Skip to main content
ဟိႏၵဴဇာတ္နိမ့္ မိလႅာသန္႔ရွင္းေရးလုပ္သားမ်ားရဲ႕ ဘဝကုိ အိႏၵိယဝန္ႀကီးခ်ဳပ္ မုိဒီ မ်က္ကြယ္ျပဳေန
Ads Block

ဟိႏၵဴဇာတ္နိမ့္ မိလႅာသန္႔ရွင္းေရးလုပ္သားမ်ားရဲ႕ ဘဝကုိ အိႏၵိယဝန္ႀကီးခ်ဳပ္ မုိဒီ မ်က္ကြယ္ျပဳေန

အိႏၵိယတြင္ ဂဂၤါျမစ္တြင္းေရခ်ဳိးပြဲေတာ္ႀကီးမွာ မိလႅာသန္႔ရွင္းေရးတာဝန္ယူခဲ့သူ ဇာတ္နိမ့္ အလုပ္သမားမ်ားအနက္မွ ၅ ေယာက္ဟာ ဝန္ႀကီးခ်ဳပ္မုိဒီနဲ႔ ေတြ႕ခြင့္ရခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ဟာ မၾကာမီလာေတာ့မယ့္ ၂၀၁၉ ဧၿပီ ေ႐ြးေကာက္ပြဲတြင္ လူထုေထာက္ခံမႈပုိရေစရန္အတြက္ မိလႅာအလုပ္သမားေတြကုိ ေလးစားအသိအမွတ္ျပဳေၾကာင္း ေဖၚျပသည့္အေနျဖင့္ တစ္ဦးခ်င္းရဲ႕ေျခေထာက္ေတြကုိ ေဆးေၾကာသုတ္သင္ေပးခဲ့ပါတယ္။
ထုိသုိ႔က်ိဳးႏြံျပခဲ့ေပမယ့္ အလုပ္သမားေတြဘက္ကေတာ့ အစုိးရရဲ႕ လစ္လ်ဴ႐ႈျခင္းကုိ စိတ္ပ်က္ သြားခဲ့ၿပီျဖစ္ေၾကာင္း မိလႅာအလုပ္သမားအေရးလႈပ္ရွားမႈ (SKA) ရဲ႕ ေခါင္းေဆာင္က ေျပာလာခဲ့ပါတယ္။

ဟိႏၵဴဇာတ္နိမ့္ မိလႅာသန္႔ရွင္းေရးလုပ္သားမ်ားရဲ႕ ဘဝကုိ အိႏၵိယဝန္ႀကီးခ်ဳပ္ မုိဒီ မ်က္ကြယ္ျပဳေန

၄င္းလုပ္သားေတြဟာ ႏုိင္ငံေရးမွာလႊမ္းမုိးျခယ္လွယ္ႏုိင္စြမ္း မရွိသေလာက္နည္းၿပီး မုိဒီဟာ ေနာက္ေ႐ြးေကာက္ပြဲမွာလည္း ႏုိင္ႏုိင္ေျခမ်ားေနပါတယ္။ ဒါေပမဲ့ ႏုိင္ငံေရးေဝဖန္သူေတြကေတာ့ မုိဒီ မိလႅာလုပ္သား ေတြ႕ဆုံပြဲဟာ အစုိးရရဲ႕ လစ္လ်ဴ႐ႈျခင္းနဲ႔ ဟန္ျပက်ိဳးႏြံျပျခင္းတုိ႔ရဲ႕ ဥပမာ တစ္ရပ္ျဖစ္ေၾကာင္း ေထာက္ျပလာခဲ့ၾကပါတယ္။
လက္ျဖင့္ သန္႔ရွင္းေရးလုပ္ေပးေနရတဲ့အျဖစ္ကို ယခုႏွစ္ကုန္အမီ တုိက္ဖ်က္ေပးမည္ဆုိေသာ ကတိကုိ မုိဒီအစုိးရ တည္ေစရန္ မိလႅာလုပ္သားေတြက သတိေပး၊ ေထာက္ျပေနၾကၿပီး ၄င္းတုိ႔အတြက္ ဂုဏ္သိကၡာရွိတဲ့အလုပ္မ်ိဳး ေျပာင္းလဲလုပ္ကုိင္ႏုိင္ရန္ စီစဥ္ဖန္တီးေပးေစလုိေၾကာင္း အေရးဆုိ ေနၾကပါတယ္။
လုပ္သားေတြဟာ အလုပ္ကန္ထ႐ုိက္မ်ားျဖင့္ က်က်နနလုပ္ကုိင္ရဖုိ႔ေဝးစြ မိလႅာက်င္းထဲ ဆင္းရာမွာေတာင္ အသက္ကယ္ပစၥည္း ဘာတစ္ခုမွမရပဲ လုပ္ကုိင္ရတာက မ်ားပါတယ္။ အခ်ိဳ႕ဆုိရင္ လက္ဗလာျဖင့္ က်ဳံးယူသန္႔ရွင္းေပးရၿပီး မုိဒီအစုိးရဟာ ထုိလုပ္သားေတြကုိ အေရးမႀကီးေသာေခါင္းစဥ္ အျဖစ္ ၄င္းတုိ႔ရဲ႕အစုိးရသက္တမ္းတစ္ေလွ်ာက္ မ်က္ကြယ္ျပဳထားခဲ့ပါတယ္။ 

ဟိႏၵဴဇာတ္နိမ့္ မိလႅာသန္႔ရွင္းေရးလုပ္သားမ်ားရဲ႕ ဘဝကုိ အိႏၵိယဝန္ႀကီးခ်ဳပ္ မုိဒီ မ်က္ကြယ္ျပဳေန

အစုိးရခန္႔မွန္းခ်က္အရ ထုိသုိ႔ လက္ျဖင့္က်ဳံးယူသန္႔ရွင္းေပးရသူ ၁၄,၀၀၀ မွ ၃၁,၀၀၀ ၾကား ရွိမည္ဟု ခန္႔မွန္းထားေပမယ့္ SKA ကေတာ့ လုပ္သား ၇၇၀,၀၀၀ ခန္႔ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ၄င္းတုိ႔အနက္ ၉၀ ရာခုိင္ႏႈန္းဟာ အမ်ိဳးသမီးေတြ ျဖစ္ၾကၿပီး အားလုံးဟာ ဇာတ္နိမ့္ ဒါလစ္ေတြ ျဖစ္ၾကပါတယ္။ ဟိႏၵဴဇာတ္ခြဲျခားမႈစနစ္ေၾကာင့္ ၄င္းတုိ႔ဟာ ထုိအလုပ္မွတပါး တျခားေ႐ြးခ်ယ္ခြင့္ မရွိသေလာက္နည္းပါးပါတယ္။
လြန္ခဲ့တဲ့ဆယ္ႏွစ္အတြင္း လုပ္သား ၁,၈၀၀ ခန္႔ဟာ ေအာက္ဆီဂ်င္ျပတ္လပ္မႈေၾကာင့္ မိလႅာက်င္း ထဲမွာ ေသဆုံးခဲ့ရပါတယ္။ ဒါလစ္ေတြကုိ ဖိႏွိပ္ေစခုိင္းၾကတဲ့အျပင္ အစုိးရကလည္း ၄င္းတုိ႔အေရးကုိ က်က်နနမကိုင္တြယ္ေပးေၾကာင္း SKA ေခါင္းေဆာင္က ေျပာပါတယ္။
၂၀၁၉ ဧၿပီလ ေ႐ြးေကာက္ပြဲမတုိင္မီ ေဖေဖၚဝါရီမွာ မုိဒီေျခေထာက္ေဆးေပးခဲ့တဲ့ လုပ္သားေတြ ကလည္း ၄င္းတုိ႔ရဲ႕အလုပ္အေပၚ ေက်နပ္ျခင္းမရွိကာ လက္ျဖင့္က်ံဳးယူသန္႔ရွင္းေပးရျခင္းမ်ိဳး ထပ္မလုပ္ရလုိေတာ့ေၾကာင္း ေျပာလာခဲ့ပါတယ္။
ထုိသုိ႔ လက္ျဖင့္သန္႔ရွင္းေပးရသူမ်ား ငွားရမ္းေစခုိင္းျခင္းကုိ အိႏၵိယဟာ တားျမစ္ထားေပမယ့္ သက္ေသစုေဆာင္းရန္ခက္ခဲတဲ့အျပင္ အစုိးရအဆက္ဆက္ကလည္း ဥေပကၡာျပဳထားေလ့ ရွိတဲ့အတြက္ ဥပေဒက်မ္းထဲပါ႐ုံမွ်သာ ရွိပါတယ္။ 

 - ZHO (အကုန္သိ သတင္းဌာန)

Unicode version

ဟိန္ဒူဇာတ်နိမ့် မိလ္လာသန့်ရှင်းရေးလုပ်သားများရဲ့ ဘဝကို အိန္ဒိယဝန်ကြီးချုပ် မိုဒီ မျက်ကွယ်ပြုနေ

အိန္ဒိယတွင် ဂင်္ဂါမြစ်တွင်းရေချိုးပွဲတော်ကြီးမှာ မိလ္လာသန့်ရှင်းရေးတာဝန်ယူခဲ့သူ ဇာတ်နိမ့် အလုပ်သမားများအနက်မှ ၅ ယောက်ဟာ ဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ မကြာမီလာတော့မယ့် ၂၀၁၉ ဧပြီ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုပိုရစေရန်အတွက် မိလ္လာအလုပ်သမားတွေကို လေးစားအသိအမှတ်ပြုကြောင်း ဖေါ်ပြသည့်အနေဖြင့် တစ်ဦးချင်းရဲ့ခြေထောက်တွေကို ဆေးကြောသုတ်သင်ပေးခဲ့ပါတယ်။
ထိုသို့ကျိုးနွံပြခဲ့ပေမယ့် အလုပ်သမားတွေဘက်ကတော့ အစိုးရရဲ့ လစ်လျူရှုခြင်းကို စိတ်ပျက် သွားခဲ့ပြီဖြစ်ကြောင်း မိလ္လာအလုပ်သမားအရေးလှုပ်ရှားမှု (SKA) ရဲ့ ခေါင်းဆောင်က ပြောလာခဲ့ပါတယ်။
၎င်းလုပ်သားတွေဟာ နိုင်ငံရေးမှာလွှမ်းမိုးခြယ်လှယ်နိုင်စွမ်း မရှိသလောက်နည်းပြီး မိုဒီဟာ နောက်ရွေးကောက်ပွဲမှာလည်း နိုင်နိုင်ခြေများနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဝေဖန်သူတွေကတော့ မိုဒီ မိလ္လာလုပ်သား တွေ့ဆုံပွဲဟာ အစိုးရရဲ့ လစ်လျူရှုခြင်းနဲ့ ဟန်ပြကျိုးနွံပြခြင်းတို့ရဲ့ ဥပမာ တစ်ရပ်ဖြစ်ကြောင်း ထောက်ပြလာခဲ့ကြပါတယ်။
လက်ဖြင့် သန့်ရှင်းရေးလုပ်ပေးနေရတဲ့အဖြစ်ကို ယခုနှစ်ကုန်အမီ တိုက်ဖျက်ပေးမည်ဆိုသော ကတိကို မိုဒီအစိုးရ တည်စေရန် မိလ္လာလုပ်သားတွေက သတိပေး၊ ထောက်ပြနေကြပြီး ၎င်းတို့အတွက် ဂုဏ်သိက္ခာရှိတဲ့အလုပ်မျိုး ပြောင်းလဲလုပ်ကိုင်နိုင်ရန် စီစဉ်ဖန်တီးပေးစေလိုကြောင်း အရေးဆို နေကြပါတယ်။
လုပ်သားတွေဟာ အလုပ်ကန်ထရိုက်များဖြင့် ကျကျနနလုပ်ကိုင်ရဖို့ဝေးစွ မိလ္လာကျင်းထဲ ဆင်းရာမှာတောင် အသက်ကယ်ပစ္စည်း ဘာတစ်ခုမှမရပဲ လုပ်ကိုင်ရတာက များပါတယ်။ အချို့ဆိုရင် လက်ဗလာဖြင့် ကျုံးယူသန့်ရှင်းပေးရပြီး မိုဒီအစိုးရဟာ ထိုလုပ်သားတွေကို အရေးမကြီးသောခေါင်းစဉ် အဖြစ် ၎င်းတို့ရဲ့အစိုးရသက်တမ်းတစ်လျှောက် မျက်ကွယ်ပြုထားခဲ့ပါတယ်။ 
အစိုးရခန့်မှန်းချက်အရ ထိုသို့ လက်ဖြင့်ကျုံးယူသန့်ရှင်းပေးရသူ ၁၄,၀၀၀ မှ ၃၁,၀၀၀ ကြား ရှိမည်ဟု ခန့်မှန်းထားပေမယ့် SKA ကတော့ လုပ်သား ၇၇၀,၀၀၀ ခန့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ကြပြီး အားလုံးဟာ ဇာတ်နိမ့် ဒါလစ်တွေ ဖြစ်ကြပါတယ်။ ဟိန္ဒူဇာတ်ခွဲခြားမှုစနစ်ကြောင့် ၎င်းတို့ဟာ ထိုအလုပ်မှတပါး တခြားရွေးချယ်ခွင့် မရှိသလောက်နည်းပါးပါတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း လုပ်သား ၁,၈၀၀ ခန့်ဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် မိလ္လာကျင်း ထဲမှာ သေဆုံးခဲ့ရပါတယ်။ ဒါလစ်တွေကို ဖိနှိပ်စေခိုင်းကြတဲ့အပြင် အစိုးရကလည်း ၎င်းတို့အရေးကို ကျကျနနမကိုင်တွယ်ပေးကြောင်း SKA ခေါင်းဆောင်က ပြောပါတယ်။
၂၀၁၉ ဧပြီလ ရွေးကောက်ပွဲမတိုင်မီ ဖေဖေါ်ဝါရီမှာ မိုဒီခြေထောက်ဆေးပေးခဲ့တဲ့ လုပ်သားတွေ ကလည်း ၎င်းတို့ရဲ့အလုပ်အပေါ် ကျေနပ်ခြင်းမရှိကာ လက်ဖြင့်ကျုံးယူသန့်ရှင်းပေးရခြင်းမျိုး ထပ်မလုပ်ရလိုတော့ကြောင်း ပြောလာခဲ့ပါတယ်။
ထိုသို့ လက်ဖြင့်သန့်ရှင်းပေးရသူများ ငှားရမ်းစေခိုင်းခြင်းကို အိန္ဒိယဟာ တားမြစ်ထားပေမယ့် သက်သေစုဆောင်းရန်ခက်ခဲတဲ့အပြင် အစိုးရအဆက်ဆက်ကလည်း ဥပေက္ခာပြုထားလေ့ ရှိတဲ့အတွက် ဥပဒေကျမ်းထဲပါရုံမျှသာ ရှိပါတယ်။ 

- ZHO (အကုန်သိ သတင်းဌာန)

Ref;Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။