း စတင်ဖွဲ့စည်းခဲ့တာမျိုးလို့သိရပါတယ်။ ခေတ်ပညာတတ်ဖြစ်တဲ့ ထွန်းမြတ်နိုင်နဲ့ညိုထွန်းအောင်ကတော့ AA အဖွဲ့မှာ ခေါင်းဆောင်၊ ဒုခေါင်းဆောင်အဖြစ်နဲ့ရွေးချယ်တင်မြှောက်ခံရပြီးတော့မှ သူတို့ကိုယ်တိုင်ကလည်း တကယ့် AA လက်နက်ကိုင်အဖွဲ့ကြီးတစ်ခုလို တည်ဆောက်လာချိန်မှာပဲ စစ်ဦးစီးချုပ်နဲ့ဒုတိယစစ်ဦးစီးချုပ်တွေအဖြစ် ကိုယ်တိုင်ခန့်အပ်တာဝန်ယူခဲ့ကြတာမျိုးလို့လည်း သတင်းအချက်အလက်တွေမှာ တွေ့နေရပါတယ်။ AA အဖွဲ့ဟာ ကချင်ပြည်နယ်ထဲမှာ ကျောက်တူးဖို့လာတဲ့ ရခိုင်တိုင်းရင်းသားတွေကို ရခိုင်ဘုရင့်နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်နဲ့စည်းရုံးပြီးတော့ လူသစ်စုဆောင်းကြပါတယ်။ AA အဖွဲ့မူလ ပေါ်ပေါက်လာပုံကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းက ဖြစ်ခဲ့တာဆိုပေမယ့် ၂၀၀၉ ကနေ ၂၀၁၄ လောက်အထိ AA ကို ဘယ်အဖွဲ့အစည်းကမှ တူတူတန်တန်သဘောထားခဲ့တာမျိုး မရှိပါဘူး။ အထူးသဖြင့် အစိုးရနဲ့တပ်မတော်ဘက်ကဆိုရင် AA ကို ရှိတယ်လို့မမှတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စာရင်းထဲကို မသွင်းတဲ့အပြင် သူပုန်ဓါးမြအဖွဲ့၊ KIA နောက်ဆွဲ ခိုင်းဘက်အဖွဲ့သဘောမျိုး သတ်မှတ်ခဲ့ကြတာပါ။ KIA သာ ငြိမ်းချမ်းရေးမှာ ပါလာရင် AA ဆိုတာ အလိုလို ပျောက်သွားလိမ့်မယ်လို့အထင်ရှိခဲ့ပုံပါပဲ။ 

AA လက်နက်ကိုင်အဖွဲ့ရဲ့ခြေလှမ်းများ
ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ညိုထွန်းအောင်တို့ဟာ AA လက်နက်ကိုင်အဖွဲ့အတွက် တကယ်ကိုပဲ ထက်မြက်တဲ့ခေါင်းဆောင်မှု ပေးနိုင်သူတွေလို့ဆိုရမှာပါ။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ လောက်အထိ ဘယ်သူမှအသိအမှတ်ပြုမခံရတဲ့ သာမန်အဖွဲ့ငယ်လေးဘဝကနေ ယနေ့၂၀၁၉ မှာ အားလုံးက သတိထားလာရတဲ့ လက်နက်ကိုင်အဖွဲ့ကြီးတစ်ခုလိုမျိုး ဖြစ်လာတာဟာ ညောင်မြစ်ဥပမာလိုမျိုး ဖြည်းဖြည်းချင်း စိတ်ရှည်လက်ရှည်ရစ်ပတ်လာခဲ့တာကြောင့်လို့ ဆိုနိုင်ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ တုန်းကတည်းက စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ AA လက်နက်ကိုင်အဖွဲ့ပါဝင်ဆွေးနွေးခွင့်ရစေဖို့အတွက် ဝိုင်းဝန်းကြိုးပမ်းပေးခဲ့ကြတဲ့အဖွဲ့တွေလည်း ရှိခဲ့ပါတယ်။ အဲဒီတုန်းကတည်းက AA ဟာ နိုင်ငံရေးရည်မှန်းချက် သိပ်ကြီးလွန်းတယ်ဆိုတာကို သိသာစေခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်သက်တမ်းသာ ကုန်သွားခဲ့ပေမယ့် AA ဟာ တူတူတန်တန်ဖိတ်ကြားမခံခဲ့ရသလို ၊ AA ခေါင်းဆောင် ထွန်းမြတ်နိုင်ဟာလည်း တရုတ်နယ်စပ်နဲ့ထိုင်းနယ်စပ်တစ်လွှားမှာ ကျင်းပခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အစည်းအဝေးတွေကိုသာ လှည့်ပတ်တက်ရင်း အချိန်ကုန်နေခဲ့ရတာပါ။ မှတ်မှတ်ရရ တစ်ခေါက်မှာတော့ တရုတ်အစိုးရရဲ့အရေးပါဆုံး ငြိမ်းချမ်းရေးပွဲစားကြီး ဆုန့်ကော်ရှင်းနဲ့" ၀ " နယ်မြေထဲမှာ ဆုံဖြစ်ခဲ့တာဟာ AA ကိုပိုပြီး သန်မာလာစေဖို့လမ်းစဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ဝင်ထိုင်ဖို့အတွက် နယ်မြေဆိုတဲ့ ထိုင်ခုံမရှိတာဟာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက် သေချာပေါက်လုပ်ရမယ့်အလုပ်ကို သိသွားစေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၅ လောက်ကတည်းက ကချင်နယ်မြေထဲကနေ တဖြည်းဖြည်းချင်း ဆုတ်ခွာပြီးတော့ ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ချင်းပြည်နယ် နယ်စပ်တစ်ကျောမှာ နယ်မြေခြေကုပ်ရဖို့ကြိုးစားလာခဲ့လို့တွက်ဆရမှာပါ။ တကယ်တော့ ဒီမတိုင်မီကတည်းက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့AA လက်နက်ကိုင်အဖွဲ့မူဝါဒနဲ့ရှေ့လုပ်ငန်းစဉ်ထဲမှာ ရခိုင်ပြည်နယ်အတွင်း တစ်နေရာမှာ နယ်မြေခြေကုပ်ရဖို့ဆိုတာ ပါကိုပါလာတဲ့သဘောပါ။ အချိန်ကိုက်ဆိုသလို တရုတ် မင်းသားကြီး ဆုန့်ကော်ရှင်းနဲ့တွေ့ဆုံမှုတွေ ခပ်စိတ်စိတ်ဖြစ်လာခဲ့ချိန်မှာတော့ တရုတ်-မြန်မာ ပိုက်လိုင်းစီမံကိန်းရဲ့ရခိုင်ပြည်နယ်အခြမ်း တောတွင်းဒေသတွေဟာ AA အတွက် မျက်စိကျစရာဖြစ်လာခဲ့ပါတယ်။ သူတို့အချင်းချင်းကြားမှာ အပေးအယူတွေကတော့ သေချာပေါက် ရှိနေနိုင်ပါတယ်။ ကျောက်ဖြူ-ကူမင်း ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ရေနံတွေစပြီး တရုတ်ကို ပို့လွှတ်ပါတယ်။ အလားတူပဲ နောက်တစ်နှစ်တောင်မကြာခင်မှာပဲ သဘာဝဓါတ်ငွေ့တွေပါ ပို့လွှတ်ပါတယ်။ ဒီပိုက်လိုင်းကြီးကို ဘယ်သူကမှ လာရောက်ဒုက္ခမပေးနိုင်အောင် တရုတ်နိုင်ငံဘက်က စဉ်းစားပုံစဉ်းစားနည်းတွေ ရှိမှာပါ။ ဒီအတွက် AA က ထိုက်တန်တဲ့ငွေကြေးနဲ့တာဝန်ထမ်းဆောင်ဖို့စိတ်ဝင်စားပုံလည်း ရနိုင်ပါတယ်။ AA အတွက်ကတော့ နယ်မြေထိုင်ခုံလည်း ရမှာဖြစ်သလို နောက်ခံငွေကြေးလည်း အတိုင်းအတာတစ်ခုအထိ အဆင်ပြေစေမှာဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့ကြီးတစ်ခု ဖြစ်လာလေလေ စီးပွားရေးအားက ကောင်းလာလေလေ ဆိုတဲ့ခေါင်းစဉ်အောက်ကို တစ်ဆင့်ပြီးတစ်ဆင့် ရောက်သွားတဲ့သဘောမျိုးပါ။ ဒီအတွက် AA ဟာ ရခိုင်ပြည်နယ်ထဲက နိုင်ငံရေးပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့လည်း ထိတွေ့မှု လုပ်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ် ဧပြီလကုန်ပိုင်းမှာ ကျင်းပတဲ့ ကျောက်ဖြူညီလာခံ(ရခိုင်နိုင်ငံတော်) ကို တက်ရောက်ပြီးတော့ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာအေးမောင်တို့ကိုပါ တွေ့ဆုံစကားပြောဆို ရင်ချင်းကပ်ထားနိုင်ခဲ့တာမျိုးပါ။ ဒီတော့ AA လက်နက်ကိုင်အဖွဲ့နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ တကယ်ကိုပဲ နိုင်ငံရေးရည်မှန်းချက်ကြီးတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်လာသလို လက်ရှိ NLD အစိုးရလက်ထက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အစွာဆုံးအဖွဲ့ဖြစ်လာပါတယ်။

AA လက်နက်ကိုင်အဖွဲ့နဲ့ရခိုင်တိုင်းရင်းသားတို့ရဲ့စိတ်ဆန္ဒများ
AA လက်နက်ကိုင်အဖွဲ့ပေါ်ပေါက်လာပြီးတဲ့နောက် တစ်နှစ်ကျော်အတွင်းမှာပဲ ရခိုင်တိုင်းရင်းသားတွေရဲ့ရင်ထဲမှာ AA က အလိုလိုရောက်သွားတာကတော့ အသေအချာပါပဲ။ ရခိုင်တိုင်းရင်းသားတွေနဲ့ပတ်သက်ရင် အခြားသောတိုင်းရင်းသားတွေဆီက လာတဲ့စကားသံတွေအရ ရခိုင်တွေဟာ အခြားတိုင်းရင်းသားတွေထက် ပိုပြီး စိတ်ဓါတ်အယူအဆပြင်းထန်ကြတယ်ဆိုတာလေးပါ။ ဒါ့အပြင် ရခိုင်တစ်ယောက်က အခြားတိုင်းရင်းသားတစ်ယောက်နဲ့တွေ့ရင် အထူးသဖြင့် ဗမာတစ်ယောက်နဲ့တွေ့ရင် ဗမာတွေမကောင်းကြောင်းကို ရဲရဲဝံ့ဝံ့ပြောရဲကြသလို ရခိုင် နှစ်ယောက်သုံးယောက်ဖြစ်သွားရင် ရခိုင်နိုင်ငံတော်အကြောင်းနဲ့ရခိုင်ပြည်ကနေ ဗမာတွေ သိမ်းပိုက်သွားတယ်ဆိုတာတွေကို တရစပ်ပြောလေ့ရှိကြတယ်လို့ဆိုပါတယ်။ ဒီဖြစ်စဉ်တွေဟာ တကယ်ပဲလားဆိုတော့ တကယ်ပဲ ဖြစ်နေတာပါ။ ရခိုင်တိုင်းရင်းသားတိုင်းလိုလိုမှာ ရခိုင်နိုင်ငံတော်ဆိုတဲ့ကိစ္စဟာ အမြစ်တွယ်ရုံမက ကမ္ဘာ့အပြင်ဘက်ကို ဖောက်ထွက်နေသလားလို့တောင် ယူဆစရာရှိပါတယ်။ ရခိုင်တိုင်းရင်းသားအချင်းချင်းမှာတောင် မြောက်ဦးရခိုင်နဲ့အခြားဒေသက ရခိုင်တွေဟာ အဆင့်အတန်းမတူသလိုမျိုး ပြောကြဆိုကြတာတွေလည်း ကြားဖူးပါတယ်။ ရခိုင်တွေကြောင့် မြန်မာပြည်အနောက်ဘက်ကမ်းရိုးတန်းနဲ့ဘင်္ဂါလီတွေရန်ကနေ လုံခြုံတာလို့လည်း အားပါမာန်ပါ ပြောလေ့ရှိကြပါတယ်။ ဒီလိုအနေအထားတွေမှာ ရခိုင်တိုင်းရင်းသားတွေကို ရခိုင်တပ်မတော်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ AA လက်နက်ကိုင်အဖွဲ့က စည်းရုံးဖို့လွယ်သလားမေးရင်တော့ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေက သက်သေပါပဲ။ AA လက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို လွတ်လပ်တဲ့ရခိုင်နိုင်ငံတော်အဖြစ် ဖော်ဆောင်နိုင်လိမ့်မယ်လို့ရခိုင်တိုင်းရင်းသားတော်တော်များများက ယုံကြည်နေကြပါသေးတယ်။ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေကိုယ်တိုင်ကလည်း AA နဲ့ပတ်သက်ရင် ဘယ်သောအခါမှ AA လုပ်ထုံးလုပ်နည်းမမှန်ကြောင်း သေးသေးလေးတောင်မှတ်ချက်ပြုတာမျိုး မတွေ့ဖူးသေးတဲ့အတွက် ဒါကလည်း စိတ်ဝင်စားစရာ အခြေအနေအဖြစ်ထည့်တွက်ရပါတော့မယ်။ ပိုပြီး စိတ်ဝင်စားစရာ ပြုံးချင်စရာကောင်းတာတွေကတော့ AA လက်နက်ကိုင်အဖွဲ့က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ (၇)နှစ်သားအရွယ်ကတည်းက နိုင်ငံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဥပဒေဘာသာရပ်တွေကို လေ့လာနေခဲ့တယ်ဆိုတာရယ်၊ ဆယ်တန်းကို ဂုဏ်ထူး(၇)ဘာသာနဲ့အောင်မြင်ခဲ့တယ်ဆိုတာရယ် ၊ ကျောင်းတက်နေစဉ်အတွင်းမှာပဲ ဥပဒေနဲ့အင်္ဂလိပ်ဘာသာရပ်တွေကို တက္ကသိုလ်က ပါမောက္ခတွေကိုပါ ပြန်သင်ပေးနေရတယ်ဆိုတာရယ်၊ မင်းဆွေမင်းမျိုးဖြစ်ပြီး ချမ်းသာကြွယ်ဝပေမယ့် အောက်ခြေအလုပ်ကနေအစ အချိန်ပိုင်းအဆိုတော်၊ အချိန်ပိုင်းမင်းသားအလုပ်အထိ လုပ်ဖူးတဲ့အကြောင်းရယ်၊ ဗြိတိန်အောက်စ်ဖို့တက္ကသိုလ်က ပါရဂူဘွဲ့ပေးတာကိုတောင် ငြင်းဆန်ခဲ့တယ်ဆိုတာရယ် အပါအဝင် အချို့သော ရေးသားချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက သာမန်အားဖြင့် ဖတ်လိုက်ရင်တော့ ဟုတ်သယောင်ယောင် ထင်ရပေမယ့် တကယ်တန်းမှာ တစ်လွဲတွေဖြစ်နေတာဟာ AA နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ရခိုင်မဟုတ်တဲ့ အခြားတိုင်းရင်းသားတွေက ပြုံးရွှင်စရာအကြောင်းအရာတွေအဖြစ် ရှုမြင်စေခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့AA ကတော့ လက်ရှိအစိုးရလက်ထက်မှာပဲ နယ်မြေထိုင်ခုံတစ်နေရာအတွက် ရဲရဲဝံ့ဝံ့ တိုက်ခိုက်လာပါတော့တယ်။ အထူးသဖြင့် ရဲတိုက်လို့နာမည်ရသည်အထိ ရဲရဲဝံ့ဝံ့နဲ့ပဲ ရဲကင်းစခန်းတွေကို အလစ်အငိုက်တိုက်ခိုက်တာတွေ လုပ်လာတာပါ။ တပ်မတော်စစ်ကြောင်းတွေကိုလည်း ချောင်းမြောင်းတိုက်ခိုက်တာတွေ လုပ်ပါတယ်။ AA ထောက်ခံသူ လူမှုကွန်ရက် ကီးဘုတ်ဖိုက်တာတွေရဲ့အဆိုအရ AA လက်နက်ကိုင်အဖွဲ့ဟာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ဒုံးလက်နက်အဆန်းတွေကိုပါ ပိုင်ဆိုင်ထားတယ်လို့ဆိုနေကြပါတယ်။ ဒါတွေဟာလည်း မှတ်တမ်းတင်ထားရမယ့် ပြုံးစရာဖြစ်ရပ်လေးတွေလို့ဆိုနိုင်ပါတယ်။ သို့သော်လည်း AA လက်နက်ကိုင်အဖွဲ့နဲ့ရခိုင်တိုင်းရင်းသားတွေ သီးသန့်အတွက်ကတော့ သူတို့မှန်ပါတယ်။

AA လက်နက်ကိုင်အဖွဲ့ရဲ့ဝင်ငွေ လမ်းကြောင်း
ရခိုင် (၂၆)ဦးနဲ့စတင်ခဲ့တယ်ဆိုတဲ့ AA လက်နက်ကိုင်အဖွဲ့ဟာ လက်နက်တွေရဖို့နဲ့လူသစ်စုဆောင်းမှုတွေတိုင်းမှာ သုံးစွဲဖို့ငွေကြေး၊ လက်နက်ကိုင်အဖွဲ့ထဲက လူတွေအားလုံး နေ့စဉ်ထမင်းနပ်မှန်ဖို့အတွက်ငွေတွေကို မိုးပေါ်က ကျလာတယ်လို့ထင်စရာရှိပါတယ်။ AA လက်နက်ကိုင်အဖွဲ့ဘက်ကနေ ကာကွယ်သူအချို့ကတော့ AA လက်နက်ကိုင်အဖွဲ့ဆီကို ရခိုင်တိုင်းရင်းသားမျိုးချစ်ပုဂ္ဂိုလ်တွေက ငွေကြေးအလှူတွေပေးပို့ကြတယ်လို့ဆိုကြသလို တချို့ကတော့ ရခိုင်လက်နက်ကိုင်အဖွဲ့ဟာ တော်လှန်ရေးအတွက် ဆင်းရဲပင်ပန်းခံပြီး ကိုယ်တိုင်တောထဲမှာ ရှာဖွေစားသောက်ကြတာလို့ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် AA လက်နက်ကိုင်အဖွဲ့လူ (၁၀၀၀)ရှိတယ်ဆိုရင်တောင် လူတစ်ယောက်အတွက် စားစရိတ်တစ်ဦး ကျပ်(၅၀၀၀၀)ပဲ အနည်းဆုံးထားတွက်ရင်တောင် တစ်လကို ကျပ်သိန်း (၅၀၀)လိုအပ်ပါတယ်။ တစ်နှစ်ဆိုရင် သိန်း (၆၀၀၀)လိုပါမယ်။ သူတို့ကိုင်ဆောင်ထားတဲ့ လက်နက်တွေဟာ တစ်လက်ကို ကျပ်တစ်သိန်းပဲ တန်တယ်ဆိုရင်တောင် သိန်း(၁၀၀၀)ထက်မနည်း တန်ကြေးရှိနေပါတယ်။ ကျည်ဆန်တစ်တောင့်ကို ကျပ်(၁၅၀၀)ဆိုရင်တောင် သေနတ်တစ်လက်မှာ ကျည်ဆန်(၁၀)တောင့်ပဲ သတ်မှတ်ကြပါစို့။ သေနတ်အလက်ပေါင်း(၁၀၀၀)အတွက် ကျပ်သိန်း(၁၅၀)အနည်းဆုံး ကုန်ကျပါတယ်။ ကျည်ဆန်(၁၀)တောင့်ဟာ တကယ်သုံးရင် တစ်မိနစ်ပစ်စာတောင်မရှိပါဘူး။ လူ(၁၀၀၀)ဝတ်မယ့် AA ဝတ်စုံအတွက် တစ်ထည်ကို ကျပ်(၄၀၀၀) ပဲကုန်ကျတယ်ဆိုရင်တောင်၊ တစ်ယောက်တစ်ထည်ပဲပေးရင်တောင် ကျပ်သိန်း(၄၀)ကုန်ကျမှာပါ။ AA လက်နက်ကိုင်အဖွဲ့မှာ လူ(၁၀၀၀)ပဲ ရှိတယ်ဆိုရင်တောင် တစ်နှစ်ကိုကျပ်သိန်း(၁၀၀၀၀)လောက် ကုန်နေမယ့် ငွေကြေးကို AA ခေါင်းဆောင်တွေ ဘယ်ကနေ ရှာဖွေနေသလဲဆိုတာဟာ သိပ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ နိုင်ငံတကာသတင်းအချို့နဲ့တရုတ်နိုင်ငံဘက်က သံတမန်လမ်းကြောင်းကနေ လာတဲ့သတင်းတွေမှာတော့ AA လက်နက်ကိုင်အဖွဲ့ဟာ ငွေကြေးအတွက် တရုတ်နိုင်ငံဆီကနေ အထောက်အပံ့တွေယူနေရသလို ၊ မူးယစ်ဆေးကုန်သွယ်ရောင်းဝယ်ဖောက်ကားရေးလမ်းကြောင်းကနေ အဓိကဝင်ငွေလမ်းကြောင်းတွေအဖြစ် ရယူနေတယ်လို့ဆိုပါတယ်။ အတည်မပြုဖို့ခက်ခဲနေသေးတဲ့သတင်းတွေအရ(တစ်နည်းအားဖြင့် AA ခေါင်းဆောင်တွေကိုယ်တိုင်ဝန်ခံထွက်ဆိုမှုမပြုသ၍မသိနိုင်သေးသောသတင်းတွေအရ) AA အဖွဲ့ဟာ တရုတ်နိုင်ငံဆီကနေ ငွေကြေးရယူထားသလို ၊ မူးယစ်ဆေးဝါးအပြင် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ARSA နဲ့လည်း သဘောတူပတ်သက်မှုတွေရှိထားတယ်လို့ဆိုပါတယ်။ ဒီအချက်တွေကိုလည်း တပ်မတော်ဘက်မှာရော အစိုးရဘက်မှာပါ အတိအလင်း ထုတ်ပြန်အသိပေးထားပါတယ်။ သို့သော်လည်း ဒါတွေအတွက် AA ဘက်ကနေ ထွက်လာမယ့် အမေရိကန် စနိုဒင်လိုတစ်ယောက်ရှိရင်တော့ သေချာပေါက်အတည်ပြုနိုင်ပြီလို့ဆိုနိုင်ပါတယ်။ ဒါဆိုရင်ဖြင့် AA နဲ့ARSA တို့က ဘာတွေသဘောတူထားကြသလဲဆိုတာနဲ့တရုတ်နိုင်ငံတို့ကြားမှာ ဘယ်လိုပတ်သက်နေလဲဆိုတာတွေက ပြည်သူတွေကြားမှာ စိတ်ဝင်စားစရာကောင်းလာပြန်ပါတယ်။

AA ၊ ARSA ၊ တရုတ်နိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြားမှာ ပတ်သက်ဖွယ်ရှိတဲ့အကြောင်းတရားအချို့
ရခိုင်ပြည်နယ်ကို ရှင်းရှင်းလင်းလင်းကြည့်ချင်တယ်ဆိုရင် အနောက်ဘက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရဲ့အရေးပါပုံကို ထဲထဲဝင်ဝင် ဖြဲကြည့်ဖို့တော့ လိုပါတယ်။ ရခိုင်ပြည်နယ်ဟာ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်နေတာကတော့ အရှင်းသားအထင်းသားကြီး မြင်ရမှာဖြစ်သလို ကမ္ဘာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုရဲ့၆၀ ရာခိုင်နှုန်းလောက် အရေးပါတဲ့ ဒီဒေသကို တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်မှုဖြစ်အောင် ဖော်ဆောင်ဖို့လွယ်ကူမယ်လို့ယူဆစရာရှိပါတယ်။ တစ်ဖက်မှာ လူဦးရေပေါက်ဖွားနှုန်း တစ်ဟုန်ထိုးမြင့်တက်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ တစ်ဖက်မှာ အိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာပင်လယ်ရေကြောင်းကုန်သွယ်ရေးအတွက် အဓိကထွက်ပေါက်၊ အခြားတစ်ဖက်မှာတော့ ရခိုင်တိုင်းရင်းသားတို့ရဲ့စိတ်နေစိတ်ထား စတဲ့အချက်တွေဟာ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်ရမယ့်အစား စစ်မီးတွေ တောက်လာစေမယ်ဆိုတာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်ကတည်းက နိုင်ငံရေးမဟာဗျုဟာတွက်ဆထားနိုင်သူအချို့က ကြိုမြင်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်ထဲမှာ ကျောက်ဖြူ-ကူမင်း ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို စစ်အစိုးရလက်ထက်မှာပဲ ဖြစ်အောင် စာချုပ်ချုပ်ဆိုတည်ဆောက်နိုင်ခဲ့သလို ကွင်းဆက်အဖြစ် ရထားလမ်းနဲ့ကားလမ်းကိုပါ ချိတ်ဆက်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ကျောက်ဖြူမှာ အထူးစီးပွားရေးဇုန်နဲ့ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးကို အကောင်အထည်ဖော်ဖို့ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာတော့ စာချုပ်သစ်ပြန်လည်ချုပ်ဆိုမှုနဲ့အတူ ပိုပြီးလမ်းပွင့်သွားပါတယ်။ ကိုကိုးကျွန်းကို အလိုရှိခဲ့ဖူးတဲ့ တရုတ်နိုင်ငံဟာ ကိုကိုးကျွန်းအစား ကျောက်ဖြူစီမံကိန်းကို အရယူနိုင်ခဲ့တဲ့အတွက် တရုတ်ရဲ့လိုလားချက်က ဘာကိုရည်ညွှန်းလဲဆိုတာ ရှင်းရှင်းလင်းလင်းပေါ်လာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံကလည်း ကျောက်ဖြူစီမံကိန်းနဲ့အပြိုင် အိန္ဒိယအရှေ့မြောက်ဘက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျုဟာခေါင်းစဉ်နဲ့အတူ မြန်မာကိုဖြတ်သန်းမယ့် လမ်းကြောင်းနှစ်သွယ်ထွက်လာပါတယ်။ တစ်ခုကတော့ အိန္ဒိယ-မြန်မာ-ထိုင်း(နောက်ပိုင်းတွင် ထိုင်းမှတစ်ဆင့် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်အထိ) သုံးနိုင်ငံကုန်သွယ်ရေးလမ်းမကြီးနဲ့စစ်တွေကို ဦးတည်ထားတဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းပဲ ဖြစ်ပါတယ်။ ကုလားတန်မြစ်ကြောင်း စီမံကိန်းဟာ ကုန်းတွင်းပိတ် အိန္ဒိယပြည်နယ်တွေဖြစ်တဲ့ ထရိပူရ၊ မီဇိုရမ်၊ မဏိပူရ၊ နာဂလန်၊ အရူနာချယ်ပရာဒတ်ရှ်၊ အာသံ၊ မာဂ္ဂါလာရစတဲ့ပြည်နယ်တွေကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးကနေတစ်ဆင့် စီးပွားရေးတိုးတက်လာစေဖို့ရည်ညွှန်းတယ်လို့အိန္ဒိယနိုင်ငံထဲမှာလည်း ချပြထားသလို နိုင်ငံတကာကိုလည်း အသိပေးထားပါတယ်။ နောက်တစ်နည်းကတော့ အစဉ်အလာပြိုင်ဘက် တရုတ်နိုင်ငံကိုပါ ထောက်ကွက်တစ်ကွက်အဖြစ် မြန်မာမြေပေါ်မှာလာပြီး ခြေကုပ်ယူထားတာမျိုးပါ။ တရုတ်နိုင်ငံရဲ့အင်အားကြီးထွားလာမှုနဲ့ကမ္ဘာပတ်လမ်း စီမံကိန်းတွေဟာ အိန္ဒိယကိုမျက်လုံးပြူးသွားစေတာအပြင် အမေရိကန်ကိုပါ မျက်ဖြူဆိုက်စေတာကြောင့် အမေရိကန်ကလည်း ရခိုင်ပြည်နယ်ကြီး မှာ တရုတ်နဲ့အိန္ဒိယအပြိုင် စီမံကိန်းတွေလုပ်ကြရင်းနဲ့တည်ငြိမ်အေးချမ်းတိုးတက်နေမှာကို မလိုလားတော့တာက ဝန်မခံတဲ့ အမှန်တရားပါပဲ။ တရုတ်ကို ဝန်းရံပိတ်ဆို့ရေး မဟာဗျုဟာက ရခိုင်ပြည်နယ်မှာ လာပြီး ဆုံချက်ကျနေတဲ့အတွက် အမေရိကန်တို့ကောက်ကိုင်ပြီး ကျား(ချက်စ်)ထိုးရမယ့် ပွန်းတွေဟာ AA နဲ့ARSA ဖြစ်လာပါတယ်။ ဒီအချိန်မှာပဲ အစ္စလာမ်ဝါဒလှိုင်းအတွက် OIC အဖွဲ့က ငွေကြေးပုံအောသုံးစွဲနေတဲ့အချိန် ၊ ဘင်္ဂလားဒေ့ရှ်ကလည်း ပေါက်ဖွားနှုန်းမြင့်လာတဲ့ လူဦးရေကို နိုင်နင်းအောင်ထမင်းကျွေးဖို့ခက်လာတဲ့အချိန်၊ မောင်တော၊ ဘူးသီးတောင်ဒေသအတွင်းမှာ ဘင်္ဂါလီတွေ တိုးပွားနှုန်းမြင့်တက်နေတဲ့အချိန်တွေဟာ " မိုးတွေကလည်းသည်းထန်စွာရွာ ၊ ထမင်းကြော်ကလည်း မှာထားပြီးသား၊ အခန်းတံခါးကလည်း လော့ကျသွားချိန် " ဖြစ်သွားပြီးတော့ ရခိုင်ဟာအပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ရုံတင်မက " Gravity အပြင်ဘက်ခုန်ထွက်ပြီး၊ သက်တန့်တွေပါ ကွေးကုန်တယ်လို့" ဆိုရမှာပါ။ အဓိကကတော့ အကျိုးစီးပွားကိုယ်စီဟာ တစ်နေရာမှာ သွားဆုံကြတာမျိုးပါ။ ဆုံရပ်ကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ကတည်းက ကြိုတင်တွက်ခဲ့တဲ့အတိုင်း ရခိုင်ပြည်နယ်ဖြစ်နေတာပါပဲ။ ဒီလိုအချိန်မျိုးမှာပဲ ငွေပုံကြီးလိုဖြစ်နေတဲ့ ရခိုင်ပြည်နယ်အရေး အလှုပ်အခတ်ကစားပွဲမှာ ရခိုင်ပြည်သူတွေကို ဆွဲဆောင်ထားနိုင်ဆုံး AA လက်နက်ကိုင်အဖွဲ့က အကွက်မြင်မြင် ဝင်ပါလာတာပဲဖြစ်ပါတယ်။ ဒီပွဲကို ဝင်ပါခြင်းအားဖြင့် AA အတွက် ထမင်းနပ်မှန်ဖို့စိတ်ချသွားရသလို၊ ငြိမ်းချမ်းရေးအတွက်နယ်မြေထိုင်ခုံပါ ခိုင်မာသွားခဲ့ပါတယ်။ ဒီအတွက် AA လက်နက်ကိုင်အဖွဲ့က ခေါင်းစဉ်တပ်စရာ သိပ်ခက်ခက်ခဲခဲမရှိပါဘူး။ အများနည်းတူ ရခိုင်အမျိုးသားအကျိုးစီးပွားဆိုတာလေးပါပဲ။ နာမည်ကတော့ Arakan Army ဆိုတာလေးနဲ့ပါ။ ဆိုရရင်ဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ ရဲတိုက်(ရဲစခန်းများကိုသာ အဓိကထား၍တိုက်ခိုက်ခြင်းကိုဆိုလိုသည်) ကိစ္စကတော့ မဟာဗျုဟာကစားကွက်တွေထဲက သာမန်ပြဇာတ်ဆန်ဆန် ဝင်ကပြတဲ့ ဇာတ်ကွက်တစ်ခုလို့ပဲ ဆိုရမှာပါ။ AA လက်နက်ကိုင်အဖွဲ့ဟာ နယ်မြေခြေကုပ်တစ်ခုခုကို ရယူဖို့အတွက် ယောင်ပြတိုက်ခိုက်မှုတွေကို နောက်လည်းလုပ်နေဦးမှာပါပဲ။ ဘယ်သူတွေက ဘာတွေပဲပြောပြော AA လုပ်နေမယ့်အလုပ်က ရခိုင်ပြည်နယ်ထဲမှာ ခြေကုပ်တောတွင်းမြေနေရာတစ်ခုခုရဖို့အတွက် မြို့ပြထဲက နယ်မြေအချို့မှာ ရဲတိုက်၊ ဗျုဟာတိုက်၊ အလစ်အငိုက်ချောင်းမြောင်းလိုက်နဲ့ပဲ ယောင်ပြတွေလုပ်နေဦးမှာပါ။ ကြားထဲက ဓါးစားခံကတော့ ရှင်းရှင်းလေးပါ။ ပြည်သူတွေပါပဲ။ 

တပ်မတော်ဘက်က AA အပေါ် သဘောထား
" ဒါကတော့ လက်နက်ကိုင်သောင်းကျန်းသူဆိုတာကတော့ လက်နက်ကိုင်သောင်းကျန်းသူဆိုရင် ရှင်းရမှာပါပဲ။ လက်နက်မကိုင်ဘဲနဲ့ငြိမ်းငြိမ်းချမ်းချမ်းလုပ်တဲ့သူဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့သွားရမှာပေ့ါ " လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ(၁၈)ရက်မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။ AA လက်နက်ကိုင်အဖွဲ့နဲ့တပ်မတော်တို့ကြားက ထိတွေ့တိုက်ပွဲတွေနဲ့လူမှုကွန်ရက်ပေါ်က လှိုင်းတွေအကြောင်းမေးကြချိန်မှာပဲ ဖြေကြားခဲ့တာပါ။ AA ကို တိုက်နေရတဲ့ တိုက်ပွဲမှာ တပ်မတော်ဘက်က ရှုံးနေသလားဆိုတာကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောမတွေ့တဲ့ပုံစံမျိုးပြသခဲ့သလို လူမှုကွန်ရက်ပေါ်မှာ ရေးသားလာသမျှတွေကို ထင်ရာရေးကြတာတွေဖြစ်တယ်လို့ပဲ သတ်မှတ်ထားကြောင်း ပြောခဲ့ပါတယ်။ AA လက်နက်ကိုင်နဲ့ပတ်သက်ရင် အစိုးရနဲ့တပ်မတော်တို့ဟာ သောင်းကျန်းသူတွေလို့သဘောထားသလို AA ရဲ့လုပ်ရပ်တွေဟာ အဖျက်အမှောင့်လုပ်ရပ်တွေလို့ရှုမြင်ထားကြပါတယ်။ ဒါပေမဲ့လည်း တိုင်းရင်းသားလက်နက်ကိုင်ဖြစ်နေတဲ့အတွက်တစ်ကြောင်း၊ မြို့ပြအိမ်ခြေအတွင်းထဲအထိ ဘယ်သူက AA မှန်းမသိတော့အောင်ဖြစ်နေတာတွေက တစ်ကြောင်း အခြားသောအကြောင်းကြောင်းတွေကြောင့် အပြတ်ရှင်းနိုင်ရင်တောင် မရှင်းတော့ဘဲ လာပစ်ချိန်တိုင်းမှာ လိုက်လံရှင်းလင်းတာလောက်ပဲ လုပ်သွားမယ့်သဘောမျိုးတော့ မြင်ရပါတယ်။ တကယ်တန်း တောတွင်းမှာ ယှဉ်ပြီးတိုက်ခိုက်ကြစတမ်းဆိုရင်တော့ AA လက်နက်ကိုင်အဖွဲ့ဟာ အစအနတောင် ကျန်လောက်မှာမဟုတ်တဲ့အထိ တပ်မတော်ဘက်က အစွမ်းပြချင်သူတွေ ရှိနေပါတယ်။ သည်းခံပေးရမယ့်အတိုင်းအတာတွေကြောင့် အပြတ်မရှင်းဘဲ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လှမ်းခေါ်နေတာမျိုးဖြစ်ပြီးတော့ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းနဲ့ရှင်းဖို့၊ ကိုယ်တိုင်အကျိုးစီးပွားတွေကို ထားခဲ့ကြဖို့တိုက်တွန်းနေတာလို့ယူဆပါတယ်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ လုပ်သွားတဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာဆိုရင် AA ကို အပြုတ်တိုက်နိုင်ပေမယ့် တိုင်းရင်းသားညီအစ်ကိုတွေဖြစ်နေလို့အပြုတ်မတိုက်သေးဘဲ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ခေါ်နေတာဖြစ်တယ်လို့အတိအလင်းပြောခဲ့ကြပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်လှိုင်းတွေမှာတော့ AA ဘက်ကနေ အသည်းအသန်ဝိုင်းဝန်းရေးသားနေကြတဲ့ အုပ်စုတစ်စုက သိသိသာသာထိုးထွက်လာပြီးတော့ တပ်မတော်ဟာ ရခိုင်တွေကို သတ်ဖြတ်နေပါတယ်ဆိုတဲ့ပုံစံမျိုး ဖော်ဆောင်ရေးသားနေတာတွေ တွေ့ရပြန်ပါတယ်။ တပ်မတော်ကတော့ ထိုးစစ်ဆင်နေတဲ့နေရာမှာ မြင်နေကြားနေရတဲ့ မြင်ကွင်းတွေအရ တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းလုပ်နေတာကို မြင်ရပါတယ်။ ဘာကြောင့်ဒီလိုပြောနိုင်သလဲဆိုရင် တပ်မတော်မှာရှိထားတဲ့ တိုက်လေယာဉ်တွေ၊ ဒုံးလက်နက်တွေဟာ ချေမှုန်းအားကောင်းနေပြီဖြစ်သလို လက်တွေ့မှာ ရခိုင်နယ်ထဲကို ထိထိမိမိ ချမသုံးသေးဘူးလို့ဆိုနိုင်တာကြောင့်ပါ။ 

စိတ်ဝင်စားဖွယ် အချက်အလက်အချို့
ရခိုင်ပြည်နယ်ထဲမှာ ARSA အဖွဲ့က အစိုးရအချုပ်အခြာကို ထိပါးစေမယ့် ချောင်းမြောင်းတိုက်ခိုက်မှုနဲ့ပေါ်တင်တိုက်ခိုက်မှုတွေ လုပ်ထားသလို AA အဖွဲ့ကလည်း ရခိုင်ပြည်နယ်ထဲမှာပဲ အလားတူလုပ်ရပ်တွေ လုပ်ထားပါတယ်။ လုပ်ဆောင်ကြတဲ့ပုံစံကလည်း သိပ်မခြားနားသလို လုပ်ဆောင်ဖို့ထိုးထွက်လာတဲ့ နယ်မြေတွေကလည်း မောင်တော၊ ဘူးသီးတောင်နဲ့နယ်စပ်တွေမှာပဲ ဖြစ်နေတာပါ။ လတ်တလောခြေကုပ်ယူထားတာကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးနဲ့မြန်မာနယ်စပ်ခြံစည်းရိုး တောနက်တွေထဲမှာပဲ ဖြစ်နေပါတယ်။ AA ရော ARSA ရောရခိုင်ပြည်နယ်ထဲက အစိုးရအချုပ်အခြာအာဏာစက်ဖြန့်ကျက်ရာ ရဲစခန်းနဲ့တပ်မတော်လုံခြုံရေးကင်းလှည့်အဖွဲ့တွေကို ချောင်းမြောင်းတိုက်ခိုက်တာတွေ၊ ပေါ်တင်တိုက်ခိုက်တာတွေကို လုပ်နေတာ တူနေပေမယ့် ထူးခြားတာက သူတို့အချင်းချင်း တစ်ကြိမ်မှ ထိတွေ့တိုက်ပွဲ မဖြစ်ထားတာပါပဲ။ ပိုပြီးထူးခြားတာက ရခိုင်နဲ့ဘင်္ဂါလီဟာ တစ်သက်လုံးမတည့်ကြမယ့်သူတွေ ဖြစ်နေပါလျှက်နဲ့တစ်နည်းအားဖြင့် ရခိုင်တွေဟာ ဘင်္ဂါလီတွေကို တစ်ဆင့်နိမ့်တွေ၊ ခိုင်းဘက်တွေအဖြစ်သတ်မှတ်ပြီး ရခိုင်အမျိုးသမီးတွေကို ထိကပါးရိကပါးလုပ်လာရင်တောင် လုံးဝသည်းမခံတဲ့အုပ်စုအဖြစ် အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်မှုရှိနေတဲ့ကြားက AA နဲ့ARSA တို့လားရာတူ နယ်မြေထဲမှာ ပွတ်တိုက်မှုတစ်ခုတောင် မဖြစ်တာဟာ သိပ်ကို စိတ်ဝင်စားစရာ နောက်ကွယ်ကဇာတ်လမ်းများ ရှိနေမလားလို့တွေးချင်မိပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ရခိုင်ပြည်နယ်ထဲကနေ ဖြတ်သန်းသွားတဲ့ ကျောက်ဖြူ-ကူမင်းပိုက်လိုင်းကြီးကို AA ရော ARSA တို့ပါ တစ်ကြိမ်တောင်ဖြစ်စေ၊ ကျည်ဆန်တစ်တောင့်တောင်ဖြစ်စေ သွားပြီးမကျစေတာပဲ ဖြစ်ပါတယ်။ တရုတ်ပိုင်တဲ့ ဒီပိုက်လိုင်းကြီးကိုသာ ပစ်ခတ်ဖောက်ခွဲလိုက်ရင် ရခိုင်ပြည်နယ်ဟာ တပ်မတော်အတွက်ရော အစိုးရအတွက်ပါ ထိန်းမရသိမ်းမရဖြစ်သွားနိုင်သလို AA နဲ့ARSA တို့လိုချင်တဲ့ အရှုပ်အထွေးမျိုးကစားကွက်မျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဘာကြောင့် တစ်ချက်တောင် မထိရဲကြသလဲဆိုတာ စဉ်းစားစရာပါ။ ထပ်ပြီး စိတ်ဝင်စားစရာကောင်းတာကတော့ ဘင်္ဂလားဒေ့ရှ်ဟာ တရားဝင်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို သူ့နယ်မြေထဲမှာ ခြေကုပ်မယူစေရဘူးလို့မကြာခဏ အသံကောင်းဟစ်ခဲ့ပေမယ့် မြန်မာလုံခြုံရေးတပ်တွေ ချောင်းမြောင်းပစ်ခတ်ခံနေရသမျှဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြစ်နေတာပါပဲ။ AA နဲ့ARSA တို့ရဲ့ငွေရလမ်းကြောင်းဖြစ်တဲ့ မူးယစ်ဆေးဝါးကိစ္စမှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်က အပြတ်အသတ်ငြင်းဆိုထားပေမယ့် ဘင်္ဂါလီဒုက္ခသည်စခန်းထဲမှာပါ မူးယစ်ဆေးတွေ မိနေတာက ဘယ်သူ့လက်ချက်လဲလို့ထပ်မေးစရာ ဖြစ်လာပြန်ပါတယ်။ အထူးခြားဆုံးကတော့ မြန်မာမှာလာပြီးအခြေစိုက်တဲ့ နိုင်ငံတကာသံရုံးတွေပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက တိုက်ခိုက်မှုမျိုးစုံလုပ်တဲ့အချိန်တိုင်းမှာ ဘယ်လိုအသံမှ မထွက်ခဲ့တာမျိုးပါ။ အထူးသဖြင့် အမေရိကန်သံရုံးက ဦးဆောင်ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့မဆုံးနိုင်သော ဖြစ်နိုင်ခြေအဆုံးသတ်
ရခိုင်ပြည်နယ် တိုးတက်ရေးဟာ တကယ်တော့ ထင်သလောက်မလွယ်ကူတော့ပါဘူး။ ဒါက ရှင်းလင်းစွာမြင်မိတဲ့ ရှုထောင့်အရပါ။ ရခိုင်ပြည်နယ်ထဲမှာ အကျိုးစီးပွားတွေက လာဆုံနေတဲ့အတွက် ကိုယ်ကျိုးစီးပွားတွေ ဆုံနေတဲ့နေရာတိုင်းဟာ ဖွံ့ဖြိုးတိုးတက်ဖို့အတားအဆီးတွေများစွာ ဖြစ်ပေါ်တတ်ပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသနဲ့ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိကို ကြည့်မြင်နိုင်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ တရုတ်ကလည်း အကျိုးစီးပွားတွေရှိပါတယ်။ အိန္ဒိယကလည်း ရှိပါတယ်။ တရုတ်ကို ဝန်းရံပိတ်ဆို့ချင်တဲ့ အမေရိကန်မှာလည်း သူတို့လိုချင်တဲ့ အကျိုးစီးပွားတွေရှိပါတယ်။ ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ကလည်း အစ္စလာမ်ပြည်နယ်ဖြစ်ရေးအကျိုးစီးပွားမျှော်လင့်ချက်တွေ ရှိပါတယ်။ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက်ဆိုတဲ့ ပုဝါကို ကောက်ခြုံလိုက်တဲ့ AA လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဆီမှာလည်း ကိုယ်ပိုင်အကျိုးစီးပွားရှိပါတယ်။ ရခိုင်တိုင်းရင်းသားနိုင်ငံရေးသမားတွေမှာလည်း ကိုယ်ပိုင်အကျိုးစီးပွားရှိပါတယ်။ အနီးကပ်ဆုံး ၂၀၂၀ ရွေးကောက်ပွဲနဲ့ရခိုင်မှာ မဲဆန္ဒနယ်မြေရဖို့မျှော်လင့်နေတဲ့ နိုင်ငံရေးပါတီတွေမှာလည်း ကိုယ်တိုင်မျှော်လင့်ထားတဲ့ အကျိုးစီးပွားရှိပါတယ်။ ရခိုင်ပြည်သူတွေကလည်း AA နဲ့ရခိုင်နိုင်ငံရေးသမားတွေဆီကနေ ဆင့်ပွားသွားတဲ့ မျှော်လင့်ချက်အကျိုးစီးပွားတွေ ရှိပါတယ်။ တပ်မတော်ကလည်း မြန်မာနိုင်ငံရေးမှာ ကယ်တင်ရှင်ကြီးဆိုတဲ့ ခေါင်းစဉ်နဲ့အတူ တိုင်းပြည်နယ်နိမိတ်တွေအားလုံးကို ထိန်းထားနိုင်ရမယ်ဆိုတဲ့ အကျိုးစီးပွားတွေ ရှိနေပြန်ပါတယ်။ ဒီလိုမျိုး ကိုယ်စီအကျိုးစီးပွားတွေ တန်းစီနေတဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၂၀ ပြီးသွားရင်တောင် ထိတွေ့တိုက်ပွဲတွေနဲ့အခြားသော မထင်မှတ်ထားတဲ့ ပဋိပက္ခတွေပါ ဆက်လက်ရှိနေဦးမယ်လို့ပဲ နိုင်ငံသားအားလုံးကို အသိလေး ပေးလိုက်ပါရစေ။ ကျွန်တော်တို့အားလုံး ဘာကိုလိုချင်သလဲဆိုတဲ့အပေါ်မှာ ဝိုင်းဝန်း ရှုမြင်တတ်ကြဖို့နဲ့ဝိုင်းဝန်းဖော်ဆောင်ပေးကြဖို့တာဝန်ရှိကြောင်းပါ။

    -  မ်ဳိးမင္း(မက်ည္းလဟာ) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။